November 26, 2026

အရာရာ၌ကျေးဇူး​တော်သည်ကြီးလှပါ၏

ကျေးဇူး​တင်ပါတယ်ဆိုတာအင်မတန်မှနား​ထောင်​ကောင်းတဲ့စကား​လေးဆိုရင်မမှားပါဘူး။ ကျွန်​တော်တို့​တွေ​ Taxi ​ပေါ်ကဆင်းရင် ကားဆရာကို ​ကျေးဇူးပဲအကိုလို့ဆိုတတ်ကြတယ်၊​ဈေးဝယ်ရင်လဲ​ရောင်းသူကို​ကျေးဇူး​နော်အမလို့​ပြောတတ်ကြပြန်တယ်။

ဒီလိုပဲဘုရားကို​ကျေးဇူးတင်ပါတယ်ဆိုတာဟာလူကိုမထီမဲ့မြင်ပြုခြင်းမဟုတ်ဘူးဆိုတာနားလည်ရတယ်။
ဥပမာ။ ထမင်းစားရလို့​ကျေးဇူး​တော်ချီးမွမ်းတယ်။ ထိုသို့​ကျွေး​မွေးချက်ပြုတ်တဲ့လက်အသီးသီးကိုလဲ​ကျေးဇူးတင်တယ်၊ဆု​တောင်း​ကောင်းကြီး​ပေးတယ်။ ဒါဟာ လူကိုပါအသိအမှတ်ပြု​ကျေးဇူးတင်ခြင်းဖြစ်တယ်။ လူကိုလဲ​ကျေးဇူးတင်တယ်​ပြောပါတယ်။ ဆရာမိုးမင်း​ထွေး​ပြောပြဖူးတဲ့တကယ့်အဖြစ်အပျက်တစ်ခုက​တော့ ရွာတစ်ရွာမှာ​နေ့လည်စာ​ကျွေး​တော့ ​ကျေးဇူး​တော်ချီးမွမ်းပြီးမျက်စိဖွင့်ကြည့်​တော့ပန်းကန်​တွေမရှိ​တော့ဘူး။ ထမင်းပန်းကန်ပြန်သိမ်းသွားတာရှိခဲ့ဖူးတယ်။ ​ကျေးဇူး​တော်ချီးမွမ်းခြင်းကိုသူတို့နားမလည်လို့ဖြစ်တယ်။

 

ဒီလိုစားနိုင်တာ​ကျေးဇူးတင်တယ်၊ဝါးနိုင်ဖို့သွားရှိ​သေးတာ၊လှုပ်ရှားနိုင်​သေးတာ၊ဒီလိုစားနိုင်ဖို့ကျန်းမာခြင်းရှိတာ၊အစရှိသဖြင့် ​အရာရာကကျေးဇူး​တော်​တွေကြီးပဲဖြစ်တယ်ဒါ့​ကြောင့်ချီးမွမ်းတယ်၊ သို့​သော် လူရဲ့​ကျေးဇူးပြုခြင်းကိုလဲ​ကျေးဇူးတင်ပါတယ်​လို့​ပြောတတ်​သောသူ၊​ကျေးဇူးတင်တတ်​သောသူလဲဖြစ်ရမယ်ဆိုတာနားလည်​စေချင်ပါတယ်။ ဘုရားပဲ​ကျေးဇူးတင်ပြီး လူရဲ့​ကျေးဇူးပြုခြင်းကို​ကျေးဇူးမတင်တတ်ရင် ဘုရားကို​ကျေးဇူးတင်တာအလကားအာပလာပဲဖြစ်မှာပါ။ဘယ်လိုယုံရမည်နည်း။ မြင်ရတဲ့လူရဲ့​ကျေးဇူးကိုမှမသိတတ်ရင် မမြင်ရတဲ့ဘုရားကိုဘယ်လို​ကျေးဇူးတင်တယ်ဆိုတာဖြစ်နိုင်မလဲ၊မြင်ရတဲ့လူကိုမှမချစ်ရင်မမြင်ရတဲ့ဘုရားကိုချစ်တယ်ဆိုတာဖြစ်နိုင်ပါ့မလား။

 

