November 26, 2026

ကျမ်းစာသုံး​သော်လည်း

အမြင်(၂)မျိုး (သို့) ရှု​ထောင့်(၂)မျိုးကို တင်ချင်ပါတယ်။ ဩဝါဒအလွဲများ၏ ကျမ်းစာလိုရာစွဲသုံးခြင်းသည် စာတန်အလားဖြစ်တယ်၊ ယုံကြည်သူတို့၏ သတိပြုဆင်ခြင်ရန် တို့ကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ရာ တင်ပြ​ဆွေး​နွေးသွားချင်ပါတယ်။

ယ​နေ့မြင်​တွေ့​နေရ​သော အချို့​သော ဩဝါဒများ၊ အဖွဲ့အစည်းများသည် ကျမ်းစာကိုပင်သုံး​သော်လည်း လွဲမှားသော ဩဝါဒများဖြစ်ကြသည်။ တနည်းဆို​သော် အလွဲယူ အယူလွဲ​ပေါ့၊ မိစ္ဆာအယူလွဲ မှားယွင်း​သော ဩဝါဒများ ဟုဆိုလျှင် မမှား​​ချေ။

ကျမ်းစာကိုချပြကာ မည်သို့ပင် သူတို့ အယူလွဲဝါဒများကိုအယုံသွင်းဖို့ကြိုးစားကြံစည်​နေကြပါ​သော်လည်း သမ္မာတရားနှင့်လွဲ​နေလျှင် မိမိတို့ ယုံကြည်သူတို့အတွက် အကျိုးမရှိသည်ကို သိရ​ပေမည်။ သူတို့၏ ကျမ်းစာကို လိုရာစွဲ​ပြောခြင်း၊ လက်တစ်လုံးခြားလုပ်ခြင်းကို မဆိုဦးနှင့်၊ စာတန်သည်ပင်လျှင် ကျမ်းစာကိုသုံးကာ လှည့်ဖျားတတ်​ပေသည်။ ထိုအရာကို အတုယူပြီး လိုက်လုပ်လျှင်​တော့ မ​ပြောတတ်​ပေ။ လုပ်ကွက်က​တော့ တူလွန်း၏။

စာတန်သည် ​ယေရှုခရစ်​တော်ကို ​သွေး​ဆောင်ရာ၌ ကျမ်းစာကိုသုံး၍ ဆိုခဲ့သည်။ 

(၁) ဘုရားသားမှန်လျှင် ​ကျောက်ခဲကို မုန့်ဖြစ်​စေဖို့လုပ်ပါ။ ​ယေရှုဘယ်လိုတုန့်ပြန်သလဲဆိုရင် ကျမ်းစာနဲ့တုန့်ပြန်တယ်။

(၂) ဒီ​တော့ သူလဲ ကျမ်းစာကိုပြန်သုံးတယ်။ ကျမ်းစာလာသည်ကား ..... သင်၏​ခြေကို ​ကျောက်နှင့်မထိမခိုက်​စေခြင်းငှာ သူတို့သည်သင့်ကို လက်နှင့်မစ ချီပင့်ကြလိမ့်မယ်။ ​ယေရှုကျမ်းစာနဲ့ပြန်တုန့်ပြန်တယ်။

(၃) ငါ့ကိုကိုးကွယ်ရင် စည်းစိမ်အာဏာ၊ အကုန်ရမယ်။ ​ယေရှုကျမ်းစာနဲ့သာ ပြန်တုန့်ပြန်တယ်။

သတိပြု ဆင်ခြင်ရန်မှာ။ 

(၁) ကျွန်​​တော်တို့၏ အားနည်းချိန်၊ ​သွေးသားဇာတိတတပ်မက်ခြင်း၊ မွတ်သိပ်ခြင်း၊ စသည့်အချိန်​တွေမှာ အ​သွေးအသားဇာတိ၏ အလိုသို့လိုက်၍ ​ဖောက်လွဲ​ဖောက်ပြန်ဖြစ်​စေရန် ​သွေး​ဆောင်ခံရတတ်ပါတယ်။

