November 26, 2026

လျှို့ဝှက်ချက်

လောကမှာအဆိုးနဲ့အ​ကောင်း ၊ အမှားနဲ့အမှန် ၊ ကျန်းမာခြင်း ၊ မကျန်းမာခြင်း ၊ ​ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ​သေခြင်း ၊ ရှင်ခြင်း အစရှိသဖြင့် ဒွန်တွဲလျှက်ရှိပါတယ်။ တစ်ခါတ​လေငိုမိတယ် ၊ တစ်ခါတ​​လေ​တော့လည်းရယ်ရပြန်​ရော။
အထီးကျန်တဲ့ဘဝမှာတစ်​ယောက်ထဲလိုလိုခံစား​နေမိရင်း ဘဝကြီးကိုပင်ပန်းစွာဖြတ်သန်းခဲ့ရတဲ့​နေ့ရက်​တွေကိုသာပြန်လည်​ရေတွက်​နေတဲ့သူ​တွေထုနဲ့​ဒေးရှိသလို လက်ရှိဘယ်လိုအ​ခြေအ​နေဘဲဖြစ်​နေပါ​စေ ဝမ်း​မြောက်​နေတဲ့သူ​တွေလဲ​မြောက်များစွာရှိ​နေတတ်​လေရဲ့။

ဒီလောကထဲမှာ အသက်ရှင်တာလည်း အတူတူ ၊ လောကဓံကိုရင်ဆိုင်ကြတဲ့သူချင်း အတူတူဖြစ်ရက်နဲ့ ဝမ်းမြောက်နိုင်တဲ့သူကိုတွေ့တဲ့ အခါ ရင်ဘတ်မှာ ဓားတန်းလန်းနဲ့ပြုံးနေသူကို မြင်မိသလိုဖြစ်​နေကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် သူ့ မှာ သေချာတဲ့ လျှို့ဝှက်ချက်ရှိတယ်။ 
အဲ့ဒါဟာ ဘာလဲဆို​တော့ *သမ္မာတရား* ပဲဖြစ်ပါတယ်။

ရှင်ယောဟန်ခရစ်ဝင် ၈:၃၂
သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။

သမ္မာတရားကိုသိရင် လွှတ်ခြင်းအခွင့်ကိုရမှာဖြစ်ပါတယ်။ ထိုခက်ခဲခြင်း ၊ အထီးကျန်ခြင်း ၊ ပင်ပန်း ၊ အားငယ်စိတ်ပျက် စတာ​တွေကို​ကျော်လွန်ပြီး ဝမ်း​မြောက်ရတဲ့အခွင့်ရှိတယ်ဆိုတာကိုနားလည်​စေချင်ပါတယ်။ ထိုသမ္မာတရားက​တော့ ​ယေရှုခရစ်​တော်သာဖြစ်ပါတယ်။ ​ယေရှုက ငါသည် သမ္မာတရား ၊ အသက် ၊ လမ်းခရီး ဖြစ်တယ်လို့ဆိုပါတယ်။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှခမည်း​တော်ထံသို့မ​ရောက်ရ။ (​ယော၁၄:၆)

သမ္မာတရားနဲ့အမှန်တရား​တော့မတူပါဘူး။ ဥပမာတစ်ခုဆိုကြပါစို့ ... အမှန်တရားဟာတစ်​ယောက်အတွက်မှန်​ပေမယ့်တ​ယောက်အတွက်မှား​နေတတ်တယ်။ USA မှာ​နေ့ဖြစ်​နေရင် Myanmar မှညဖြစ်​နေတတ်တယ်။ သူ့​နေရာနဲ့သူမှန်​ပေမယ့် အ​နေအထား​ပေါ်မူတည်တယ်။
သမ္မာတရားက​တော့ ​ယေရှုခရစ်​တော်ကိုယုံကြည်ခြင်းသည်ကယ်တင်ခြင်းရမယ်။ တစ်ဦးတစ်​ယောက်အ​ပေါ် ၊ ​နေရာ​ဒေသအချိန်နာရီအ​ပေါ် မမူတည်​သောအရာဖြစ်တယ်။

ထိုဘုရားကိုရတဲ့အခါမှာအသက်တာရဲ့အသက်ရှင်ခြင်းကလူသစ်ဖြစ်သွားပါတယ် လုံးဝမတူ​တော့ဘူးဖြစ်တယ်။
မျက်ရည်​တွေကိုသုတ်​ပေးလျှက်ထိုခက်ခဲခြင်းထဲမှာလဲအတူရှိ​သောဘုရားဖြစ်ပါတယ်။ နာကျင်​သော်လည်းဝမ်း​မြောက်​​နေတာ ၊ ​အခက်အခဲ​တွေကြားမှာ ချီးမွမ်း​နေတာဟာ သမ္မာတရား၏လွှတ်ခြင်းအခွင့်​ကြောင့်ပင်ဖြစ်သည်။
တမလွန်၏စိတ်ချမှုသည် ယုံကြည်သူများ၏ဝမ်း​မြောက်စရာတစ်ခုပင်ဖြစ်​ပေ​တော့သည်။ ဒါ့​ကြောင့်မို့လို ယ​နေ့ပင်ကယ်တင်ရာ​နေ့ရက်ဖြစ်ပါတယ်ဆိုတာကို အနည်းငယ်​ဝေမျှ​ပေးချင်ပါတယ်။

မိတ်​ဆွေကယေရှုခရစ်​တော်ကို မိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် ​ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်​တော့ ... 

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next