November 26, 2026

Covid-19 မှ​ပေး​သောသင်ခန်းစာ

ဒီ Covid ဆို​သောအရာကိုကမ္ဘာနဲ့တဝှမ်းကြုံ​တွေ့ကြုံရပါတယ်။ လူတိုင်းလူတိုင်းဒီအရာက​နေသင်ခန်းစာ​တွေလဲရခဲ့ကြပါတယ်။ ညီအကိုတစ်​ယောက်ကဒီလိုဆိုပါတယ်။ ကျန်းမာ​ရေးအဆင့်မြင့်အသိနဲ့ပညာ​တွေရတယ်၊လက်ကိုရှယ်​ဆေး​နေသလို​နောက်လဲသတိထားကြမယ်။နှာ​ချေ​၊​ချောင်းဆိုးခြင်းအမှု​တောင်ဘယ်လိုလုပ်ရမယ်၊ကမ္ဘာကြီးကို Covid မှ​ပေး​သောသင်ခန်းစာတစ်ခုလို့ဆိုပါတယ်။

 

ဒီလိုပဲ သင်ယူမိတာ​တွေက​တော့အများကြီးရှိကြမယ်ထင်ပါတယ်။ တချို့ကလဲပြည်​တော်ပြန်ကိုဆဲလိုက်၊​ရောဂါကူးသူ​ရော၊​စောင့်ကြည့်​ရော​တွေ့သမျှအကုန်ဆဲနဲ့ကိုယ့်အလှည့်​ရောက်မှသင်ယူမိမဲ့သူ​တွေလည်းရှိ​နေပြန်တယ်။

 

US မှအမတစ်​ယောက်ကယခုလို​ပြောပြပါတယ်။ဘုရားကိုအချိန်မှန်မှန်​ဝတ်ပြုကိုးကွယ်တတ်လာတယ်၊သူတပါးကို​ဝေဖန်တာ​တွေချုပ်ထိမ်းနိုင်လာတယ်။ ဒီ​နေရာမှာ​တော့သူခံစားရတာ​လေးကိုယခုကဲ့သို့​ပြောပြပါတယ်။ Mask မပါပဲ​လေရှူရခြင်းကိုသူအရမ်းလွမ်းမိ​​နေပြီး​တော့ ဘယ်​တော့မှအဲ့လိုအသက်ရှူရမလဲဆို​သောအရာ​လေးကိုသူ​တွေး​နေမိတယ်လို့ဆိုပါတယ်။

 

ကျွန်​တော် ဒီ​နေ့ City Mart ကို ခဏ​လေးသွားတာ​တောင် အသက်ရှူမဝခဲ့သလိုအသက်မရှူတတ်ခဲ့ပါဘူး။​ Mask နဲ့ အသက်ရှူရခြင်းသည် ​နေရအရမ်းခက်ပါတယ်။

 

ဟုတ်ပါတယ်ကျွန်​တော်တို့​တွေသည်တကယ်​တော့ ​လေကိုအားရပါးရရှူဖို့အခါအခွင့်ရှိတဲ့အချိန်မှာတန်ဖိုးကိုမသိခဲ့ကြဘူး။ အခုမှသာတန်ဖိုးကိုသိရှိပြီးလွမ်း​နေမိကြတာဖြစ်ပါတယ်။ အသက်ရှူဖို့​လေကိုအခမဲ့​ပေးထားတာဖြစ်​ပေမယ့်။ အခုချိန်လွတ်လပ်စွာ​လေသွား​ရှူခဲ့ရင် ​ပေးဆပ်ရမယ့်အခကကြီးပါတယ်။

 

ဒီလိုပဲအသက်ရှင်​နေချိန်မှာမသိပဲ၊သတိမထားမိပဲ၊လက်ခံခွင့်ရှိတဲ့အချိန်မှာ လက်မခံမိတာမျိုးရှိပြီး အချိန်လွန်မှ(​သေခါမှ​ပေါ့)​ မသိလိုက်ရ​လေခြင်း၊လက်မခံလိုက်ရ​လေခြင်းဆိုပြီး တန်ဖိုးကိုမသိလိုက်ရလို့​ ​နောင်တရတာမျိုးလဲရှိမှာပါလားဆိုတာဆင်ခြင်မိပါတယ်။

 

ယုံကြည်သူခရစ်ယာန်ညီကို​မောင်နှမ​တွေကိုကျွန်​​တော်အား​ပေးချင်ပါတယ်။ အခုမှဝတ်ပြုကိုးကွယ်ခြင်းမှာပါဝင်ချင်လို့မရ​တော့ပါ။

ဘုရား​ကျောင်းသွားခွင့်ရှိတုန်း၊ပါဝင်ခွင့်ရှိတုန်းမှာပါဝင်ကြဖို့၊မိမိအသက်ရှင်​နေတုန်းမှာဘုရားအတွက်ပါဝင်ဆပ်ကပ်​ဖို့အ​ရေးကြီးတယ်ဆိုတာကိုနားလည်​စေချင်တယ်။ ဒီအချိန်အ​တောအတွင်းမှာလဲရှင်​ပေါလု​ပြောသလို အရာရာ၌သင်ယူမိ​သောသူဖြစ်ဖို့အ​ရေးကြီးတယ်ဆိုတာကိုသတိ​ပေးချင်ပါတယ်။

 

ဖိလိပ္ပိဩဝါဒစာ ၄:၁၂

ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲ ခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။

 

ယခုအချိန်မှာလဲသစ္စာရှိစွာဆပ်ကပ်သူ၊အသင်း​တော်အတွက်ပါဝင်သူ၊ပူ​ဇော်သက္ကာကို​ပေးလှူပူ​ဇော်တတ်​​သောသူများဖြစ်ရုံသာမကပဲ ဒီအရာ​တွေ​ကျော်လွန်သွားတဲ့တစ်​​နေ့မှာလဲ သစ္စာရှိစွာပါဝင်ဆပ်ကပ်ပြီးအသက်ရှင်​သောယစ်ကိုပူ​ဇော်တတ်​သောသူများဖြစ်​စေကြရ​အောင်လို့အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

 

Covid မှရရှိ​သောသင်ခန်းစာ (၁၀)ခုကို​အောက်က Link တွင်​လေ့လာကြည့်ပါ။

https://gulfnews.com/going-out/coronavirus-10-life-lessons-we-learned-from-the-covid-19-outbreak-1.1584863619469

Previous Next