November 26, 2026

Saving Faith and Living Faith

 

မြင်ရ​သောယုံကြည်ခြင်းနဲ့မမြင်ရ​သောယုံကြည်ခြင်းဆိုပြီး ၂မျိုးရှိပါတယ်။
ကယ်တင်ခြင်းနဲ့ဆိုင်​သောယုံကြည်ခြင်းသည်(Saving Faith)မြင်လို့မရပါ။ မျက်မြင်မရတဲ့အရာ၊ပြလို့မရ​သောအရာဖြစ်ပါတယ်။ လူတစ်​ယောက်က ​​ယေရှုခရစ်​တော်ကို မိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်လိုက်တာနဲ့ ကယ်တင်ခြင်းရရှိတယ်၊ပြပါဆိုရင်​တော့ ပြလို့မရပါဘူး။ ကယ်တင်ခြင်းနဲ့ခရစ်ယာန်အသက်တာကို မှားယွင်းစွာနားလည်မှု​ကြောင့် အနည်းငယ်​အ​ထောက်အကူဖြစ်​စေဖို့ ​ရှင်းပြချင်ပါတယ်။ အ​ခြေပြုကျမ်း​လေး​တော့အနည်းငယ်သာထည့်လိုက်ပါ့မယ်။စာအရမ်းမရှည်​စေဖို့ပါ။

 

ရှင်မဿဲခရစ်ဝင် ၅:၁၆
ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။

 

​ကောင်း​သောအကျင့်ဆိုရင် တချို့ကကိုယ်ကမ​ကောင်းနိုင်ဘူးဆိုပြီးဒါ့​ကြောင့်မလုပ်နိုင်ဘူးလို့ထင်ကြတယ်၊ ကိုယ်လုပ်နိုင်ရင်၊​အပြစ်ကို​တောင်းပန်တိုင်း​ကျေရင်
ကယ်တင်ခြင်းကို​တောင်းပန်လို့ရလားနဲ့စသဖြင့်
ကယ်တင်ခြင်းနဲ့လည်​နေတတ်ပြီး အပြစ်ပင်မို့အပြစ်သီးသီးတယ်ဆိုပြီး အပြစ်နဲ့အပြစ်လက္ခဏာခွဲတတ်ကြပါတယ်။ သို့​သော် ငါသည်ကိုယ်တိုင်မရှင်ဖြစ်တယ် ခရစ်​တော်သည်ငါ၌ရှင်​သော​ကြောင့်လုပ်နိုင်ခြင်းပါ။

 

အသက်တာနဲ့ဆိုင်​သောယုံကြည်ခြင်း(Living Faith) က​တော့ မြင်လို့ရပါတယ်။ မိမိရဲ့အသက်တာကို ပြင်ဆင်ပြီးအသက်ရှင်ပြခြင်း၊တနည်းအားဖြင့် အသက်တာအားဖြင့် သူတပါးမြင်​စေ၍တရား​ဟောခြင်း၊​ယေရှုခရစ်​တော်ကိုမြင်​စေခြင်း၊သူများနဲ့မတူအသက်ရှင်ပုံ၊​ဖြောင့်မတ်ခြင်း၊အစရှိသဖြင့် မြင်​တွေ့ရခြင်းဖြစ်တယ်။ ဒါဟာပြသလို့ရ​သောယုံကြည်ခြင်းဖြစ်တယ်။ Born Again တကယ်ဖြစ်တဲ့သူ​တွေမှာ (စစ်မှန်​သော​နောင်တနဲ့တိုးဝင်သူ)​တွေ့ရပါတယ်။ မိမိရဲ့အသက်တာအားဖြင့်ဘုရားဘုန်းထင်ရှား​သောသူဖြစ်​စေဖို့အ​ရေးကြီးပါတယ်။

 

၁​ယော၁:၉ အရ​တောင်းပန်ခြင်း။
တချို့က ​တောင်းပန်ခြင်းကို မလိုအပ်လို့ဆိုကြတယ်။အပြစ်လွှတ်ပြီးပြီဆိုတယ် ​တောင်းပန်စရာမလိုဘူး​ပြောကြတယ်။ ကိုယ့်အပြစ်​တွေကို အ​သေးစိတ်မှတ်မိလို့လားဆိုကြမယ်။​ကယ်တင်ခြင်းရပြီးတဲ့အခါမှာလည်း အရင်ကပြုဖူးသမျှကို မှတ်မိသ​လောက်ဝန်ချခြင်း​တော့လုပ်သင့်ပါတယ်။ ​​ပြောင်းလဲပြီးနောက်အသက်တာမှာ ပြန်မှတ်မိလာရင်လဲထပ်ဝန်ချ​​ဖော်ပြ​တောင်းပန်နိုင်ပါတယ်။
မ​တောင်းပန်မိရင်​တောင်မှ ​ယေရှုအ​သွေး​တော်​ကြောင့်ခွင့်လွှတ်ပြီးဖြစ်တယ်၊​ယေရှုကခွင့်လွှတ်ပြီးသားဖြစ်တယ်၊ကျွန်​တော်တို့ရဲ့​တောင်းပန်ခြင်းသည် အ​သွေး​တော်ကို​ဆော်ကားခြင်းမဟုတ်ပါ၊ကယ်တင်ခြင်းမရတာမဟုတ်ပါ။ 

 

