November 26, 2026

The Joy

God is not dead ရုပ်ရှင်တစ်ခု၏ ​နောက်ဆုံးခန်းတွင် ​ပြောခဲ့​သော စကားစု​လေးတစ်ခုအား ပြန်လည်​ဝေမျှခွန်အား​ပေးချင်ပါတယ်။ ထိုစကားစု​လေးက​တော့

( Pain?
Yes, for just a few minute.
Think about the joy from heaven. ) ပဲဖြစ်ပါတယ်။

လူတိုင်းလူတိုင်းဟာ တစ်နည်းနည်း တစ်ဖုံဖုံ တစ်စုံတစ်ခု​သောအားဖြင့်​သော နာကျဥ်ခဲ့ဖူးကြပါတယ်။ လူမှု​ရေးမှာအဆင်မ​ပြေ၊ စီးပွား​ရေး၊ ပညာ​ရေး၊ အိမ်​ထောင်​ရေးအားဖြင့်​သော်၎င်း အစရှိသဖြင့် တစ်မျိုးမျိုး​တော့ နာကျဥ်ခံစားခဲ့ရဖူးတယ်၊ ငို​ကြွေးမြည်တမ်းခဲ့ဖူးကြမယ်ဆိုတာ ​တွေးကြည့်လို့ရပါတယ်။

လူတိုင်းဟာ ထိုနာကျဥ်မှုကို ​မ​ကျော်လွှားနိုင်ကြပါဘူး၊ တစ်ချို့က​တော့ ထွက်​ပေါက်ရှာကာ ဘဝပျက်သွားကြတယ်၊ တချို့ကလဲ ​လောကကြီးနဲ့အဆက်ဖြတ်လိုက်ကြတယ်။ ဒါ​ပေမယ့် ဒါဟာ မှန်ကန်​သော လမ်းမဟုတ်ဘူးဆိုတာကို​တော့ လူတိုင်းကသိကြပါ​သော်လည်း ​နောက်ဆုံးမှာ​တော့ ​ရွေးချယ်သွားကြတတ်ပါတယ်။

ဗျာဒိတ်ကျမ်း ၂၁:၄
ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။

ကျွန်​တော်တို့ယုံကြည်သူ​တွေ​ရော ထိုကဲ့သို့ မနာကျဥ်ဘူးလား၊ မငို​ကြွေးတတ်ဘူးလား၊ အခက်အခဲပြဿနာ​တွေ မရှိကြဘူးလားဆိုရင်​တော့ ရှိပါတယ်လို့ ရိုးသားစွာ ဝန်ခံပါရ​စေ။ နာကျဥ်တတ်တယ်၊ ငို​ကြွေးတတ်တယ်၊ ခံစားတတ်သလို၊ လူမှု​ရေးမ​ပြေလည်မှု၊ စီးပွား​ရေး၊ အိမ်​ထောင်​ရေး၊ ပညာ​ရေး၊ အစရှိသဖြင့် အခက်အခဲ​​တွေကိုလည်း ရင်ဆိုင်ရတတ်ကြပါတယ်။ သို့​​သော် ဘာဖြစ်လို့များ အမြဲတမ်း ချီးမွမ်း​နေကြတာလဲ၊ ဘာလို့များအမြဲတမ်း ဝမ်း​မြောက်​နေကြတာလဲ၊ ဘာလို့များ အခက်အခဲပြဿနာ​တွေ မ​ပြေလည်ခြင်း​တွေ ငို​ကြွေးရခြင်း​တွေကို ကြုံရ​သော်လည်း ​လောကသား​တွေနဲ့မတူ ထူးခြား​နေရသလဲဆိုရင်ဖြင့် ထိုအခက်အခဲ​တွေအထဲမှာ လည်း ကျွန်ုပ်တို့ကိုးကွယ်​သော ဘုရားသခင်သည် အတူရှိ​နေ​သော​ကြောင့်ပဲဖြစ်ပါတယ်။

ငါသည်သင့်ကိုမစွန့်ဟူ​သော ကတိ​တော်၊ မစိုးရိမ်နှင့် ဆို​သော ကတိ​တော် စသဖြင့် ကတိ​တော်များကို စွဲကိုင်ကာ ဝမ်း​မြောက်ခြင်းရှိ​သော သူများပင်ဖြစ်​သော​ကြောင့်ဟု ​ပြောပါရ​စေ။ ခက်ခဲလား​မေးရင် ခက်ခဲတတ်ကြပါတယ်၊ မနာကျဥ်ဘူးလား​မေးရင် သိပ်နာကျဥ်တတ်ကြပါတယ်၊ ငို​ကြွေးတတ်ကြပါတယ် ဒါ​​ပေမယ့် ဒါဟာ ခဏတာအတွက်သာဖြစ်တယ်၊ ကိုယ်​တော်ခံ​ပေးခဲ့​သော ဒဏ်ချက်​​တော်ကိုဆင်ခြင်ကြည့်ရင် ဒါကမ​ပြောသာဘူးမဟုတ်ပါလား။ ထာဝရအသက်ကိုရပြီး ကောင်းကင်နိုင်ငံ​တော်တွင် ခံစားရမည့် ဝမ်း​မြောက်ခြင်းကို ဆင်ခြင်ကြည့်ရုံနှင်ပင် ဒီခက်ခဲနာကျဥ်​နေရတဲ့အထဲက​နေ​တောင် ဝမ်း​မြောက်​နေကြသည်မှာ ​မြေကြီးလက်ခတ်မလွဲ မဟုတ်​ပေဘူးလားခင်ဗျား။

ထို Pain ဆိုသည်မှာ ခဏတာ​လေးပင်ဖြစ်ပြီး ထို ခက်ခဲနာကျဥ်ခြင်း​တွေထဲမှာလဲ အတူရှိ​သောဘုရားဖြစ်ရုံသာမက ​အောင်မြင်​ကျော်လွှာနိုင်​စေမည်ဖြစ်သလို Joy မည်သည်​သော ဝမ်း​မြောက်ခြင်း​ကို ယခုဘဝ၊ ထာဝရကာလ ခံစားရမည်ကို ဆင်ခြင်ရုံနှင့်ပင် ​ကျေးဇူး​တော်ဟာ ကြီးမားလွန်းလှပါတယ်။ ဒါ့​ကြောင့် မိမိတို့ခံစားရ​သော နာကျဥ်ခြင်း​တွေဟာ တစ်ခဏသာဖြစ်ပြီး ထာဝရကာလ၏ ဝမ်း​မြောက်ခြင်း​တွေကို ဆင်ခြင်ရုံမက ယခုပင် ဝမ်း​မြောက်​နေကြတယ်ဆိုတာ ဧကန်မုချဖြစ်ပါတယ်လို့ အနည်းငယ်​ဝေမျှခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next