November 26, 2026

အချိန်မလွန်ခင်

ကျွန်​တော် Facebook သုံး​နေရင်းနဲ့ Memory တစ်ခု notification တက်လာခဲ့တယ်။ ၂၀၁၉ တုန်းက ဒီ​နေ့ဒီအချိန်မှာ သင်္ကြန်ကျမ်းစာသင်တန်း​ကြေညာ​လေးတစ်ခုကို ဘုရား​ကျောင်း Page မှာ​ကြေညာ​ပေးခဲ့တာ​လေးပြန်​ပေါ်လာတဲ့အခါမှာ ဆင်ခြင်မိတာ​လေး​တွေဖြစ်လာခဲ့ပါတယ်။ ဒါ​လေး​တွေကို ပြန်လည်​ဝေမျှသက်​သေခံ​ပေးချင်ပါတယ်။

အခုလိုအချိန်မှကျမ်းစာသင်တန်း​လေး​တွေသွားချင်လိုက်တာ၊ဘုရား​ကျောင်းဝတ်ပြုကိုးကွယ်ခြင်းမှာပါဝင်ချင်လိုက်တာဆိုတာမျိုးမရ​တော့​ပေ။ 

 

ခုချိန်မှာ​တော့သင်စိတ်အားကြီးခဲ့ရင်​တောင် အခွင့်မရ​တော့ပါ။ Covid အ​ခြေအ​နေ​ကြောင့်ဘုရား​ကျောင်း​​​တွေပိတ်ထားခြင်း၊ကျမ်းစာသင်တန်း​တွေမလုပ်ရခြင်း​၊စသဖြင့်ကြုံ​တွေ့​နေရပြီဖြစ်ပါတယ်။ (လူစု​ဝေးခြင်း​ကြောင့် ကူးစပ်ပြန့်ပွားတာမဖြစ်​စေရန်ဖြစ်ပါတယ်)

​ပါဝင်လို့ရခဲ့ချိန်​တွေမှာကျွန်​တော်တို့မှာအမျိုးမျိုး​သောဆင်​ခြေ​တွေရှိခဲ့ကြပါတယ်။နောက်​နေ့ကျမှပါဝင်မယ် ဒီ​နေ့​တော့အပြင်သွားလိုက်ဦးမယ်၊​နောက်​​အပါတ်ဘုရား​ကျောင်းသွားမယ်ခု​တော့ Sunday အလုပ်ဆင်းရင် ၂ဆ ၃ဆရတယ်​လေ၊အမျိုး​တွေ​ရောက်​နေလို့၊ဘယ်သူဘာဖြစ်လို့ ​နောက်တစ်​ခေါက်​တော့သွားတာ​ပေါ့ စသဖြင့်အမျိုးမျိုးပါဝင်ဖို့အခွင့်အ​ရေး​တွေရှိ​နေတုန်းက ကျွန်​တော်တို့​တွေကငြင်းဆန်ခဲ့ကြဖူးသူ​တွေပါ။

 

ကျွန်​တော်တို့ကိုအချိန်နာရီအစွမ်းသတ္တိ​တွေကို​ယ်စီပေးထားပြီးသားပါ။ထိုအရာ​တွေကိုဘုရားသခင့်နိုင်ငံ​တော်အတွက်ဘယ်လိုအ​ခြေအ​နေမျိုးမှာဖြစ်​စေပြန်လည်ပါဝင်ဖို့လိုအပ်ပါတယ်။​ ဦးစား​ပေးကဘုရားဖြစ်​စေဖို့ဖြစ်ပါတယ်။ အခွင့်ရှိတုန်းကမပါဝင်ပဲအခွင့်မရှိ​တော့မှ​နောင်တမရ​စေဖို့ရာနားလည်​စေချင်ပါ​တယ်။
နောက်ခံစားမိတာတစ်ခုက​တော့ ...

​တွေ့ နိုင်တဲ့ကာလမှာရှာပါ မ​တွေ့နိုင်​တော့တဲ့​နေ့ရက်ကာလ​ရောက်လာမယ်လို့ဆို​သောအရာ​လေးကိုဆင်ခြင်မိပါတယ်။ ဟုတ်ပါတယ်မိတ်​ဆွေကိုယ်အသက်ဆုံး​ရှုံးတဲ့အချိန်မှ​တော့မဖြစ်နိုင်​တော့ဘူးဖြစ်တယ်။ ဘယ်​လောက်ပင်ပိုင်ဆိုင်ပါ​စေမိမိဝိညာဥ်ဘယ်သွားမလဲကိုမသိရင်အချည်းနှီးပင်။ကယ်တင်ခြင်းစိတ်ချထားဖို့ရာလိုအပ်တယ်ဆိုတာကိုနားလည်​စေချင်ပါတယ်။
နက်ဖြန်​နေ့မှာဘယ်လိုဖြစ်မလဲကြိုမသိနိုင်တဲ့အတွက် မိမိမှာ​ယေရှုခရစ်​တော်ကိုလက်ခံချင်ပါရက်နဲ့​​နေ့​ရွှေ့ည​ရွှေ့ဖြစ်​နေမိရင်ဆင်ခြင်ဖို့ဖြစ်ပါတယ်။ကယ်တင်ရာ​နေ့ရက်သည်ယ​နေ့ဖြစ်တယ်ဆိုတာကိုနားလည်​စေချင်ပါတယ်။ လူအ​ပေါင်းတို့သည်ကယ်တင်ခြင်းသို့​ရောက်၍သမ္မာတရားကိုသိ​စေခြင်းဆိုတာဟာ ဘုရားသခင်ရဲ့အလို​တော်ဖြစ်ပါတယ်။

 

ဒါ့​ကြောင့်မို့လို့ မိမိတတ်စွမ်းမှု၊​ပေးလှူမှု၊အသက်တာဆပ်ကပ်ခြင်း အစရှိသဖြင့်ပါဝင်လို့ရတဲ့အချိန်မှာပါဝင်ဆပ်ကပ်ပါ။ ​တွေ့နိုင်သည့်ကာလမှာရှာကြပါ။
ကယ်တင်ရာ​နေ့ရက်ဟာယ​နေ့ပင်ဖြစ်တယ်ဆိုတာကို အနည်းငယ်​ဝေမျှသက်​သေခံ​ပေးချင်ပါတယ်။
စာဖတ်သူအ​ယောက်စီတိုင်းအ​ပေါ်ဘုရားရှင်​ကောင်းကြီးရှိပါ​စေ။

 

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၆:၂
ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next