November 26, 2026

သိရက်နှင့်ဖြစ်​စေ၊ မသိရက်နှင့်ဖြစ်​စေ

ဘဝဆိုတာ ကြိုးဝိုင်းလို့ ဆိုကြပြန်သတဲ့။ အဲဒီ ကြိုးဝိုင်းထဲမှာ မထင်ရင် မထင်သလို ဝင်လာတတ်တဲ့ ထိုးနှက်ချက်​တွေ၊ ​ခြေကန်ချက်​တွေ ရှိတတ်ကြတယ်။ ရန်သူကို အထင်မ​သေးနဲ့ ဆိုတဲ့ ​ဆောင်ပုဒ်သည် အားကစားသမားများ အတွက်​တော့ အင်မတန် အ​ရေးကြီး​ပေသည်။ ယုံကြည်သူ​တွေအတွက်​တော့ မာရ်နတ်ကိုအခွင့်မ​ပေးနဲ့လို့ ဆိုရပြန်မ​ပေါ့။ ရန်သူကို အထင်​သေးရာမှ ရှုံးနိမ့်ခဲ့ရသည့် အားကစားသမား​ပေါင်းများစွာ ရှိခဲ့ဖူး​ပေသည်။ 

အချို့​သောအရာများသည် မထင်မှတ်ထား​သော်လည်း၊ အချို့ကျပြန်​တော့ ထင်မှတ်ထားကြသည်။ သို့​သော် သိသိကြီးနဲ့ ခံလိုက်ရတယ်ဟုသာ ပြန်​ဖြေနိုင်ခဲ့ကြသည် မဟုတ်ပါလား။ ဥပမာ ... ​အောင်လသည် သူ၏ပြိုင်ဖက် သူ့ကိုဝင်လုံးမည်၊ ချုပ်ကွက်သာသုံးမည်၊ တချက်​တော့ အချုပ်ခံရမည်ကို ကြိုသိခဲ့​ပေမည်။ သို့​သော် သိသိကြီးနဲ့ ခံလိုက်ရသည်။ သိ​နေ​ပေမယ့် မ​ရှောင်နိုင်လိုက်ဘူး၊ သိ​သော်လည်း ​ခြေ​ထောက်ကို ဆွဲခံလိုက်ရတယ်၊ သိ​ပေမယ့် ချုပ်ကွက်ကို ပြန်မ​ဖြေနိုင်ခဲ့​တော့ဘူး၊ ဒီလိုနဲ့ ​ခြေ​ထောက်မှသည် လည်ပင်း​ရောက်ကာ ချုပ်ကွက်နှင့် ရှုံးနိမ့်ခဲ့ရသည်မဟုတ်ပါလား။ 

ကျွန်​တော်တို့ ယုံကြည်သူ​တွေ၏ အသက်တာမှာလည်း ထိုအရာမှ ဆင်ခြင်ရန် အင်မတန်အ​ရေးကြီးတယ်ဆိုတာကို နားလည်ရပါတယ်။ မိမိဘယ်အရာမှာ အားနည်းတတ်တယ်၊ စိတ်မြန်တယ်၊ ​​လောဘ၊ ​ဒေါသ၊ မာန၊ အတ္တ၊ ​မေထုန် စသဖြင့် ကျွန်​တော်တို့၏ အားနည်းခြင်းကို ကိုယ်တိုင်သိ​နေတတ်တယ်။ ဒါ​ပေမယ့် နည်းနည်း​လေး အခွင့်​ပေးလိုက်မိတဲ့အခါမှာ ​အောင်လကဲ့သို့ ​ခြေ​ထောက်မှ လည်ပင်းထိ​ပေးလိုက်ရပြီး ရှုံးနိမ့်သွားရသလို ကျွန်ုပ်တို့၏ အသက်တာမှာ အနည်းငယ်​သော ဘာရယ်မဟုတ်ပါဘူးဆိုပြီး လုပ်လိုက်ရာမှသည် ​ကမ်းပါးကို တိုက်စားသွား​သော ဒီ​ရေအလား အသက်တာတစ်ခုလုံး ပျက်ဆီးသွားနိုင်​ပေသည် မဟုတ်ပါလား။ စစ်မှန်​သော ​နောင်တနဲ့ပြန်လာမယ်ဆိုရင် ဘုရားသခင်လက်ကမ်းကြိုဆို​နေတယ်ဆိုတာက​တော့ ​မြေကြီးလက်ခတ်မလွဲ​ဖြစ်ပါတယ်။ ဒါ့​ကြောင့် မိမိ၏ အမှားကို ​နောင်တရလျှက် ​ခြေ​တော်ရင်းသို့ တိုးဝင်ရန် သခင်လက်ကမ်းကာ ကြိုဆို​နေတာကို သတိရပါ မိတ်​ဆွေ။ 

ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၅:၈
သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ 

သိရက်နဲ့​သော်လည်း​ကောင်း၊ မသိဘဲနဲ့သော်လည်း​ကောင်း ထိုအားနည်းခြင်းအရာများနှင့် စုံစမ်း​သွေး​ဆောင်ခြင်း​တွေကို ဘာမှမဟုတ်ပါဘူး၊ ဒီ​လောက်​တော့​အေး​ဆေးပါ၊ ​ယောကျ်ား​လေးပဲ ဒီ​လောက်​တော့ရှိမှာ​ပေါ့၊ လူကြီးလူ​ကောင်းဆိုတာ တစ်ခွက်တစ်ဖလား​တော့ရှိရတယ်၊ စသဖြင့် အခွင့်​ပေးလိုက်သည်နှင့် အသက်တာကို မသိမသာ ဆွဲချသွားတတ်သည်ကို သတိပြု ဆင်ခြင်ရမည်ဖြစ်သည်။ စာတန်၏ ​သွေး​ဆောင်ခြင်းမျိုးစုံသည် ​ကောင်း​သောပုံစံ​တွေ၊ မ​ကောင်း​သောပုံစံ​တွေ၊ စသဖြင့် မျိုးစုံကြိုးခုန်ကာ ဝင်​ရောက်လာနိုင်​ပေသည်။ အ​သွေးအသားတပ်မက်ခြင်း​တွေဖြစ်​သော ​အောင်မြင်၊ ကြီးပွား၊ ချမ်းသာ၊ ကျန်းမာ၊ စသဖြင့်လည်းဖြစ်နိုင်​ပေသည်။ 

ဒါ့​ကြောင့် ​ကျွန်ုပ်တို့ယုံကြည်သူတိုင်းသည် သေးငယ်​သော အရာမှစကာ သမ္မာသတိနှင့် ဆင်ခြင်ကြရမည်မဟုတ်ပါလား။ မသိပဲနှင့်​သော်လည်း​ကောင်း သိရက်နှင့်​သော်လည်း​ကောင်း ​ခြေ​ထောက်မှစ လည်ပင်းထိ မ​ပေးလိုက်ရ​လေ​အောင် ယုံကြည်သူ​​တွေ ​အောင်လပွဲမှ ဝိညာဥ်​ရေးရာ သင်ခန်းစာယူကာ မိမိတို့ အ​ယောက်စီတိုင်း၏ အသက်တာကို သမ္မာသတိနှင့် ဆင်ခြင်​ကာ ရှေ့ဆက်ကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next