THE CREATOR

ကျွန်တော်ညနေမှာပိုင်းကားမောင်းသွားရင်းနဲ့ဆင်ခြင်မိတာလေးတစ်ခုကိုပြန်လည်ဝေမျှပေးချင်ပါတယ်။ လမ်းမကြီးပေါ်မှာကားတွေတန်းစီပြီးသွားနေကြပါတယ်။ ကားအမျိုးအစားတွေစုံလင်စွာနဲ့အရောင်ပေါင်းစုံပေါ့။ ကျွန်တော်တို့လူတွေလိုပါပဲ အသားအရောင် ၊ လူမျိုး ၊ ဘာသာတွေကွဲကြသလိုပါပဲ။
ကားတိုင်းကားတိုင်းမှာလုံးဝ သီးသန့်ဖြစ်တဲ့အရာ (Unique)ရှိပါတယ်။ Engine နံပါတ်တွေဘာတွေထားလိုက်ပါ။ မြင်ရတဲ့အရာကိုပြောရရင်ဖြင့် ကားနံပါတ်ပါပဲ။ အကြောင်းတစ်ခုခုဆိုလျှင် နံပါတ်ကိုသာပြေးမှတ်ကြတယ်မဟုတ်ပါလား။ ဒီနံပါတ်က ကညန ရုံးကထုတ်ပေးတာပါ။ သေချာစီစစ်ပြီးထုတ်ပေးသောကြောင့် မြန်မာနိုင်ငံမှာကားအများကြီးရှိပေမယ့် (Unique) ဖြစ်နေခြင်းဖြစ်ပါတယ်။ အကယ်၍သာသူတို့ကဖြစ်သလိုနံပါတ်ကိုထုတ်ပေးခဲ့လျှင် အကုန်ရှုပ်ကုန်မှာဖြစ်တယ်။ ကညနရုံးမှတာဝန်ရှိသူတွေ၏စနစ်တကျစီမံခဲ့မှုကြောင့်စနစ်ကျသော ကားနံပါတ်များမှာမထပ်ခဲ့ဘူးဆိုတာကိုကျွန်တော်တို့တွေလက်ခံရမှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့လူသားတွေဆီမှာလဲသူများနဲ့မတူသော Unique ဖြစ်တဲ့အရာတွေရှိတယ်ဆိုတာကိုသတိထားမိပါရဲ့လား။ အောက်ဆုံးတွင်လဲလေ့လာကြည့်လို့ရအောင် Link ထည့်ပေးထားပါတယ်။ သင့်ရဲ့လက်ဗွေရာကိုအခြားမည်သူမှမတူနိုင်သလို ၊ ကျွန်တော်တို့တစ်ယောက်ချင်းစီတိုင်းရဲ့ မျက်စိမှ Iris သည်လဲ Unique ဖြစ်ပေသည်။ လူသည်ဆင့်ကဲဖြစ်စဥ် ၊ သို့မဟုတ် တခြားအကြောင်းအရင်းတွေအမျိုးမျိုးမှသာဖြစ်ပေါ်လာလျင် သန်းပေါင်းများစွာသောလူတွေသည်ဤကဲ့သို့အစီအစဥ်ကျနေပါ့မလားဆိုတာနားလည်ဖို့ဖြစ်ပါတယ်။ စနစ်တကျတစ်ယောက်စီတိုင်းသာမဖြစ်ခဲ့လျှင် မည်သို့မှတ်ပုံတင်မှာလက်ဗွေသုံးမလဲ ၊ တခြားသောအရာတွေရောဘယ်လိုတွေတောင်ပရမ်းပတာဖြစ်ကုန်မလဲဆိုတာတွေးကြည့်ရင်ကြောက်စရာပါ။ လူကို စနစ်တကျဖန်တီးပေးသူဟာရှိကိုရှိရပါတော့မည်။ ဒါကို ဆာလံဆရာကယခုကဲ့သို့ပြောပါတယ်။
