ခွဲခြားခြင်းမရှိ

လောကတွင်အဆင့်အတန်းခွဲခြားခြင်းများစွာရှိသည်ကိုကျွန်တော်တို့တွေသတိထားမိကြမှာဖြစ်ပါတယ်။ နေရာဒေသအမျိုးမျိုးပေါ်လိုက်၍ လူဖြူလူမဲခွဲခြားခြင်း ၊ ဆင်းရဲချမ်းသာခွဲခြားဆက်ဆံတာ ၊ ဇာတ်မြင့်ဇာတ်နိမ့် ၊ ပညာတတ်တာနဲ့ပညာမတတ်တာ ၊ ရုပ်ရည်ပေါ်အသားအရောင်အပေါ်ခွဲခြားတာ ၊ ပိန်ခြင်းဝခြင်းကိုခွဲခြားတာ ၊ Gender ပိုင်းကိုခွဲခြားတာ မိန်းမယောကျ်ားဖြစ်ခြင်း ၊ အစရှိသဖြင့် အမျိုးမျိုးသောခွဲခြားမှုတွေဟာ ဒီလောကကြီးထဲမှာတစ်ခုမဟုတ်တစ်ခုတော့တွေ့ဖူးကြမယ်ထင်ပါတယ်။
တချို့ကလဲယောကျာ်းဖြစ်ခြင်းအပေါ်ဂုဏ်ယူကြတယ် ၊ တချို့ကလဲမိန်းမဖြစ်ခြင်းကိုစိတ်ညစ်ကြတယ်။ ဒီလိုပဲတချို့က ချမ်းသာခြင်းအပေါ်မာနကြီးရင်း တချို့ကြပြန်တော့ဆင်းရဲလို့ဝမ်းနည်းတယ်။ ကျွန်ခေတ်လိုအချိန်မှာ ကျွန်တွေရောဘယ်လောက်ခွဲခြားခံရမလဲ။ အရင်ခေတ်တွေတုန်းကဆိုရင် မိန်းမဟာပညာမသင်ရတာတို့စသဖြင့်ခွဲခြားခံရခြင်းတွေရှိခဲ့တယ်ဆိုတာကိုလဲမြင်တွေ့ရပါတယ်။
ယုဒတွေဆိုရင် ကျွန်အဖြစ်မမွေးလာခြင်း ၊ မိန်းမမဖြစ်ခြင်းတွေအပေါ်အရမ်းကျေနပ်ကြမှာဖြစ်သလို ၊ တပါးအမျိုးသားတွေအပေါ်ကိုခွဲခြားဆက်ဆံခြင်းတွေဟာအင်မတန်များပါတယ်။ ဘုရားဝတ်ပြုခြင်းကိုခွဲခြားတာ ၊ အရေးဖျားလှီးခြင်းခံမခံအပေါ်ခွဲခြားဆက်ဆံတာ ၊ အစရှိသဖြင့်အမျိုးမျိုးသောခွဲခြားခြင်းတွေဟာ ကာလအချိန်တွေပြောင်းလာသော်လည်းဆက်လက်ရှိနေကြတာပဲဖြစ်ပါတယ်။
ဒါပေမယ့်မည်သို့ပင်ဖြစ်စေ ယေရှုခရစ်တော်ဟာ သင်နှင့်ကျွန်ုပ်ကိုခွဲခြားခြင်းမရှိပါ။ တောင်ပိုင်းမြောက်ပိုင်းယုဒတွေရဲ့ဘုရားဂျူးဘုရား ၊ လူဖြူဘုရားလူမဲဘုရား ၊ ကရင်ဘုရားချင်းဘုရား ၊ ဗမာဘုရားကချင်ဘုရားဆိုတာမျိုးခွဲခြားခြင်းမရှိပေ။ တကယ်တော့ကျွန်တော်တို့လူသားအားလုံးအတူတူပဲဖြစ်တယ် ကယ်တင်ခြင်းဟာလူသားအားလုံးအတွက်သခင်ယေရှုပြုပေးသောကျေးဇူးတော်သက်သက်ပင်ဖြစ်ပေသည်။ လူဆိုးဖြစ်စေ ၊ ပညာမတတ်သူဖြစ်စေ ၊ ပိန်ခြင်းဝခြင်း ၊ ကျွန်ဖြစ်ခြင်းသခင်ဖ့စ်ခြင်း ၊ ဆင်းရဲချမ်းသာ ၊ ယောကျ်ားဖြစ်စေမိန်မဖြစ်စေ ဘုရားသခင်၏အမြင်တွင် သင်နှင့်ကျွန်ုပ်လဲသူ၏ချစ်သောသားပျောက်သောသိုးကဲ့သို့ပင်ဖြစ်ပေသည်။ လူသားအားလုံးဟာအတူတူပင်ဖြစ်သောကြောင့် မာနတွေနှင့်ဂုဏ်ပြိုင်စရာမလိုပေ။ တစ်ယောက်နှင့်တစ်ယောက် ယေရှုခရစ်တော်၌တစ်လုံးတစ်ဝတည်းဖြစ်တယ်ဆိုတာကိုနားလည်ဖို့ရှိပါတယ်။ မည်သူတစ်ဦးတစ်ယောက်၏ကြိုးစားခြင်း ၊ အစွမ်းအစ ၊ ကောင်းမှုကုသိုလ် ၊ အလှူဒါနများနှင့်မသက်ဆိုင်ဘဲ ဘယ်သူကဘာဖြစ်လို့ဆိုသောခွဲခြားခြင်းမျိုးမရှိဘဲ ကျေးဇူးတော်သက်သက်ကြောင့်သာ ကယ်တင်ခြင်းဟာလူသားအားလုံးနှင့်သက်ဆိုင်တာဖြစ်တယ်။ လူသားအားလုံးတန်းတူအခွင့်အရေးဟုဆိုကြသကဲ့သို့ ယေရှုခရစ်တော်၏ကယ်တင်ခြင်းကျေးဇူးတော်သည် ကမ္ဘာသူကမ္ဘာသားအားလုံးနှင့်သက်ဆိုင်ခြင်း ၊ ကယ်တင်ခြင်းသည်လူသားအားလုံးအတွက်အခမဲ့ဖြစ်တယ်ဆိုတာကိုအနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ကယ်တင်ရာနေ့ရက်သည်ယနေ့ပင်ဖြစ်သောကြောင့်
မိတ်ဆွေက ထိုသခင်ကိုခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဂလာတိဩဝါဒစာ ၃:၂၈
ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi