November 26, 2026

​လောကဧည့်သည်

လောကကြီးထဲမှာ ​ကျွန်​တော်တို့လူသား​တွေဟာ ​မွေးလာတယ် ​သေသွားတယ်၊ ​မွေးလာတယ် ​သေသွားတယ်၊ ဒီလိုနဲ့သာ ဖြတ်သန်းသွားလာရင်း ​လောကကြီးကို စွန့်ခွာသွားကြတယ်ဆိုရင်လဲ မမှားပါဘူး။ လူသားတိုင်းသည် ဒီကမ္ဘာ​လောကကြီးရဲ့ ဧည့်သည်အဖြစ်သာ အသက်ရှင်​နေကြသည်မှာ ​မြေကြီးလက်ခတ်မလွဲ​ပေ။ 

​လောကမှာ များစွာ​သော အရာ​တွေဟာ လူ​တွေကို ဆွဲဆောင်နိုင်စွမ်း သူ့​နေရာနဲ့သူ အထိုက်အ​လျှောက်ရှိကြပါတယ်။ ဆိုလိုချင်တာက​တော့ တစ်​ယောက်နဲ့တစ်​ယောက် မိမိ၏ တပ်မက်မှုခြင်း မတူကြပါဘူး၊ ဥပမာ ... ​ငွေ​ကြေးဥစ္စာ၊ စည်းစိမ်အာဏာ၊ ပညာဂုဏ်ဓန၊ ​ယောကျ်ားမိန်းမ၊ နာမည်ကြီးခြင်း၊ ​အောင်မြင်ခြင်း အစရှိသဖြင့် တစ်ဦးနှင့်တစ်ဦး စွဲလမ်းမှု တပ်မက်မှုဟာ ရှိတတ်ကြ​ပေတယ် မဟုတ်ပါလား။

ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၂:၁၁
ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။ 

ကျွန်​တော်တို့ ယုံကြည်သူ​တွေမှာလဲ ထိုကဲ့သို့ အကျင့်စရိုက်ဟာ ရှိတတ်ကြပါတယ်၊ ဒါ့​ကြောင့်မို့လို့ တမန်​တော်ကြီး ရှင်​ပေါလုက သတိ​ပေးထားခဲ့ပါတယ်။ ချစ်သူတို့ဟုဆိုရာတွင် သာမန်​လောကသား​တွေကို ဆိုလိုခြင်းမဟုတ်ပဲ ယုံကြည်သူများကိုသာ ဆိုလိုခြင်းဟု နားလည်ရပါတယ်။

ဇာတိအရာ​တွေကို တပ်မက်ခြင်း၊ ​လောကအရာ ​မြေကြီးအရာကိုသာ စွဲလမ်း​နေခြင်းသည် ဝိညာဥ်​ရေးရာကို ဆန့်ကျင်​နေ​ပေသည်။ ထို့​ကြောင့် ဝိညာဥ်​သ​ဘော မရှိခြင်းသို့ သက်​ရောက်​စေလာပြီး ဇာတိသ​ဘောသာ ကြီးစိုးလာနိုင်​သော​ကြောင့် ထိုကဲ့သို့​သော ​မြေကြီးအရာ​တွေကို တပ်မက်ခြင်း၊ မိမိ၏ ဇာတိ​သ​ဘောတွေကို ​သေ​စေကြဖို့ရာလဲ ပြင်းပြင်းထန်ထန် သတိ​ပေးထားခဲ့​ချေသည်။

​ကျွန်​တော်တို့ ယုံကြည်သူ​​တွေသည် ဒီ​လောကနှင့် မသက်ဆိုင်​ကြောင်း ဧည့်သည် အဖြစ်သာလာ​နေကြခြင်းဖြစ်သည်ကို သတိပြု၍ ဆင်ခြင်​နေသင့်​ပေသည် မဟုတ်ပါလား။ ​လောကအရာ​တွေသည် ​လောကတွင်​နေထိုင်စဥ်တွင်​တော့ လိုအပ်ပါသည်၊ သို့​သော် ထိုအရာများကို ဦးစား​ပေးလွန်းခြင်း၊ စွဲလမ်းလွန်းခြင်း​တွေ၊ တပ်မက်လွန်းခြင်း​တွေသည် ဧည့်သည်ဖြစ်​သော ယုံကြည်သူများနှင့် အက်စပ်ပါရဲ့လားဆိုတာကို​တော့ ဆင်ခြင်စရာပင်ဖြစ်​​ချေသည်။

​မြေကြီးအရာ​တွေသည် မိမိတို့၏ တမလွန်သို့ယူ​​ဆောင်သွား၍လဲ မရနိုင်သည်ကို မ​မေ့သင့်​ပေ။ ​လောကတွင် ဧည့်သည် ဖြစ်​သော ယုံကြည်သူများက​တော့ ဝိညာဥ်​ရေးရာ ဆိုင်ပြိုင်တိုက်လှန်ခြင်းကိုသာ ​ရှေးရှု၍ ဇာတိသ​ဘော​တွေကို သတ်လို့၊ တပ်မက်ခြင်း​တွေကို ချိုးနှိမ်ပြီး၊ ​မြေကြီးအရာ​တွေကို ချုပ်တည်းကာ ဝိညာဥ်​ရေးရာကြီးရင့်သန်မာလာသူများ ဖြစ်​စေကြပြီး ​သခင်ယေရှုခရစ်​တော်ကိုသာ ဗဟိုပြုပြီး အသက်ရှင်​သော ​လောကဧည့်သည် အဖြစ်ရှင်သန်ကြပါစို့ဟု အနည်းငယ်​​ ဝေမျှ တိုက်တွန်း ခွန်အား​ပေးလိုပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next