ခရစ်ယာန်အသက်တာဆိုသည်မှာ

ခရစ်ယာန်အသက်တာဆိုသည်မှာ ...
ခရစ်ယာန်ဆိုတာရဲ့ အပေါ်ကို လူတော်တော်များများရဲ့အထင်အမြင်နဲ့ပါတ်သတ်ပြီး ကျွန်တော်အနည်းငယ် ရှင်းပြချင်ပါတယ်။
တချို့ကပြောတယ် လွယ်ကူတယ်၊ တချို့ကလဲပြောတတ်တယ် ၁ပါတ်တစ်ခါသီချင်းဆို ပျော်စရာကောင်းတယ်၊ တစ်ခါကလူတစ်ယောက်ပြောတာကြားဖူးတယ်
ဘာသာမတူတဲ့လူ၂ယောက်ကမွေးတဲ့ကလေးက သူကြိုက်တာလုပ်ပါစေဆိုရင် လွယ်ကူတဲ့ ခရစ်ယာန်လုပ်မှာပေါ့တဲ့ တစ်ပါတ်တစ်ခါသီချင်းဆိုရုံပဲတဲ့။
ဒီလိုမှားယွင်းစွာ ထင်မြင်နေကြတဲ့အပေါ်ကို အနည်းငယ်ရှင်းပြချင်ပါတယ်။ သာ၍သိချင်ရင်လည်း ကျွန်တော့်ကို ဆက်သွယ်မေးမြန်းနိုင်သလို၊ကျွန်တော်မပြောတတ်ရင်လည်း တဆင့်ပြန်လည်မေးပေးပါ့မယ်။ ဒီနေရာမှာ ကယ်တင်ခြင်းကိုမရှင်းပြတော့ပဲ ခရစ်ယာန်အသက်တာကိုပဲပြောသွားမှာဖြစ်ပါတယ် ဘာလို့ဆို လူတွေရဲ့အထင်မှားမှုသည် အသက်တာပိုင်းနဲ့ဆိုင်နေတာဖြစ်လို့ပါ။
သီချင်းဆိုတာနဲ့ချီးမွမ်းကိုးကွယ်ခြင်းမတူပါဘူး။ရိုးရိုးလေးပဲရှင်းပြမယ် ... (Praise & Worship) အဘိဓါန်မှာလဲလေးနက်စွာဖော်ပြထားပါတယ်။ Singing နဲ့ Praise & Worship ကွဲမယ်လို့ထင်ပါတယ်။ သပ်သပ်မရှင်းပြတော့ဘူး။ အသက်တာကိုဆက်သွားရအောင်။
တချို့ကလဲ ယုံကြည်သူကိုကြည့်ပြီး ဝမ်းမြောက်နေတာ၊အခက်အခဲရောက်ရောက်၊အဆင်ပြေပြေမပြေပြေကျေးဇူးတော်ပဲချီးမွမ်းနေတာတွေမြင်ပြီး လွယ်တယ်ထင်တတ်သလို၊
သာမာန်အမည်ခံခရစ်ယာန်တွေအသက်ရှင်ပုံကြည့်ပြီးအထင်လွဲသွားတတ်ကြပါတယ်။ ဟုတ်ပါတယ် ကယ်တင်ခြင်းရပြီး ပေါက်ကရလုပ်နေသူတွေရှိပါတယ်။ တကယ်ကျေးဇူးတရားကိုနားလည်သွားတဲ့ Born Again (ဒုတိယမွေးခြင်းခံ)ခရစ်ယာန်တွေလည်းရှိတယ်ဆိုတာနားလည်စေချင်ပါတယ်။ ထိုသူတွေကို ယုံကြည်သူလို့ခေါ်လို့ရပါတယ်။ ယုံကြည်သူတစ်ယောက်ဘယ်လိုအသက်ရှင်ရသလဲဆိုတာတချို့အချက်ကိုကြည့်ရအောင်။
ဦးစားပေးသည်ဘုရားဖြစ်လာတယ်။ လူသေလိုအသက်ရှင်ရတယ်။ (သဘောက ... ကိုယ့်အပေါ် သူတပါးအပြစ်ပြုတယ် စိတ်ဆိုးစရာဖြစ်တယ် သို့သော် လူသေက တုံ့ပြန်မှုမရှိဘူး။ ဒီတော့ ခွင့်လွှတ်ပေးရမယ် မေတ္တာနဲ့ပေါ့)။ စိတ်ရှည်တယ်၊သည်းခံတယ်၊နားလည်ပေးတယ်၊ကျေးဇူးပြုတတ်တယ်၊မာန်မာနမတွေ့ရဘူး၊
ဂုဏ်ပြိုင်တာတွေမရှိဘူး၊ငါလုပ်လို့ရတာ ငါတော်တာငါတတ်တာတွေမရှိပဲ ဘုရားသခင်ကျေးဇူးတော်ကိုသာချီးမွမ်းတတ်တယ်၊ အခက်အခဲထဲလဲချီးမွမ်းတယ်၊စသဖြင့်ပေါ့ ...
