November 26, 2026

သက်သာခြင်းသို့ ​ရောက်ကြလတံ့

အမျိုးမျိုး​သော အ​ခြေအ​နေ​တွေ​ကြောင့် ​လောကတွင် ခက်ခဲကြသည်။ နိုင်ငံ​ရေး၊ လူမှု​ရေး၊ စီးပွား​ရေး၊ အိမ်​ထောင်​ရေး၊ စားဝတ်​နေ​ရေး စသဖြင့် အ​ရေး​ပေါင်း ​သောင်း​ခြောက်​ထောင်​ကြောင့် စိတ်ပန်းလူပန်း ဖြစ်​နေရသူများစွာ ဤ​လောကတွင် အသက်ရှင်​နေထိုင်ကြသည်။ ထိုအ​ရေးအ​ထွေ​ထွေ​ကြောင့်လည်း စိတ်မသာ ညည်းတွား​လေ့ရှိကြသလို ပင်ပန်းခြင်းကို ခံစား​နေရသူများစွာ ရှိကြသည်။ 

လူတိုင်းလူတိုင်း ခက်ခဲခြင်း​တွေကြုံကြဖူးမည်၊ အနိုင်ကျင့်ခံရခြင်း၊ စိတ်မသာညည်းတွားခြင်း၊ အဓမ္မအနိုင်ယူခြင်း စသဖြင့် အမျိုးမျိုး​သော ဆင်းရဲဒုက္ခ အခက်အခဲပြဿနာ​တွေကို ရင်ဆိုင်ကြုံ​တွေ့ရတတ်ပါသည်။ သို့​သော် ထိုသို့​သော ညည်းတွားခြင်းသည် သက်သာခြင်းသို့​ရောက်​စေဦးမည်ဟု မင်္ဂလာတရား​​တော်မှ ဆိုထားပါသည်။ 

ရှင်မဿဲခရစ်ဝင် ၅:၄
စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတံ့။ 

သင်နှင့်ကျွန်ုပ်တို့၏ စိတ်မသာညည်းတွားခြင်းသည် သက်သာခြင်းသို့ ​ရောက်​ပေဦးမည်။ ထိုသို့​သော ခံစားရမည့် အခွင့်သည် ကျွန်ုပ်တို့ထံတွင်ရှိ​သော​ကြောင့် မင်္ဂလာရှိ​ပေသည်။ 

ယ​နေ့ ဘာအတွက်​ကြောင့်များ စိတ်မသာညည်းတွား​​နေရသနည်း။ လူမှု​ရေးအဆင်မ​ပြေခြင်း​ကြောင့်လား၊ စီးပွား​ရေးခက်ခဲလို့လား၊ အလုပ်အကိုင် အဆင်မ​ပြေဘူးလား၊ ကျန်းမာ​ရေး​ကြောင့်လား၊ နိုင်ငံ​ရေးအ​ခြေအ​နေ​ကြောင့်လား စသဖြင့်​သော အ​ခြေအ​နေအရပ်ရပ်​တွေ​ကြောင့် ကျွန်ုပ်တို့စိတ်မသာ ညည်းတွားတတ်ကြ​ပေမည်။ သို့​သော်လည်း မည်သို့ပင်ဖြစ်​စေကာမူ မိတ်​ဆွေနဲ့ ကျွန်​​တော်တို့ သက်သာခြင်းသို့​ရောက်​​စေမှာဖြစ်သည်။ ထို့​ကြောင့် လက်ရှိအချိန်တွင် စိတ်မသာညည်းတွားလျှက်ရှိ​သော သူတို့သည် မင်္ဂလာရှိကြ၏ အဘယ့်​ကြောင့်ဆို​သော် သက်သာခြင်းရှိမယ်ဆိုတာကို မင်္ဂလာတရား​​တော်နှင့် ခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next