November 26, 2026

မျက်စဥ်းခပ်ပါ

သင်ဘာကိုမြင်လဲ၊ သင်ဘာကိုကြားလဲ၊ သင်ဘာကို​မျှော်လင့်လဲ၊ သင်ဘာကိုတမ်းတသလဲ၊ စသဖြင့်ထိုအရာ​တွေက သင့်ရဲ့အသက်တာမှာ အ​ရေးကြီး​သော အစိတ်အပိုင်းတစ်ခုပင်။ ဟုတ်ပါတယ်မိတ်​ဆွေ။ ကျွန်ုပ်တို့ မြင်တဲ့၊ ကြားတဲ့၊ တမ်းတတဲ့အရာ​တွေဟာ မိမိရဲ့နှလုံးသားကိုလဲ သက်​ရောက်​စေတယ်။

မ​ကောင်းမသင့်တဲ့အရာ​တွေ၊ ​လောကဆန်တဲ့အရာ​တွေမြင်​နေမယ်၊ ​ပတ်ဝန်းကျင်​ကြောင့် သင်နာကျဥ်ရတယ်၊ အမျိုးမျိုး​သော ​လောကဒဏ်​တွေ​ကြောင့် ငို​ကြွေး​နေရတယ်၊ ဘာဆိုဘာမှကို အမြင်မကြည်လင်ဘူး၊ အ​ကောင်းမမြင်နိုင်ဘူးဖြစ်​နေတယ်၊ ဘယ်သူ့ကိုမဆို အ​ကောင်းမထင်​တော့ဘူး၊ ​ကျေးဇူး​တော်​လဲ ကွယ်​ပျောက်လာသလိုဖြစ်​နေတယ်၊ ​ကျေးဇူး​တော်ကိုမမြင်တတ်​တော့ဘူး၊ ဘာလို့ငါ့ကျမှဖြစ်ရ​လေခြင်းဆိုပြီး နာကျဥ်​နေတယ်၊ သင့်ရဲ့ ကျန်းမာ​ရေး လူမှူ​ရေး စီးပွား​ရေး အိမ်​ထောင်​ရေးစသဖြင့်အရာရာဟာ ​​ရှေ့ဆက်ဖို့လမ်းမရှိ​တော့သလို မှောင်မိုက်​နေတယ်၊ ဖြူ​ဖွေး​နေတဲ့ စက္ကူအဖြူ​လေးတစ်ရွက်အ​ပေါ်မှာ အမဲစက်က​လေးတစ်ခုကို မြင်မိကြသလို ဘုရားသခင်ရဲ့ ​ကောင်းမြတ်ခြင်း​တွေကို မမြင်​တော့ဘဲ လက်ရှိခက်ခဲခြင်း​တွေကိုသာ မြင်​နေမိတယ်၊ မဖြစ်သင့်တာသိ​ပေမယ့် ပြင်မရဘူးဖြစ်​နေတယ်၊ ဒီ့အတွက်​ကြောင့်လဲ အရမ်းကို နာကျဥ်​​နေရတယ် ငို​ကြွေး​နေမိတယ်။ အကြိမ်ကြိမ်နာကျဥ်​နေရပြီး အသက်မရှင်ချင်​တော့​လောက်​အောင်ကို စိတ်ပျက်အားငယ်​နေရတယ်ဆိုရင်​တော့ ဒီ​နေ့မှာ လွတ်​မြောက်ခြင်းရမှာဖြစ်တယ်။

ဒီလိုအချိန်မှာ​တော့ ဒီမမြင်နိုင်တဲ့မျက်စိ၊ ဒဏ်ရာရ​နေတဲ့မျက်စိကို ​မျက်စဥ်းခပ်ဖို့လိုအပ်​နေပြီဖြစ်ပါတယ်။ ဒီမျက်စဥ်းက​တော့ နှုတ်ကပါ​တော်ပဲဖြစ်တယ်။ ​ကျွန်​တော်တို့ကကောင်းပါတယ် မြင်​နေရတယ်ဆိုလဲ ခပ်ကိုခပ်ရမယ့်အရာဖြစ်ပါတယ်။ အခက်အခဲအတားဆီး​တွေကို သင်ရင်ဆိုင်နိုင်တဲ့အ​ဖြေ၊ သင့်ရဲ့အားပြည့်ရခြင်း လွတ်​မြောက်ခြင်းရဲ့လျှို့ဝှက်ချက်သည် ဒီနှုတ်ကပါတ်​တော်မှာ အ​ဖြေရှိတယ်ဆိုတာပဲဖြစ်တယ်။ သမ္မာတရားကိုသိရင်လွတ်ခြင်းအခွင့်ရမယ်ဆိုသကဲ့သို့ ထိုအရာ​တွေမှယ​နေ့မှာ လွတ်​မြောက်ခြင်းအတွက် ယခုပင် မျက်စဥ်းခပ်ပါ။

သုတ္တံကျမ်း ၁၈:၈
ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတတ်၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next