The Fish That You Should Never Eat

လူရယ်လို့ဖြစ်လာရင်အာဟာရဖြစ်စေဖို့စားရပါတယ်။ အစားအသောက်ဟာလူတစ်ယောက်အတွက်လဲအရေးပါတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။ စားဖို့အတွက်အသက်ရှင်ကြတာမဟုတ်သော်လည်း အသက်ရှင်ဖို့အတွက်လဲစားရပါသေးတယ်။ ခွန်အားဖြစ်စေမယ့်အစာတွေအမျိုးမျိုးထဲမှာမှ ငါး(Fish)အကြောင်းဆိုရအောင်။ ငါးစားတဲ့အခါ အရိုးကိုဖယ်စားကြပါတယ်။
ငါးတိုင်းနီးပါးမှာအရိုးပါသလို လူတိုင်းကတော့အမှားမကင်းပါဘူး။ ငါးသလဲထိုးစားတဲ့အခါ အရိုးဖယ်လို့မရဘူးဖြစ်တယ်အရိုးသည်သေးလွန်းလို့အရိုးရောအသားရောစားကြပါတယ်။ ဒီလိုပါပဲ ငါးပူတင်းကိုစားရင်တော့အဆိပ်ကိုဖယ်စားရပါတယ်။ ဒီငါးမျိုးဆိုတာအဆိပ်အင်မတန်ပြင်းတဲ့ငါးပါ။
သူ့အသားလွှာက (Sashimi)ဈေးအရမ်းကြီးပါတယ် မလုပ်တတ်ရင်အဆိပ်မိကာသေနိုင်ပါတယ်။
ဘာဖြစ်လို့သေစေနိုင်တဲ့ငါးပူတင်းကိုစားသလဲဆိုရင် စိတ်လှုပ်ရှားစေလို့ဖြစ်တယ်ဆိုကြပါတယ်။ ဘယ်လောက်အရသာရှိနေပါစေ။ သေချာတွေးကြည့်ရင်မစားသင့်ဘူးလို့ဆိုရမယ်ထင်ပါတယ်။ အကယ်၍သာအဆိပ်မထုတ်မိရင်စားမိတဲ့လူသေမှာဖြစ်တယ်။ ဒါကငါးဖြစ်ပါတယ်။ အကယ်၍သာယုံကြည်သူတစ်ယောက်အတွက်မှားယွင်းသောဩဝါဒသာဖြစ်နေရင် အသက်တာလွဲမယ် ၊ ခံယူချက်မှားမယ် ၊ ယုံကြည်ချက်လွဲမယ် ၊ နောက်ဆုံးမှာကယ်တင်ခြင်းလမ်းပါလွဲသွားနိုင်ပါတယ်။စကားအားဖြင့်မှားနိုင်ကြပါတယ် သို့သော် Major နဲ့ Minor ကိုတော့သိရမယ်ဖြစ်တယ်။ တချို့အရာတွေက Compromise (အရောအနှော) မလုပ်ရဘူး ဥပမာ ကယ်တင်ခြင်းဧဝံဂေလိ ၊ ယေရှုခရစ်တော် ၊ စသဖြင့်ပေါ့။ Doctrine of Christology , Salvation , အစရှိသဖြင့်မမှားရမယ့်အရာကတော့မှားလို့ကိုမရဘူးပေါ့။
ငါးပူတင်းလိုအဆိပ်ထုတ်လို့ရတဲ့ဩဝါဒတော့ရှိမယ် သို့သော်အကယ်၍သာအဆိပ်မထုတ်မိရင် (ပိုင်းခြားနားမလည်မိလိုက်ရင်) သွားပြီ။ ဒါကငါးပူတင်းလိုသိသာနေတဲ့ အဆိပ်ကိုဖယ်လို့ရတဲ့ဩဝါဒမျိုးကိုဆိုလိုတာဖြစ်တယ်။
ငါးသလဲထိုးလိုသာ အရိုးဖယ်မရတဲ့အရာမျိုးဖြစ်နေရင် သင်ဘယ်လိုဖယ်မလဲ။ တချို့ကလျှို့ဝှက်စွာလာတဲ့ဩဝါဒတွေဖြစ်တယ်။ (၁၀၀) မှာ (၉၀)လောက်သည်သွန်သင်ချက်ကောင်းတယ်။ ကောင်းမှာပေါ့ သူလဲ ဒီကျမ်းစာပဲကိုင်တယ်လေ ဒီထဲကပဲဩဝါဒပေးတာဖြစ်တယ်။ ကျန်တဲ့ (၁၀)ဖိုးကိုဖွက်ထားတယ်။ ဆိုကြပါစို့ယေရှုကလူဖြစ်တယ်ဘုရားမဟုတ်ဘူး။ဘာမှမတတ်နိုင်ဘူး၊ဘုန်းမရှိ၊အစွမ်းမရှိ၊တန်ခိုးမရှိ၊အာဏာမရှိ၊ Jesus is nothing လို့ဆိုတယ်။ ဒါပေမယ့် ဖွက်ထားတယ် အမြဲမဆိုဘူး ၊ အမြဲမသွန်သင်ဘူး။ ဒီတော့ သင်နဲ့ကျွန်တော်က မသိဘူး (၉၀)ဖိုးပဲမြင်တယ်ဆိုတော့ သူများကထောက်ပြပြောပြရင်လဲ သွန်သင်ချက်တွေကောင်းလို့ အရိုးဖယ်၊အသားစားပြောမယ်ဆိုကြပါစို့။ဘယ်လိုစားမလဲ။ ငါးသလဲထိုးကိုအရိုးဘယ်လိုဖယ်မလဲ။
သူ့ရဲ့ပုံဆောင်ချက်က ငါးသလဲထိုးနဲ့သွားတူတယ်။ အရိုးကိုဖယ်လို့မရဘူး မမြင်ရဘူးဖြစ်တယ်။ အကုန်စားလို့ရနိုင်လောက်အောင် ဖွက်ထားတယ်။ ဒီဩဝါဒကိုစားသုံးရင်းစားသုံးရင်းနဲ့ကိုယ်ပါလိုက်မှားသွားနိုင်ပါတယ်။ ဒါ့ကြောင့်မို့တကယ်ဆိုရင် ထိုဒေသနာမပါတဲ့ငါးသလဲထိုးနဲ့တူသော ဩဝါဒတွေကိုရှောင်တာအကောင်းဆုံးဖြစ်ပါတယ်။ တကယ့်ငါးသလဲထိုးအစစ်သည်စားလို့ကောင်းပါတယ် သို့သော် ဒါကမတူဘူးဆိုတာနားလည်ရပါတယ်။ ဒါ့ကြောင့်မို့လို့ မှားယွင်းသောဩဝါဒတွေသည် အရိုးဖယ်အသားစားမရလောက်အောင်ပင်ဖြစ်တယ်ဆိုတာကိုနားလည်နိုင်ဖို့ရာငါးသလဲထိုးသီဩလော်ဂျီ (Theology Of Loach) လေးနဲ့ဆင်ခြင်ကြဖို့ရာအနည်းငယ်ဝေမျှခွန်အားပေးလိုက်ပါတယ်။
ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၇
လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
အဆိပ်ပါတဲ့ငါးပူတင်းကိုမှားရောင်းမိတဲ့အကြောင်းဖတ်ချင်ရင် ဒီမှာဖတ်ပါ။
https://www.ibtimes.com/what-are-fugu-poisoning-symptoms-toxic-fish-mistakenly-sold-japan-2641860