ဆာလံကျမ်း ၁၁၉:၇၃
ကိုယ်တော်၏ လက်တို့သည် အကျွန်ုပ်ကို ဖန်ဆင်း၍၊ ပုံသဏ္ဍာန်ကို ပေးတော်မူပြီ။ ပညတ်တော်တို့ကို အကျွန်ုပ်သင်နိုင်သော ဉာဏ်နှင့် ပြည့်စုံစေတော်မူပါ။
တချို့ကလဲ စင်္ကြဝဠာကြီးသည် Nothing (ဘာမှမရှိ)မှဖြစ်ပေါ်လာတယ်။ တချို့က အစကဘာမှမရှိဘူး အစကပရမ်းပတာဖြစ်နေရာကနေ မဟာပေါက်ကွဲမှုကြီး (Big Bang) မှဖြစ်လာတယ်ဆိုကြတယ်။ ဒီလိုမဟုတ်ဘူးဆိုတဲ့အဖြေကိုသိပ္ပံသဘောနဲ့ပြန်ရှင်းပြထားတာတွေလဲရှိပေမယ့်ပြီးခဲ့သောဥပမာ (၂)ခုကိုထပ်ခါထပ်ခါစဥ်းစားရင်သိနိုင်ပါတယ်။ နောက်ဥပမာတစ်ခုဆိုရအောင်။ စစ်ပွဲတွေဖြစ်တဲ့အခါမှာ နေရာတစ်နေရာကို ဗုံးကြဲတယ် ၊ ဗုံးပေါက်တယ်ဆိုပါစို့။ စနစ်တကျပေါက်ကွဲပါသလား။ မဟာပေါက်ကွဲမှုဆိုလျှင် အနုမြူဗုံးကြဲတာကိုဥပမာကြည့်ရအောင်။ အတော်ကိုလှပတဲ့နေရာတစ်ခုဖြစ်သွားပါသလားဆိုတာဆင်ခြင်ကြည့်ရင်သိနိုင်ပါတယ်။ ပေါက်ကွဲတယ်ဆိုကတည်းကစနစ်တကျဖြစ်စရာအကြောင်းမရှိပေ။ စင်္ကြဝဠာကြီးဆိုတာအင်မတန်စနစ်တကျဖွဲစည်းထားသောအရာဆိုတာလူတိုင်းသိကြသလို သိပ္ပံပညာတောင်လိုက်မမှီနိုင်သေးပါဘူး။ ကမ္ဘာကြီးရဲ့တိမ်းစောင်းမှု ၊ နေနဲ့လ ၊ အခြားသောဂြိုလ်များ စသဖြင့်စနစ်တကျလည်ပတ်နေခြင်းသည် ယခုချိန်ထိဆိုလျှင်မမှားပါဘူး။ ပေါက်ကွဲမှုတစ်ခုမှစတင်ခဲ့လျှင် ဒီလောက်တောင်စနစ်ကျနေပါ့မလားဆိုတာနားလည်ဖို့ရှိပါတယ်။ အကယ်၍လည်ပတ်နေရာမှတစ်ခုခုမှားယွင်းသွားလျှင် အကုန်တိုက်မိပြီးပျက်စီးသွားမယ်ဆိုတာအားလုံးအသိပဲမဟုတ်ပါလားခင်ဗျာ။ ဒါ့ကြောင့် နောက်ဆုံးပြောချင်တာကတော့ (Chaos)ပရမ်းပတာဖြစ်ခြင်း မှသည် ဘယ်တော့မှ (Systematically / Methodically) စနစ်ကျကျ နည်းလမ်းတကျဖြစ်မလာနိုင်ဘူးဆိုတာနားလည်ရတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
လူရဲ့ Unique ဖြစ်တဲ့အရာကိုဖော်ပြထားတဲ့ Link ပါ