အဘယ်သူမှသခင်၂ဦးရဲ့အစေကိုမခံနိုင်ဘူးတဲ့။ ဥပမာ မတူတဲ့ Company ၂ခု မှာအလုပ်၂မျိုးတစ်ချိန်ထဲလုပ်လို့မရပါဘူး။ တချို့ခရစ်ယာန်တွေက ဘုရားပဲတူတူပဲဆိုပြီးကိုးကွယ်ချင်သလိုလို၊ မိန်းမယောကျားယူဖို့ Compromise (အရောအနှော၊အပေးအယူ)လေးတွေလုပ်ကြတယ်။ ဘုရားသိပါတယ်ဆိုပြီး ဟန်ဆောင်ကြတာရှိကြတယ်။ ဒါပေမယ့် ငါမှလွဲ၍အခြားသောဆိုသောကျမ်းချက်ကို မေ့သလိုလို လျစ်လျူရှုသလိုလို ဖြစ်နေကြတယ်။ ဒီအရာသည် သေပြစ်သင့်တယ်(သေဖို့ရာသင့်တဲ့ပြစ်မှားခြင်းဖြစ်တယ်)
နောင်တရလျှင် တောင်းပန်ပါ၊စစ်မှန်တဲ့နောင်တဖြစ်ပါစေ။ အသက်တာကိုပြန်လည်ဆက်ကပ်ပါ။
ထွက်မြောက်ရာကျမ်း ၂၀:၃-၄
ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။
နောက်တစ်ခု ရုပ်တုကိုးကွယ်ခြင်း လူတွေက ရုပ်တုစစ်စစ်ကိုလို့ထင်ကြတယ်။ မဟုတ်သေးဘူး Details ကိုကြည့်ရင် ပထမဦးစားပေးက ငွေဖြစ်နေရင် မိမိသည် ငွေကို ရုပ်တုကိုးကွယ်ခြင်းဖြစ်တယ်၊ ဒါ့ကြောင့် Put GOD First (ဘုရားသည်နံပါတ်တစ်)။ အမြဲစမ်းစစ်ရတယ် ငွေလား၊လူလား၊ရုပ်ဝတ္ထုလား စသဖြင့်။
နောက်တစ်ခု သူတပါးသားမယားပြစ်မှားခြင်း။
လူကိုယ်တိုင်လွန်ကျူးမှမဟုတ်ဘူး မျက်စိနဲ့ကြည့်မိပြီး စိတ်ထဲမှာဖြစ်ခဲ့ရင်လဲ တူတူပဲဖြစ်သလို။ သူတပါးကို ဒေါသထွက်မိပြီး စိတ်ထဲမှာဖြစ်ပေါ်နေတာတွေသည်လဲ သူတပါးအသက်ကိုသက်တာနဲ့တူတူပါပဲ။
မေထုန်ကိုဆက်သွားမယ်။ တချို့ကပြောကြတယ် ရောင်းသူဝယ်သူအဆေင်ပြေတယ် ဒါအပြစ်မဟုတ်ဘူး။ အခကြေးငွေပေးပြီးဆက်ဆံခြင်းဖြစ်တယ် အပြစ်မမြောက်ဘူးလို့ လောကသားတွေပြောတတ်ကြတယ်။သို့သော်..
ယုံကြည်သူရဲ့အထဲမှာခရစ်တော်လာကျိန်းဝတ်တာဖြစ်တယ် ဒီအမှုအရာဟာ ဘုရားသခင်ကိုပြစ်မှားရာရောက်တယ်။ မတရားသောမေထုန်လို့သတ်မှတ်တယ်။ ဒါကြောင့် ငွေပေးပေးမပေးပေးပြုလို့မရပါ။
စာရှည်နေပြီမို့ နိဂုံးချုပ်ပါမယ်။ သိချင်တာရှိရင်ဆက်သွယ်လို့ရပါတယ်။ ဟုတ်ပြီ။ ဒီလောက်တောင်ဆိုရင် မဖြစ်နိုင်ဘူး လုပ်နိုင်မလားလို့ မေးစရာရှိနိုငိတယ်။
သတိပြုဖို့က ယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ယုံကြည်လက်ခံတဲ့နေ့ကစပြီး ငါသည်ကိုယ်တိုင်မရှင် ခရစ်တော်သည်ငါ၌ရှင်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် တကယ်ပဲအသက်တာပြောင်းလဲသွားတဲ့(သခင်ဘုရားထံပြောင်းလဲခြင်းဖြစ်တဲ့)ယုံကြည်သူသည် လုပ်နိုင်ပါတယ်။
နားလည်နိုငိဖို့ရာ ဘုရားရှင်ကောင်းကြီးပေးပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။