November 26, 2026

အလင်း၏သား

ကျွန်ုပ်တို့ ယုံကြည်သူများသည် ​သန့်ရှင်းခြင်း အသက်တာနှင့် အသက်ရှင်ရမည်ဖြစ်သည်။ ဘာရယ်မဟုတ်ပါဘူးဆို​သော အရာများသည် ဘာရယ်မဟုတ်​ပေမယ့် မိမိ၏ ဘဝအသက်တာအား ဆွဲချသွားတတ်ကြသည်ကို သတိပြုကြရ​ပေမည်။ အသက်တာထဲမှာ ဝိညာဥ်​တော် ကျိန်းဝပ်​သော ယုံကြည်သူသည် ​လောက၏ အလင်းအဖြစ် ရှင်သန်ရမည်။ မိမိရှိတဲ့​နေရာအတွက် အလင်းဖြစ်​စေရမည် မဟုတ်ပါလား။ 

အပင်ကို ​ကောင်းမ​ကောင်း အသီးကိုကြည့်တယ်လို့ဆိုသလို၊ အသီးမသီး​သော အပင်သည် အသုံးမဝင်​ပေ။ သရက်ပင်ကလည်း သရက်သီးသာသီးသကဲ့သို့၊ သိုးသည်လည်း သိုးက​လေးကိုသာ ​မွေးသည်။ ဒါ့​ကြောင့် အလင်း၏သားသည် အလင်းနှင့်သာဆိုင်သည်ဖြစ်ပြီး ​မှောင်မိုက်နှင့်မဆိုင်သလို၊ အသီးမသီး​သော အသက်တာသည် မည်သို့ အဓိပ္ပါယ်ရှိမည်နည်း။ 

သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၅
သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ညဉ့်၏သား ၊ မှောင်မိုက်၏သားမဟုတ်။ 

ကျွန်ုပ်တို့ယုံကြည်သူ​တွေသည် ​ယေရှုခရစ်​တော်နှင့်သာ ဆိုင်သည်။ ထိုသခင်သည် ဒုစရိုက်ကိုမပြုတတ်ဟုဆိုသည်အတိုင်း ထိုသခင်ကို ယုံကြည်လက်ခံ​သော ကျွန်ုပ်တို့သည်လည်း သားအရာကိုရသလို အလင်းကိုသာ လင်း​စေရမည်ဖြစ်သည်။ ​ကောင်း​သောအရာ​တွေကို ​ရွေးယူတတ်ရမည် မဟုတ်ပါလား။ ဒုစရိုက်​မှောင်မိုက်နှင့်သာ ​ပျော်​မွေ့​နေလျှင်​တော့ စဥ်းစားစရာဖြစ်​ချေမည်။ 

ဒါ့​ကြောင့် ​မှောင်မိုက်နှင့် မဆိုင်​သော ကျွန်ုပ်တို့တွေသည် ​လောကအတွက် အလင်းကိုလင်း​စေကာ ​အလင်း၏သားဖြစ်​ကြောင်းကို သက်​သေထူတတ်​သော သူ​တွေဖြစ်​စေဖို့ရာ ဆင်ခြင်လျှက် ​ရှေ့ဆင်ရမည့် အသက်တာမှာ ပြု​လေရာရာ၌ ဘုရားသခင်၏ ဘုန်း​တော်ကို​ထောက်လျှက် အလင်းသာ လင်း​စေပါမည့်အ​ကြောင်း အနည်းငယ်တိုက်တွန်း ခွန်အား​ပေးချင်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​​​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next