November 26, 2026

မြို့ရိုး၏တစ်ဘက်၌

ယောရှုတို့သည် ​​ယောဒန်မြစ်ကိုဖြတ်ကူးပြီးသည့်​နောက်တွင် ယေရိ​ခေါမြို့ကို ဦးစွာရင်ဆိုင်ရသည်။ ထိုမြို့သည် အင်မတန်ခိုင်ခန့်​သောမြို့ဖြစ်သည်။ အုပ်ရိုးမြို့ရိုး အင်မတန်​တောင့်တင်းလွန်းသည့်အတွက်​ကြောင့် ​ယေရိ​ခေါ်မြို့​နေ စစ်သည်​တော်တို့သည် ​အေး​ဆေးစွာ ​နေနိုင်ကြသည်ဟုလည်း ထင်ပါသည်။ 
ထိုမြို့ရိုးသည် နှစ်ထပ်ရှိပြီး မြင်းလှည်းနှစ်စီး ​အေး​ဆေးစွာ ​​ရှောင်​မောင်းလို့ရသည်ဟုပင် မှတ်တမ်းထင်ထားကြ​ပေသည်။ ထို့​ကြောင့်လည်း စစ်သည်တို့သည် ထိုအရာကိုအားကိုးပြီး ​အေး​ဆေးတည်ငြိမ်စွာ​နေကြသည်ဟုပင် မှတ်ယူမိပါသည်။ သူတို့၏ရန်သူများကို မြို့ရိုးအားကိုးနှင့် ​အေး​ဆေးစွာ ရင်ဆိုင်တိုက်လှန်နိုင်ခြင်း​ကြောင့်လည်း ထိုမြို့ရိုးကို အင်မတန်ယုံကြည် အားကိုးအားထားပြုကြ၍လည်း စစ်တိုက်ကြသည်ဖြစ်​ပေမည်။ 


ယ​နေ့မိတ်​ဆွေက​ရော ဘယ်​လောက်​တောင့်တင်းခိုင်မာ​သော အားထားရာကို ဘယ်​လောက်ထိ အားကိုး​နေမိပါသလဲဆိုတာကို ဆင်ခြင်ကြရ​အောင်လား။ သင့်ရဲ့ ချမ်းသာခြင်းကိုအားကိုးလွန်း​နေသလား၊ သင့်ရဲ့ ပညာ၊ သင့်ရဲ့ ဥာဏ်လား၊ သင့်ရဲ့ ဂုဏ်ဒြပ်​တွေကို အားကိုးလွန်း​နေသလား၊ သင့်ရဲ့ ရာထူးစည်းစိမ်​တွေ၊ သင့်ရဲ့ အာဏာကိုအားကိုးလွန်းသလား၊ သင့်ရဲ့ ခွန်အားဗလကိုလား၊ သင့်ရဲ့ လက်နက်ကိုအားကိုးလွန်း​နေသလား စသဖြင့် သင့်ရဲ့လက်ထဲမှာရှိတဲ့ ဘယ်အရာကို အားကိုးလွန်း​နေပါသလဲ။ ​ယေရိ​ခေါမြို့က​တော့ ​တောင့်တင်းခိုင်မာလွန်းတဲ့ အုပ်တံတိုင်းကြီးကို အားကိုးခဲ့ပါတယ်။ 


ယောရှုမှတ်စာ ၆:၂၀
ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကိုကြား၍ ကျယ်သောအသံနှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင်ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင်ပြီးလျှင် သိမ်းယူကြ၏။ 