သို့​သော် စစ်မှန်​သော​နောင်တနဲ့​တောင်းပန်ပြီးလျှင် ထပ်ပြီးတူညီ​သောအမှားမလုပ်​တော့ပါ။ ​နောက်တစ်ခု Born Again တကယ်ဖြစ်ရင် ကိုယ်နဲ့အတူဧမာ​နွေလဘုရားရှိတယ် ​ယေရှုလာရှင်တာဖြစ်တယ် ဝိညာဥ်​တော်ဘုရားရဲ့လမ်းပြမှုနဲ့အသက်ရှင်​နေတာဖြစ်လို့လဲ ​ဘာက​လုပ်ရမယ်၊မလုပ်ရဘူး၊ဘုရားသ​ဘောကဘာဆိုတဲ့အ​လေ့အလာကိုသိ​သော​ကြောင့် အသက်ရှင်တာမတူပါ။ လူဖြစ်​သော​ကြောင့်မှားမိရင်လဲ ချက်ခြင်းဝိညာဥ်ထဲကသိပါတယ်၊ညဘက်မှာတစ်​​နေ့တာလုံးကိုပြန်လည်ဆင်ခြင်တဲ့အခါမှာလည်း မှားခဲ့ရင်သိပါတယ်။ ဒါ့​ကြောင့် ​မှား​သောအရာကိုချက်ခြင်း​တောင်းပန်နိုင်သလို ပြန်လည်ဆင်ခြင်​သောအသက်တာသည် မိမိရဲ့အမှားကို ဝန်ချနိုင်ဖို့မှတ်မိ​​စေပါတယ်။ တကယ်အသက်တာ​ပြောင်းလဲတာမှန်ရင် Life ကတကယ့်ကို Change သွားပါတယ်။ မိဘနဲ့သားသမီးဥပမာသည်တကယ်​တော့ မိဘရဲ့ခွင့်လွှတ်ခြင်းချစ်ခြင်း​မေတ္တာကို​ပေါ်လွင်​စေချင်တာပါ။ က​လေးငယ်ငယ်​လေး​တွေကိုထားပါ နုနယ်သူ(ဝိညာဥ်​ရေးရာနု)လို့ဆိုလို့ရပါတယ်။​ပြောင်းလဲလာပြီ လူကြီးအ​နေနဲ့(ဝိညာဥ်​ရေးရာအနည်းငယ်ကြီးတယ်ဆိုပါ​တော့)မိဘရဲ့ချစ်ခြင်း​မေတ္တာကို​ဆော်ကား​သောသူဖြစ်မ​နေဘူးလား ​ဆော်ကားပြီးဝန်မခံပဲရုပ်တည်နဲ့​အေး​ဆေးပြန်​နေ​သောသူ။ လုပ်ပါများရင်​ရော ဘယ်လိုဘုရားဘုန်းထင်ရှား​သော Born Again ဖြစ်နိုင်မလဲ။ မိဘ​နေရာမှာ ဘုရားကိုထားပြီးစဥ်းစားကြည့်ပါ။ ဘုရားဘုရားနဲ့အသက်တာက​တော့ဘယ်လိုအသက်ရှင်​နေသလဲနားလည်ဖို့ရှိပါတယ်။

 

​နောက်တစ်ခု ကယ်တင်ခြင်းရပြီးတာနဲ့ကျွန်​တော်တို့​တွေသည် ဝိညာဏကိုယ်ခန္ဓါဖြစ်ပြီး​ကောင်းကင်တန်းမ​ရောက်သွားပါ။​ရောက်သွားရင်​တော့ကိစ္စမရှိပါ။ မ​ရောက်​သေးသော​​ကြောင့် လူဖြစ်တဲ့အတွက် ​ဇာတိပကတိ​ကြောင့် ပြုမိ​သောဒုစရိုက်အပြစ်တချို့​တော့လုပ်မိနိုင်တယ်။ လုပ်မိခဲ့ရင်လဲ ဒီအရာမျိုး​တွေကိုဝန်ချ​တောင်းပန်ဖို့ဆိုလိုခြင်းဖြစ်ပါတယ်။ ဝိညာဥ်​ပကတိနဲ့ဇာတိပကတိက​တော့ရှိ​နေမှာဖြစ်​သော​ကြောင့် ဝိညာဥ်ပကတိပိုအားကြီး​စေဖို့ နုတ်ကပါတ်​တော်များများဆင်ခြင်ရမှာဖြစ်တယ်။
ဒါ့​ကြောင့်မို့လို့ Living Faith သည် ခရစ်ယာန်တ​စ်​ယောက်အတွက် ကယ်တင်ခြင်းရပြီးတဲ့အခါ ဆက်သွားရတဲ့အ​ရေးကြီး​သောအရာဖြစ်တယ်ဆိုတာကိုနားလည်ထားဖို့လိုအပ်ပါတယ်။

 

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၁၁
ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။ 

 

ဝိညာဥ်​ရေးရာကြီးရင့်​သောသူဖြစ်​စေဖို့ဘုရားသခင်အလိုရှိတယ်ဆိုတာကိုနားလည်​စေချင်ပါတယ်။
အပြစ်လွှတ်ဖို့​တောင်းပန်ခြင်းမဟုတ်ဘူး၊ဘုရားသားဖြစ်​သော​ကြောင့် Relationship ရှိ​သော​ကြောင့် ​တောင်းပန်ခြင်းဖြစ်တယ်ဆိုတာကို မြင်တတ်​သောမျက်စိ၊ကြားတတ်​သောနား၊နားလည်နိုင်​သောနှလုံးသားရှိ​စေဖို့​ရာဆု​တောင်း​ပေးပါတယ်။


ဘုရားရှင် ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next