စဥ်းစားပါ

မိတ်ဆွေတို့ကို စဥ်းစားစေဖို့ အတိုချုပ်လေးတစ်ခု ဖော်ပြပေးချင်ပါတယ်။
ဒါဝိဒ်ကိုသာ ရှင်ဘုရင် ဘုရားလူဆိုပြီး အမှားကို ထောက်မပြပဲ လွှတ်ပေးထားခဲ့ရင် ...
ဒါဝိဒ်ကသာ ငါကဘုရားလူဖြစ်တယ်၊ ငါနဲ့ဘုရားနဲ့ရှင်းမယ်။ သို့မဟုတ် သူ့လူတွေက ဘုရားလူ ဘုရားဘိသိက်ရှိတဲ့သူကို လာမပြောနဲ့၊ သူနဲ့ဘုရားရှင်းပါစေလို့ ပြောခဲ့ရင် ...
နေဟမိသာ ဗိမာန်တော်ကို မကာကွယ်ပဲ တည်ဆောက်ခြင်းတစ်ခုသာ လုပ်ခဲ့မယ်ဆိုရင် ...
ရှင်ပေါလုသာ ရှင်ပေတရုရဲ့အပြုအမူက တပါးအမျိုးသားနဲ့သီးခြားနေခြင်းသည် ဧဝံဂေလိတရားကို ထိမိစရာဆိုတာ မပြောခဲ့ရင် ...
ရှင်ယောဟန်သာ ယေရှုနဲ့ခရစ်တော်ခွဲတာ အလွဲလို့ မဆိုခဲ့ရင် ...
မာတင်လူသာကသာ ကျမ်းစာနဲ့လွဲနေတာတွေကို မဖော်ပြခဲ့ရင် ...
ဒီလူအချို့ကို ပြန်ကြည့်တဲ့အခါမှာ သူတို့တွေက အပေအတေတွေကို ပြောနေတာ မဟုတ်ဘူး။ သူတို့ အပြစ်ဖော်ပြ ထောက်ပြနေတာတွေက ညီအကိုချင်းတွေ၊ ပုတ်ရဟန်းမင်းတွေ စသဖြင့် လူအထင်ကြီး လေးစားရသူတွေဖြစ်တယ်။ ဘုရားလူလို့ဆိုကြတဲ့၊ ခရစ်ယာန်တိုင်း အားကျ နှစ်သက် အတုယူတတ်ကြတဲ့ ရှင်ဘုရင် ဒါဝိဒ်လည်း အပါအဝင်ဖြစ်တယ်။
တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၄
သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊
ဥပမာ ဆိုကြပါစို့။
မောင်မောင်ရဲ့အရှေ့မှာ လူတယောက် လမ်းလျှောက်လာတယ်။ ဒီလူက သူ့ရှေ့က တွင်းနက်ကြီးရှိတာကို မသိဘူး။ ဆက်သွားရင်ကျပြီးသေတော့မယ်။ သူနဲ့အတူ လူတွေလည်းရှိသလို၊ အခြားလူတွေလည်း လာနေကြတယ်ဆိုပါတော့။
ဒါကို မိတ်ဆွေတို့သာ မောင်မောင်နေရာမှာဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။
ဒီလူကြားအောင် အော်ပြောခြင်းက မေတ္တာမရှိရာ ကျနေမလား၊ ဒီလူစိတ်ဆိုးစရာဖြစ်မလား။ ဘေးကလူတွေကရော ကိုယ်နဲ့မဆိုင် ဝင်ပါတယ်၊ သူ့ဖာသူ သေသေပေါ့၊ အော်ပြောနေတာ မေတ္တာကို မပါဘူး၊ သူ့ဖာသူ ဘယ်လိုလျှောက်လျှောက်ပေါ့လို့ ဆိုလေမလား။
ဒါမှမဟုတ် မေတ္တာရှိလို့ မေတ္တာပြတဲ့အနေနဲ့ နေကောင်းတယ်နော်လို့သာ ဖြေးညှင်းစွာ နှုတ်ဆက်လေမလား။ လူတွေကလည်း ဒီလူမဆိုးဘူး ပြောမှာလား။
သူပြုတ်ကျသေတာ သူမမြင်လို့ သူ့အသုဘသူရှင်းပါစေတော့လို့သာ ဆိုလေရော့မလား။ ဘေးကလူတွေကရော ဒီလိုပဲ ဆိုကြမလား။
မောင်မောင်ရဲ့ သတိပေးခြင်းသည် ဒီလူအတွက်တင်မကဘူး၊ ဘေးကလူတွေရော၊ နောက်လာနေတဲ့သူတွေပါ သတိထားမိအောင် ဖြစ်စေမလား၊ ကိုယ့်အသုဘကိုယ်ရှင်းလို့ ဖြစ်စေမလား။ မိတ်ဆွေရော ဘယ်လို ဆုံးဖြတ်ချက်ချမိမလဲဆိုတာ သေသေချာချာ စဥ်းစားနိုင်ပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet