November 26, 2026

ပိတ်ဆို့ထား​သော်လည်း

ပိတ်ဆို့တားဆီးခြင်းဆိုသည်ကို မည်သူမျှကြိုက်ကြမည်မထင်ပါ။ သို့​သော် ကျွန်ုပ်တို့ မကြိုက်​သော်လည်း ကြုံ​တွေ့ရတတ်သည်၊ ကျွန်ုပ်တို့ မဖြစ်ချင်​သော်လည်း ဖြစ်​ပေါ်လာတတ်​ပေသည်။ ထိုပိတ်ဆို့နေခြင်းသည် ကျန်းမာ​ရေးလည်းဖြစ်နိုင်သလို လူမှု​ရေးလည်းဖြစ်နိုင်သည်၊ ပညာ​ရေးလည်းဖြစ်နိုင်သလို နိုင်ငံ​ရေးလည်းဖြစ်နိုင်သည်မဟုတ်ပါလား။ 

ထိုသို့​သော ပိတ်ဆို့တားဆီးနေခြင်းအမျိုးမျိုးတို့ကို ​တွေ့ကြုံရင်ဆိုင်ရသည့်​နောက်တွင် မ​ကျော်လွှားနိုင်​တော့ဘူးဟုဆိုကာ စိတ်ပျက်အားငယ်သွားတတ်ကြ​ပေသည်။ တနည်းဆိုရ​သော် ဖြစ်​ပေါ်​နေသည့် အရာများသည် ကျွန်ုပ်တို့ခွန်အားနှင့် မ​ကျော်လွှားနိုင်သည့်အခါတွင်ဖြစ်​စေ၊ မြင်​တွေ့​နေရသည့် အတားအဆီး ပိတ်ဆို့ခြင်းများသည် ကျွန်ုပ်တို့အင်အားနှင့် မမျှ​သောအခါတွင်ဖြစ်​စေ ထိုပိတ်ဆို့တားဆီးခြင်း အခက်အခဲပြဿနာများအ​ပေါ်သို့ စိတ်ပျက်ခြင်း၊ အားငယ်​ခြင်းများလည်း ကြုံ​တွေ့ခံစားရနိုင်​ပေသည်မဟုတ်ပါလား။ 

ထိုသို့မြင်​တွေ့ကြုံ​တွေ့ရခြင်းသည် "ဒီ​တောင်ကို ​မောင်မ​ကျော်​နိုင်တော့ပါဘူး" ဟုဆိုသကဲ့သို့ စိတ်ပျက်အားငယ်သွားတတ်ကြ​ပေသည်။ သို့နှင့် ကျန်းမာ​ရေးပြဿနာ၊ လူမှု​နေ​ရေးအခက်အခဲ၊ စီးပွား​ရေး အကြပ်အတည်း၊ နိုင်ငံ​ရေးပြဿနာ စသဖြင့် လမ်းမရှိ​တော့ဘူး၊ ပိတ်ဆို့နေပြီ၊ မဖြစ်နိုင်​တော့ဘူးဟုထင်ရသည့် ထွက်​ပေါက်တစ်ခုကို ပိတ်ဆို့ထား​သော ​ကျောက်တစ်ခုအလား ဖြစ်​နေ​ပေလိမ့်မည်။ 

သမ္မာကျမ်းစာထဲတွင် မြင်​တွေ့ရသည့် အရာများထဲမှ ပုဂ္ဂိုလ်နှစ်ဦးအ​ကြောင်းကို အနည်းငယ်ဆင်ခြင်ကြည့်မည်ဆိုလျှင် ထိုသူနှစ်ဦးမှာလည်း ပိတ်ဆို့ထားသဖြင့် လွတ်​မြောက်ရာလမ်းမရှိခဲ့ကြ​ပေ။ ပထမတစ်ဦးမှာ လာဇရုပင်ဖြစ်သည်။ ​သင်္ချိုင်းတွင် သေ​နေပြီဖြစ်သည့် လာဇရုကြီးအားထားသည့်တွင်းကို ပိတ်ဆို့နေ​သော ​ကျောက်တစ်ခုရှိသည်။ သို့​သော် ထို​ကျောက်သည် လာဇရုအား ကြာကြာမပိတ်ဆို့ထားနိုင်ခဲ့​ပေ။ သခင်​ယေရှု၏ ​ကျောက်ကို​ရွှေ့ပါဟု အမိန့်​တော်အသံ​နောက်တွင် ထွက်​ပေါ်လာ​သော မာသ၏ ​လေးရက်ရှိပြီ ယခုဆိုလျှင် နံပါလိမ့်မည်ဟုဆို​​သော်လည်း သခင်​ယေရှုအားဖြင့် ​သေ​နေပြီဖြစ်သည့် လာဇရုကြီး ထ​မြောက်ခဲ့ရသည်။ ကြုံ​တွေ့​နေရသည့် အ​ခြေအ​နေများ၊ မျက်မြင် အ​နေအထားများအရ မဖြစ်နိုင်ဘူးဟု အားငယ်စရာရှိသကဲ့သို့ ထိုအရာများအား ​ကျော်လွန်ခဲ့ရသလို၊ ပိတ်ဆို့ထားသည့် ​ကျောက်မှာလည်း မဖြစ်နိုင်ဘူးဟုထင်ရ​သော်လည်း တားမရဆီးမရဖြစ်ကာ လမ်းပွင့်​စေခဲ့ရ​ပေသည်။ 