ထို​တောင့်တင်းခိုင်မာလွန်းပါတယ်၊ မြင်းလှည်းနှစ်စီး​အေး​ဆေး ​ရှောင်​မောင်းနိုင်ပါတယ်ဟုဆိုသည့် မြို့ရိုးကြီးသည် ပြိုပျက်ခဲ့သည်။ ​ယေရိ​ခေါမင်းကြီးနှင့် မြို့သားတွေ၊ စစ်သည်​တွေအားကိုးထားသည့်မြို့ရိုးကြီးသည် ရုပ်ပျက်ဆင်းပျက် ပြိုလဲကာ တစ်စစီကျိုးပဲ့​ကြွေသွားခဲ့သည်မဟုတ်ပါလား။ 
​ယောရှုတို့ဘက်တွင် ထာဝရဘုရားသခင်အတူရှိခြင်း​ကြောင့် ခိုင်ခန့်လွန်းသည်ဟုဆိုသည့် ​ယေရိ​ခေါမြို့ရိုးကြီးမှာ​တော့ ပြိုလဲပျက်ဆီးခဲ့ရသည်။ ​ယောရှုတို့နှင့်အတူ ဘုရားသခင်အတူရှိခြင်း​ကြောင့် သူတို့အား​ ပေးမည်ဆိုသည့် မြို့ကြီးကိုရယူနိုင်ခဲ့သည်။ ထိုမြို့အားဖြင့် ကတိ​တော်​မြေကို စတင်ဝင်ခဲ့သည်။ ​"မော​ရှေနှင့်အတူငါရှိသကဲ့သို့ သင်နှင့်အတူငါရှိမည်" ဆိုသည့် ကတိ​​တော်သည် ထင်ရှားခဲ့သည်။ 


​ယေရိ​ခေါတို့မည်သည် သူတို့အားထားသည့် ​တောင့်တင်းလွန်း​သော မြို့ရိုးမှာ​တော့ ပြိုပျက်ရုံမကပဲ အရာအားလုံးဆုံးရှုံးခဲ့ရ​ပေသည်။ အဘယ်​ကြောင့်ဆို​သော် သူတို့မသိလိုက်သိမှာ​တော့ ထိုမြို့ရိုးကြီး၏ တစ်ဘက်၌ ဘုရားသခင်ရှိနေခြင်းပင်ဖြစ်သည် မဟုတ်ပါလား။ ယ​နေ့မိတ်​ဆွေ သင်သည် ​ယောရှုတို့ကဲ့သို့ ဘုရားသခင်ကိုသာ ကိုးစား​သောသူလား၊ ​ယေရိ​ခေါမြို့ကဲ့သို့ မြို့ရိုးကိုအားကိုးသူလား။ ​ယောရှုတို့ကဲ့သို့ မြို့ရိုးကိုပတ်​နေခြင်းလား၊ ​ယေရိ​ခေါတို့ကဲ့သို့ ပြိုလဲမည့်ဘက်ကလား၊ သင်တို့ဘက်၌ ဘုရားသခင်ရှိခြင်းလား၊ သင်တို့တစ်ဘက်၌ ဘုရားသခင်ရှိခြင်းလား နားလည်နိုင်ဖို့ရာဘုရားရှင်​ကောင်းကြီးရှိပါ​စေ။ 


သင်၏ခိုင်ခံ့ပါတယ်ဟုဆိုခြင်းသည် သင့်အားကိုးရာ ဘာဘာညာညာ​တွေမဟုတ်ပဲ "ဘုရားသခင်၏ လက်​​တော်သာ" ဖြစ်ပါ​စေ။ ယ​နေ့ ​အင်မတန်မှ တောင့်တင်းခိုင်မာပါသည်ဟု​​လေ့ရှိကြ​သော မိမိတို့၏ လုပ်ငန်း၊ မျိုးရိုး၊ လုပ်ပိုင်ခွင့်၊ စည်းစိမ်၊ ဂုဏ်ဒြပ်၊ ပညာ၊ အရည်အချင်း၊ အာဏာ၊ ပါဝါ၊ လက်နက်၊ ကာယ၊ အခွင့်တန်ခိုးပင်ဖြစ်ပါ​စေ ​ယေရိ​ခေါမြို့ရိုးကဲ့သို့ပင်ဖြစ်တတ်သည်ဟု နားလည်ကာ သမ္မာတရား၌ရပ်တည်ကြပြီး ဘုရားခင်ဘက်၌ရှိ​သောသူများဖြစ်ကြပါစို့။ 


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 


#Titus_KyawNyi 


Photo Crd: Internet

Previous Next