ဝိညာဥ်ရေးရာဂီလာန

ကျွန်တော်တို့ကိုယ်ခန္ဓါအတွက်လိုအပ်တဲ့ ဗီတာမင်တွေဆိုတာရှိပါတယ်။ ဒီထဲမှာမှ အရေးတကြီးမရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေကတော့ Vitamins A, C, D, E, K. B အုပ်စုတွေဖြစ်တဲ့ Thiamine(B1), Riboflavin(B2), Niacin(B3), Pantothenic acid(B5), Pyroxidine(B6), Biotin(B7), Folate(B9), Cobalamin(B12) တို့ဖြစ်ပါတယ်။
ဗီတာမင် (A, D, E, K) တွေကို ခန္ဓါကိုယ်၏အဆီတစ်ရှူးတွေမှာသိုလှောင်ထားပါတယ်။ အခြားကျန်သော ဗီတာမင်(၉)ခုသည် ရေတွင်ပျော်ဝင်နိုင်ပြီးတော့ ဆီးသွားသောအခါတွင်ခန္ဓါကိုယ်မှဖယ်ထုတ်လိုက်သောကြောင့်ပြန်လည်ဖြည့်တင်းဖို့ရာလိုအပ်ပါသည်။ ဗီတာမင် (B12) သည်ရေတွင်ပျော်ဝင်နိုင်သောတစ်ခုတည်းသောအရာဖြစ်ပြီးအသည်းထဲတွင်သိုလှောင်ထားသည်။ ထိုမရှိမဖြစ်လိုအပ်သော ဗီတာမင်(၁၃)မျိုးလုံးကိုရရှိရန်အကောင်းဆုံးနည်းမှာအစားအစာကိုသင့်တင့်မျှတစွာစားခြင်းပင်ဖြစ်သည်။ ဗီတာမင်တွေဘယ်လိုရမယ် ၊ ဘယ်အစားအစာတွေကဘာဓါတ်တွေပါမယ် ၊ ဘာရောဂါကာကွယ်ပေးတယ်ဆိုတာကိုတော့ လေ့လာနိုင်စေဖို့ရာ Link ကိုအောက်ဆုံးတွင်ဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော်တို့နေ့စဥ်ထမင်းစားတဲ့အခါမှာလဲ ထမင်းကြီးသက်သက်စားတာမဟုတ်ဘဲ ၊ ထမင်းနဲ့ဟင်းကိုမျှတစွာစားကြသကဲ့သို့ ယုံကြည်သူတစ်ယောက်ရဲ့နေ့စဥ်အသက်တာမှာ ဆုတောင်းခြင်း ၊ ကျမ်းစာဖတ်ခြင်း ၊ ဆင်ခြင်အောက်မေ့ခြင်း စသဖြင့် သင့်တင့်မျှတနေဖို့လိုပါတယ်။
ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေကအကယ်၍သာဆုတောင်းအားကြီးတယ်ကျမ်းစာတော့မဖတ်ဘူး ၊ ကျမ်းစာဖတ်အားတော့ကြီးပါတယ်ဆုတောင်းပျင်းတယ် ၊ ဆင်ခြင်အောက်မေ့လွန်းပေမယ့်ဆုတောင်းတာမရှိသလိုကျမ်းစာမသိဘူး စသဖြင့် မမျှမတသောဝိညာဥ်ရေးသာရှိနေလျှင် အာဟာရချို့တဲ့သောဝိညာဥ်ရေးဖြစ်လာမှာဖြစ်သလို သူတပါးအလွယ်တကူလိမ်လည်ဖျားယောင်းနိုင်ပါတယ်။ ဒါကိုဝိညာဥ်ရေးရာဂီလာနဖြစ်ခြင်းလို့ဆိုနိုင်ပါတယ်။
ကိုယ်မှာသာယုံကြည်သူတစ်ယောက်ရှိရမယ့် ဆုတောင်း ၊ ကျမ်းစာဖတ် ၊ ဆင်ခြင်အောက်မေ့ခြင်း စသဖြင့်အရာတွေမရှိနေရင် ၊ ယုံကြည်သူတွေရဲ့လက်နက်အစုံသာမရှိနေရင် ပြဿနာတွေကြုံတဲ့အခါ ၊ မှားယွင်းသောဩဝါဒတွေလာတဲ့အခါ မှားမှန်းမသိ ၊ မှန်မှန်းမသိနဲ့ အလွဲနောက်လိုက်မှန်းမသိလိုက်သွားရင်း နောက်ဆုံးမှာတော့ ကယ်တင်ခြင်းလမ်းပါလွဲချော်သွားနိုင်ပါသောကြောင့် သိပ်ကိုအန္တရာယ်ကြီးသောအရာဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ စာတန်ပင်လျှင်ကျမ်းစာသုံး၍လာပါတယ် ၊ လက်ရှိလွဲနေသော မှားယွင်းသောဩဝါဒတွေသည်လဲ ကျမ်းစာကိုအခြေခံပြီးလွဲပါတယ် ၊ ဒေဿနာဘယ်လောက်ကောင်းကောင်း ကျမ်းစာအခြေမခံထားလျှင် ၊ ကျမ်းစာအခြေခံထားသော်လည်း အလွဲပြောနေလျှင် ၊ ကျမ်းစာသုံးတာဘဲဆိုပြီး မျက်စိမှတ်မခံယူဖို့ရာအရေးကြီးပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်တွေသည်အစားအစာကိုသင့်သင့်စွာစားသုံးကြသလို ဝိညာဥ်ရေးရာအစာကိုလဲမျှတစွာစားကြဖို့နဲ့ပြင်ဆင်ထားသောလက်နက်စုံကိုဝတ်ဆင်ကြပါစို့လို့အနည်းငယ်တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ဧဖက်ဩဝါဒစာ ၆:၁၄-၁၇
သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊
ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။
မာရ်နတ်ပြစ်ခတ်သော မီစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို လည်းခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။
ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
ဗီတာမင်တွေဖော်ပြထားတာကိုလေ့လာဖို့ဖြစ်ပါတယ်။