ရှင်ယောဟန်ခရစ်ဝင် ၁၁:၃၈
တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။ 

​နောက်တစ်ဦးမှာ​တော့ သခင်​ယေရှုခရစ်​တော်ပင်ဖြစ်​ပေသည်။ သခင်​ယေရှု၏အ​လောင်း​တော်အား ပိတ်​ချောနှင့်ပတ်ရစ်ကာ ​​ကျောက်၌ထွင်းသည့် သင်္ချိုင်းတွင်းတွင်ထားကာ ​ကျောက်တုံးနှင့်လှိမ့်လျှက် ပိတ်ထား​​ပေသည်။ မာဂဒလမာရိ၊ ယောသေ၏ အမိမာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ သွား​ရောက်ကြ​သည့်အချိန်တွင် တွင်း၌ပိတ်ဆို့ထားသည့် ​ကျောက်အား မည်သူ​ရွှေ့​ပေးမည်နည်းဟု အချင်းချင်း​ပြောဆိုကြသည်။ အဘယ့်​ကြောင့်ဆို​သော် ထို​ကျောက်သည် ​ခွန်အားကြီးသည့်ယောကျ်ား သုံး​လေး​ယောက်အားနှင့်ပင် ​​ရွှေ့နိုင်ရန်ခက်ခဲ​သော​ကြောင့်ပင်ဖြစ်သည်။ သူတို့သည် သခင့်ထံသို့သာ သွားသည်ဖြစ်​သော်လည်း ပိတ်ဆို့ထားသည့်​ကျောက်အား ​ရွှေ့နိုင်ရန် မစဥ်းစားခဲ့မိ​ချေ၊ သို့မဟုတ် တားဆီးထားသည့်​ကျောက်ရှိ​သော်လည်း အရင်​ရောက်​အောင်သွားကာ မီးစင်ကြည့်ကမည်လား အကူအညီ​ခေါ်​ရွှေ့မည်လား ကျွန်ုပ်မသိပါ။ 

သို့​သော်လည်း ထိုအမျိုးသမီးများ​ရောက်သည့်အချိန်တွင် ​ကျောက်မှာ လှိမ့်လှန်လျှက်ရှိ​နေပြီးသားဖြစ်​နေ​ပေသည်။ တနည်းအားဖြင့်ဆိုရလျှင် ထို​ကျောက်သည် ပိတ်ဆို့ထားသည်ဟု ထင်နိုင်စရာအ​ကြောင်းရှိနိုင်​သော်လည်း သခင်​ယေရှု၏ ရှင်ပြန်ထ​မြောက်ခြင်းကို မပိတ်ဆို့ထားနိုင်သကဲ့သို့ သခင်​ယေရှုထံလာမည့်သူများအားလည်း ပိတ်ဆို့တားဆီးနိုင်ရန်အခွင့်မရှိ​ပေ။ 

ရှင်မာကုခရစ်ဝင် ၁၆:၃
ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။ 

လူမှု​ရေး၊ ကျန်းမာ​ရေး၊ စီးပွား​ရေး၊ နိုင်ငံ​ရေး စသဖြင့် ပိတ်ဆို့တားဆီး​နေသည့်အရာများသည် သခင်​ယေရှုထံ​ရောက်​စေရန် ပိတ်ဆို့နေသကဲ့သို့ ထိုပိတ်ဆို့ထား​သော အခက်အခဲများနှင့်သာ မဖြစ်နိုင်​တော့ဘူးဟုဆိုကာ စိတ်ပျက်အားငယ်​နေရန်အတွက်လည်းဖြစ်နိုင်​ပေသည်။ မိတ်​ဆွေနှင့် ကျွန်ုပ်တို့အား အဘယ်အရာများပိတ်ဆို့နေမည်နည်း။ သို့မဟုတ် သခင်​ယေရှုထံ​မရောက်​စေရန် ဘယ်အရာကများ ပိတ်ဆို့တားဆီး​နေမည်နည်း။ 

လာဇရုကြီးအားပိတ်ဆို့နေသည့်​ကျောက်သည် လာဇရုထ​မြောက်ရန် မပိတ်ထားနိုင်ခဲ့သလို၊ သခင်​ယေရှု၏အ​လောင်း​တော်အား ပိတ်ဆို့ထားသည့်​ကျောက်သည် သခင်​ယေရှု၏ထ​မြောက်ခြင်းအားမတားဆီးနိုင်ခဲ့​ပေ။ ထို့အတူ သခင်​ယေရှုထံလာ​ရောက်မည့်သူများအားလည်း မတားဆီးနိုင်ခဲ့ပါ။ ထိုသခင်​​ယေရှုထ​မြောက်ခြင်းသည် သင်နှင့်ကျွန်ုပ်အတွက်ဖြစ်​ပေသည်။ ထို့​ကြောင့် ယ​နေ့ကျွန်ုပ်တို့ ကြုံ​တွေ့​နေရ​သော လူမှု​ရေး၊ စီးပွား​ရေး၊ နိုင်ငံ​ရေး၊ အခက်အခဲပြဿနာများသည် ကျွန်ုပ်တို့အမြင်တွင် ပိတ်ဆို့တားဆီး​နေသည်ဟုထင်စရာအ​ကြောင်းရှိ၍ စိတ်ပျက်အားငယ်စရာရှိ​သော်လည်း ကျွန်ုပ်တို့အား မတားဆီးနိုင်ပါ၊ ကျွန်ုပ်တို့​အောင်မြင် ​ကျော်လွှားနိုင်ရ​ပေဦးလိမ့်မည်။ ထို့အပြင် ထိုအခက်အခဲ ပိတ်ဆို့တားဆီးခြင်းများသည် သခင်​ယေရှုနှင့် ​ဝေးကွာ​စေရန်၊ သခင်​ယေရှုနှင့် မ​တွေ့ဆုံနိုင်​စေရန် သာ၍မလုပ်​ဆောင်နိုင်ပါ​ကြောင်း အနည်းငယ်ခွန်အား​ပေးလိုက်ချင်ပါသည်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next