ယုံကြည်သူ​တွေက ပြိုင်ပွဲ​တွေမှာရှုံးရှုံးနိုင်နိုင်၊ဆိုးဆိုး၊​ကောင်း​ကောင်း၊ကျန်းမာခြင်း၊မကျန်းမာခြင်း၊အသက်ရှူရခြင်း၊စသဖြင့်မည်သို့ပင်ဖြစ်​စေကာမူ ​ကျေးဇူး​တော်ပဲချီးမွမ်းတတ်ကြပါတယ်။ ​နောက်ဆုံး​အသက်ဆုံးသွားရင်လဲ​ကျေးဇူး​တော်ချီးမွမ်းခြင်းနဲ့သာအဆုံးသတ်ပါတယ်၊လူ့သဘာဝအ​လျှောက်စိတ်မ​ကောင်း​ပေမယ့်​တမလွန်အတွက်စိတ်ချရလို့လဲ​ကျေးဇူး​တော်ကိုချီးမွမ်းသလို၊ပြန်လည်​တွေ့ဆုံကြမှာဖြစ်လို့လဲချီးမွမ်းကြပါတယ်။

တကယ့်အဖြစ်​လေးတစ်ခုဆရာတစ်​ယောက်​ပြောဖူးတာ​လေးပြန်​ဝေမျှ​ပေးချင်ပါတယ်။ ကရင်အဘိုးကြီးတစ်​ယောက်ကအမြဲ​ကျေးဇူး​တော်ပဲချီးမွမ်းတတ်တယ် ဒါကိုသူ့​မြေး​လေး​တွေကသိတယ်၊တစ်​နေ့​တော့ အဘိုးကသရက်သီးခူးတာသစ်ပင်​ပေါ်ကဖင်ထိုင်ရက်ပြုတ်ကျ​တော့ ဒီတစ်ခါ​တော့ငါတို့အဖိုး​ကျေးဇူး​တော်မချီးမွမ်းနိုင်​တော့ဘူးလို့ဆိုတုန်းရှိ​သေး၊ အဘိုးက Praise The Lord လို့ချီးမွမ်းသတဲ့။ ဟာအဘိုးဘာလို့တုန်းဆို​တော့ ​ကျေးဇူး​တော်ပဲ ငါမကျိုး​သေးဘူးလို့ဆိုပါတယ်။ 

 

( For the ​... ) ပေါ့ ဘယ်အရာအတွက်ဖြစ်​စေ၊​ကောင်းခြင်းဆိုးခြင်းအရာရာအလုံးစုံကို​ ယုံကြည်သူ​တွေက ဘယ်လိုအ​ခြေအ​နေဖြစ်ပါ​စေ​ ကျေးဇူး​တော်ချီးမွမ်းကြတယ်။ မိမိရဲ့အသက်တာမှာ ဘုရားသခင်​ကျေးဇူး​တော်ကလုံ​လောက်လျှက်ရှိတယ်ဆိုတာပဲဖြစ်ပါတယ်။ လူရဲ့​ကျေးဇူးလဲသိတတ်ပါတယ်၊​ကျေးဇူးတင်ပါတယ်လဲ​ပြောပါတယ်၊ ဥပမာ ဆရာဝန်​တွေ၊ကူညီမစ​ပေးသူ၊အမျိုးမျိုးကို​ကျေးဇူးတင်ပါတယ် ဒါ​ပေမယ့် Put GOD First ဖြစ်လို့ ​ရှေးဦးစွာဘုရားသခင်ရဲ့​ကျေးဇူး​တော်ကိုပဲချီးမွမ်းခြင်းဖြစ်တယ်။ ဒါကို​တော့ နားလည်တတ်ဖို့လိုပါတယ်။ မယုံကြည်သူ​တွေ​က ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာကို ဦးထိပ်ထားသကဲ့သို့ မိမိတို့သည် ဘုရားသခင်ကို နံပါတ်တစ်ထားတယ်ဆိုတာကိုနားလည်ကြမယ်ဆိုရင် ဘုရားကို​ရှေးဦးစွာချီးမွမ်းခြင်းကိုနားလည်နိုင်ပါတယ်။ ပြီးမှ လူ​တွေကို​ကျေးဇူးတင်​ကြောင်း​ပြောတာဖြစ်ပါတယ်။ ​ကျေးဇူးမကန်းဘူးဆိုတာကိုနားလည်​စေချင်ပါတယ်။

ယုံကြည်သူ​တွေလည်း အရာရာ၌​ကျေးဇူး​တော်ကိုချီးမွမ်းတတ်​သောသူ​တွေဖြစ်​စေဖို့ဘုရားသခင်အလိုရှိတယ်ဆိုတာကိုအနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

 

ဆာလံကျမ်း ၂၃:၆
အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာကို တစ်သက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲ နေရပါလိမ့်မည်။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next