သခင်ယေရှုခရစ်တော်၌ တည်နေသောသူ

အပွေးမြင် အပင်သိလို့ ဆိုသကဲ့သို့ အပင်၏အမျိုးအစား၊ ဘာသီးသီးမယ်၊ ဘယ်လိုပုံစံ စသဖြင့်ကို သိနိုင်သည်မှာ အံ့ဩစရာမဟုတ်ပေ။ ဘာမျိုးစေ့ဆိုတာကို မသိဘဲနဲ့ စိုက်လိုက်မိရင်တောင်မှ ပေါက်လာတဲ့ အနေအထားတစ်ခု အပေါ်ကို မူတည်၍ ကောင်းမကောင်း၊ အမျိုးအစား၊ ဘာသီးသီးမည်၊ အကျိုးမပေးသောအရာလားဆိုတာကို သိနိုင်သည်မဟုတ်ပါလား။
ခရစ်ယာန်ဟုအမည်တပ်သော သူများ၏ အသက်တာကို ကြည့်ခြင်းအားဖြင့်လည်း ထိုသို့ သဘောသဘာဝကဲ့သို့ မြင်နိုင်သည်မှာ ငြင်းမရပေ။ ကောင်းသော အသီးကိုသီးသော အပင်ကဲ့သို့လား၊ အသုံးမရသော အသီးကို သီးနေခြင်းလား၊ စသဖြင့်ကို ခွဲခြားရသလို ခရစ်ယာန်တစ်ယောက်၏ အသက်တာကိုလည်း ခွဲခြားပိုင်းခြားကာ ဆင်ခြင်ကြည့်မယ်ဆိုရင်ဖြင့် အပွေးမြင် အပင်သိဆိုသော စကားပုံမှာ အင်မတန် ဂရုပြုစရာပင်။
ရှင်ယောဟန်ခရစ်ဝင် ၁၅:၈
သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။
ကောင်းမွန်သောများ အသီးများစွာကို သီးစေခြင်းငှာ ယုံကြည်သူခရစ်ယာန်များ၏ ဆင်ခြင်စရာဖြစ်သည်။ ထိုအသီးများအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေခြင်းဖြစ်စေမလား၊ အသုံးမရသော အရာများအားဖြင့် ဘုန်းတော်မထင်ရှားဘဲ ရှုံ့ချစရာဖြစ်စေမလား ဆိုတာကတော့ မိမိ၏ အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ နာခံခြင်း၊ လိုက်လျှောက်အသက်ရှင်ခြင်း စသဖြင့်တွေပေါ်မူတည်၍ ကွာခြားသွားမည်ဖြစ်ပေသည် မဟုတ်ပါလား။
ငါ၌ဆည်းကပ်လိုလျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်ဟုဆိုသကဲ့သို့ ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များသည် မိမိကိုယ်ကိုယ် ငြင်းပယ်၍ ကိုယ့်လက်ဝါးကားတိုင်ကိုယ်ထမ်းကာ ငါ၌တည်နေကြလော့ဟုဆိုသည့်အတိုင်း မှန်သော စပျစ်နွယ်ပင်ဖြစ်တဲ့ ယေရှုခရစ်တော်၌တည်နေကြ၍ အသီးများစွာသီးသော အသက်တာအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသောသူများ ဖြစ်စေကြပါစို့ဟု အနည်းငယ်ဝေမျှ ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet