Listen And Follow

သိုး၏ သဘောသဘာဝသည် သခင်၏ အသံကို နားထောင်သည်။ ထိုအသံနောက်သို့ လိုက်တတ်သည်။ ထိုသိုးတို့၏ နားထောင်တတ်သည့် သဘောကို စမ်းသပ်သော မှတ်တမ်းတစ်ခုကို ကျွန်ုပ်ကြည့်ခဲ့ဖူးသည်။
ကွင်းပြင်ကြီးတစ်ခု၌ သိုးများ ကျက်စားလျှက်နေကြရာ မြင်ကွင်းတစ်ခုကို ကြည်လင်ပြတ်သားစွာ မှတ်တမ်းတင်ရိုက်ပြထားသည်။ ထိုကွင်းပြင်၏ အပြင်ဘက်တွင် လူအချို့ရှိနေသည်။ ထိုလူထဲမှ သုံးယောက်လောက်သည် သိုးများအားလှမ်းအော်ခေါ်လေသည်။ သို့သော် သိုးများမှာ အစားအသောက်အပျက် စားသောက်လျှက်သာနေကြသလို၊ အချို့မှာလည်း လှည့်သာကြည့်လေသည်။
သို့သော် သခင်၏ အသံကြားသည်နှင့် တပြိုင်နက် ထိုနေရာသို့ စားနေရာမှ လျှင်မြန်စွာ ပြေးသွားကြလေသည်ကို ထင်ရှားစွာ တွေ့လိုက်ရလေသည်။ ထိုမြင်ကွင်းသည် အင်မတန်မှ သခင်နှင့် သိုးများ၏ ရင်းနှီးကျွမ်းဝင်မှုကို မြင်ယောင်စေလေသည်မဟုတ်ပါလား။
ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇
ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။
ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များသည်လည်း သခင်၏ အသံတော်ကို နားထောင်တတ်၍ ထိုသခင့်နောက်သို့သာ လိုက်ကြစေရန် အင်မတန်အရေးကြီးပါသည်။ သိုးများအား မှတ်တမ်းတင်ထားသည်အတိုင်း သခင်နှင့်သိုးတို့၏ ရင်းနှီးကျွမ်းဝင်မှုသည် သခင်ယေရှုနှင့်ကျွန်ုပ်တို့၏ ရင်းနှီးကျွမ်းဝင်မှုကို ထင်ရှားစွာ သတိရစေလေသည်။
မိတ်ဆွေနဲ့ကျွန်တော်တို့သည် ဘယ်အသံကို နားထောင်၍ ဘယ်သူ့နောက်သို့ လိုက်နေမိသလဲဆိုတာကို ယနေ့မှာ ပြန်လည်ဆင်ခြင်ကြည့်ရအောင်လား။ သခင်ယေရှုကတော့ ငါ့သိုးတို့ကိုငါသိတယ်ဟုဆိုသလို၊ အသံတော်ကိုကြားကာ နောက်တော်သို့ လိုက်ကြသော သိုးများကို သိတယ်ဟုဆိုပါတယ်။ ကျွန်ုပ်တို့သည် ထိုသိုးတော်စုထဲတွင် ပါဝင်ပါရဲ့လား။ ယနေ့ ဘယ်သူ့အသံကိုနားထောင်၍ ဘယ်သူ့နောက်ကိုလိုက်နေသလဲဆိုတာကို ပြန်လည်ဆင်ခြင်ရင်း ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet