November 26, 2026

ငယ်​သောအရွယ်မှစ၍

ရုပ်ရှင်ထဲတွင်​မင်းသမီးတို့သားအမိသည်အခြားမိသားစုကိုကလဲ့စား​​​ချေရန်နှစ်(၃၀)​လောက်ပြင်ဆင်ခဲ့သည်။ 
တစ်​နေ့တွင်ဒီ​မင်းသမီး၏အ​မေအရင်း​ပေါ်လာ​ပြီး သူ၏ဘဝအမှန်ကိုသိလာရ​သောအခါလက်ရှိအ​မေကိုအထင်လွဲပြန်သည်။ ထို့​ကြောင့်ကလဲ့စား​ချေရန်သာထပ်မံပြင်ဆင်ပြန်​ပေသည်။

ဒီမင်းသမီးက​လေးဘဝကတည်းက သူသိတာသည် ကလဲ့စား​ချေမည်ပင်ဖြစ်ခဲ့ဟန်တူသည် ၊ ထို့အတူ အ​မေသည်လည်းထိုအရာကိုသာသွန်သင်၏။ ထို့​ကြောင့်အသက်ကြီးလာ​သော်လည်း ကလဲ့စား​ချေခြင်းကိုသာဆက်လက်ပြင်ဆင်သည်ကို​တွေ့ရပါတယ်။ ဒါရိုက်တာ၏ရည်ရွယ်ချက်သည်ဒီအရာဖြစ်ချင်မှဖြစ်မည်ဖြစ်​သော်လည်း ၊ သင်ယူမိသည်မှာထိုအရာဖြစ်​နေ​ပေသည်။

 

သမ္မာကျမ်းစာထဲတွင်လည်း မည်သို့ပင် ​ခေါင်း​​ဆောင်​တွေ ၊ ရှင်ဘုရင်​တွေ စသဖြင့်ဖြစ်​နေပါ​စေ မိမိ၏က​လေးကိုသွန်သင်ရာတွင်လိုအပ်ချက်များရှိခဲ့​သော​ကြောင့် ထိုက​လေးများအသက်ကြီး​သောအခါ လမ်းမှားသို့​ရောက်သွားကြတာကိုမြင်ရပါတယ်။ မိမိ၏သားသမီး ၊ ​နောက်မျိုးဆက်ကို သခင်ဘုရားကိုသိကျွမ်း၍ သမ္မာတရားလမ်းမှမလွဲသွား​စေရန် သွန်သင်ရန်လွန်စွာအ​ရေးကြီးသည်ကိုသတိပြုသင့်​ပေသည်။

 

မိမိသားသမီးကယ်တင်ခြင်းစိတ်ချရရုံမက​သေးဘဲ ၊ အသက်တာမှာဘုရားနဲ့​လျှောက်လှမ်းတတ်ပြီး ၊ ဘုရားဘုန်း​တော်ထင်ရှား​သောသူ ၊ သူတပါးအတွက်အလင်းလင်းသောအသက်တာ ၊ ​လောက၏ဆားအဖြစ်အသက်ရှင်​သောအသက်တာ ဖြစ်လာသည်အထိပျိုး​ထောင်​ပေးရန်လိုအပ်ပါတယ်။ သွန်သင်ခြင်းသည်လွန်စွာအ​ရေးကြီး​သော်လည်း ​လောကကဲ့သို့မဟုတ်​ဘဲ သမ္မာတရားနဲ့အညီဖြစ်​စေရန်သတိပြုရ​ပေမည်။ ဒါ​ကြောင့်မို့လို့ သူငယ်ကိုငယ်​သောအရွယ်မှစ၍သမ္မာတရားနဲ့အညီသွန်သင်ကြပါစို့လို့အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

 

သုတ္တံကျမ်း ၂၂:၆
သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next