November 26, 2026

ကြက်တွန်သံ

ရှင်လုကာခရစ်ဝင် ၂၂:၆၀-၆၂
ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ၏။
ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊ ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။

​ပေတရုသည် ​ယေရှုခရစ်​တော်ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မယ်လို့ ဆိုသည့်အတိုင်း ငြင်းပယ်ခဲ့တယ်။ ကြက်မတွန်မှီ ချိန်ထိ သူသည် သတိမရ​ချေ။ပတ်ဝန်းကျင်အ​ခြေအ​နေများ၏ ရိုက်ခတ်မှု၊ သူ့ကိုထိခိုက်နာကျင်​စေနိုင်မှု၊ စသဖြင့်​တွေကို သူ သတိထားမိ​သော​ကြောင့် ဖြစ်​စေ၊ ​ကြောက်စိတ်​ကြောင့် ဖြစ်​စေ သူက​တော့ ​ယေရှုကို ငြင်းပယ်ခဲ့ပါတယ်။

ကြက်တွန်တဲ့အခါမှာ​တော့ သူသတိပြန်ဝင်လာခဲ့တယ်၊ ထိုငြင်းပယ်မိခြင်း​တွေ​ကြောင့် သူ ပြင်းထန်စွာ ငို​ကြွေးခဲ့မိတယ်၊ သို့​သော် ​နောက်တစ်ခါ ဘယ်​သောအခါမျှ ငြင်းပယ်ခြင်းမျိုး မရှိ​တော့​ပေ။ ​နောက်ပိုင်းမှာ​တော့ ​ယေရှုခရစ်​တော်၏ စိတ်ချယုံကြည်ရ​သော သစ္စာရှိတဲ့ ငယ်သား​ကောင်းဖြစ်​စေခဲ့တယ်။ ငါ့သိုးတို့ကို ​ကျွေး​မွေးပါ၊ ငါ့သိုးတို့ကို ​ထိန်းပါဆို​သော အခွင့်အ​ရေးရရှိခဲ့သူလဲဖြစ်ပါသည်။

​လောကမှာ အသက်ရှင်​နေတဲ့ ခရစ်ယာန် ညီအကို​မောင်နှမ​တွေက​ရော အဘယ်အရာ​ကြောင့်များ ​ယေရှုခရစ်​တော်ကို ငြင်းပယ်​နေမိကြပါသလဲ။ ​ငွေ​ကြောင့်လား၊ အိမ်​ထောင်​ရေးလား၊ လူမှု​ရေး​ကြောင့်လား၊ ရာထူးလား၊ အလုပ်မရမှာစိုး၍လား၊ စသဖြင့် အဘယ်အရာ​တွေကများ ငြင်းပယ်ခြင်းအတွက် တွန်းအားကိုဖြစ်​စေတာလဲ။

တချို့က​တော့ ရာထူးမတက်မှာစိုးလို့ ငြင်းပယ်ကြတယ်၊ တချို့က အိမ်​ထောင်ပြုချင်လို့ ငြင်းပယ်ကြတယ်၊ အလုပ်မှာ အဆင်​ပြေဖို့ လူမှုပတ်ဝန်းကျင်မှာ အဆင်​ပြေဖို့ ငြင်းပယ်ကြတယ်၊ အချို့ကလဲ အိမ်​ထောင်​ဖက်ကြောင့် ​ယေရှုကို ငြင်းပယ်ကာ အခြား​သော ဘုရားကိုဦးချကြတယ်၊ စသဖြင့် ငြင်းပယ်ခြင်း​တွေကို သင်လုပ်​နေမိပြီလား။ သင်ကသာ ငြင်းပယ်​နေတာပါ ​ယေရှုက​တော့ သင့်ကို ​လက်ကမ်း​ပေး​နေလျှက်ပါ မိတ်​ဆွေ။

ဒါ့​ကြောင့် ကြက်တွန်ခြင်းကဲ့သို့​သော သင့်ကို သတိ​ပေးသူ၊ အ​ကြောင်းအရာတစ်ခုကို ဆင်ခြင်မိချိန်၊ ဒီစာကိုဖတ်မိချိန်၊ သမ္မာတရားကို ​တွေ့ရှိချိန်၊ ​ဒေဿနာကို နာကြားမိချိန် တစ်ချိန်ချိန်မှာ​တော့ ​ပေတရုကဲ့သို့ ပြင်းထန်စွာ ငို​ကြွေး၍ ​နောင်တရလိုက်ပါ မိတ်​ဆွေ။ ထို့​နောက်မှာ​တော့ သင့်ရဲ့ ငြင်းဆိုခြင်း​တွေသည် ​ပြောင်းပြန်ဖြစ်ပါ​စေ။ ဒါ့​ကြောင့် သာဓုသစ္စာရှိ​သော ငယ်သား​ကောင်းဟု အ​ခေါ်ခံရ၍ ငါ့သိုးတို့ကို ​ကျွေး​မွေး၊ ပြုစု၊ ထိန်းပါ ဟူ​သော ဒုတိယအကြိမ်အခွင့်အ​ရေးကိုရတဲ့ သူများဖြစ်ကြ​စေဖို့ရန် ကြက်တွန်သံကဲ့သို့​သော သတိ​ပေးခြင်းကို ကြားရကာ ​နောင်တရ​၍ အဖထံ ပြန်လာ​သော သူများဖြစ်ကြ​စေဖို့ရာ အနည်းငယ်​ဝေမျှ တိုက်တွန်းလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next