(၂) ကျမ်းစာထဲမှာပါတယ်​လေ ဆိုပြီး၊ လိုရာစွဲ​ပြောကာ လွဲမှား​စေခြင်း၊ ကျမ်းစာထဲမှာ ​​ပေတရု ရေ​ပေါ်မှာလမ်း​လျှောက်တယ်ဟုဆိုကာ လိုက်လုပ်၍ အသက်ဆုံးရှုံးရခြင်းသို့​ရောက်သွား​သော ကိုရီးယားမှ အမျိုးသမီး၊ ကျမ်းစာကိုလိုရာစွဲယူ တတ်​သောသူများအား သတိပြုသင့်သလို မိမိလဲ ထိုသို့မဖြစ်​စေရန်သတိပြုရမည်။

(၃) အ​ပေါ် (၂)ခုကဲ့သို့အရာ​တွေကို​တော့ ​အောင်မြင်ပါတယ်၊ ရာထူးစည်းစိမ်နဲ့ စုံစမ်းရင် ရှုံးနိမ့်ရသူ​တွေလည်းရှိတတ်ပါတယ်။ တချို့က ဘုရားကိုစွန့်ကာ ရာထူး၊ အာဏာ၊ အ​မွေဥစ္စာ၊ အလုပ်၊ စသဖြင့် မိမိ၏ တပ်မက်စိတ်ကိုသာ ဦးစား​ပေးသွားတတ်ကြတယ်၊ ဒီအရာကို ဆင်ခြင်ဖို့လိုပါတယ်။ တချို့ကလဲ ဩဝါဒအလွဲ​တွေဆိုတာကိုသိပါတယ် ဒါ​ပေမယ့် ​အဖိုးအခအဖြစ် ရ​သော​ငွေပမာဏပိုများ၍ စာအုပ်​တွေကို ဘာသာပြန်​ပေးခြင်း၊ အလွဲမှန်းသိပါတယ် နာမည်ကြီးချင်လို့(တစ်ခုခုရလို့) သီချင်းဆို​ပေးခြင်း၊ တရား​ဟော​ပေးခြင်း၊ စသဖြင့်​တွေဟာ ​သတိပြုသင့်​ပေသည်။

​နောက်တစ်ခုအထူးသတိပြုသင့်သည်မှာ။ ကျွန်​တော်တို့၏ အချို့ခရစ်ယာန်အဆို​တော်အသိုင်းအဝိုင်း နှင့် ဘာသာပြန်အချို့တို့သည် ဘယ်ဟာက​တော့ အယူလွဲဆိုတာကိုမသိကြ​ချေ၊ ထို့​ကြောင့် ခရစ်ယာန်​တွေတူတူပါလို့ ထင်ကြပြီး အခမဲ့သီဆို​ပေးခြင်း​တွေ၊ ဘာသာပြန်​ပေးခြင်း​တွေကိုလုပ်ကြတာဖြစ်ပါတယ်။ 

တကယ့်ဖြစ်ရပ်မှန်က​လေးကိုပြန်လည်​​ပြောပြ​ပေးချင်ပါတယ်။ (အမည်မ​ဖော်လိုသူ) ဘာသာပြန်ဆရာတစ်​ယောက်သည် အယူလွဲတို့၏စာအုပ်ကို ဘာသာပြန်ခြင်း လုပ်​ပေးရင်း တစ်​နေ့မှာ မူမမှန်တာ သိလာပြီး မလုပ်​တော့ဘူးလို့​ပြောပြပါတယ်။ (ထိုအဖွဲလဲ ကျမ်းစာအုပ်ကိုင်တာ/သုံးတာဘဲ) သူတို့နဲ့ အလုပ်မလုပ်​တော့ဘူးစွန့်ခွာလိုက်တယ်​။ ရစရာရှိတာ​တွေလဲမရ​တော့ဘူး ဒါ​ပေမယ့် ​နောင်တမရဘူး မှားယွင်း​သောဩဝါဒဆိုတာကို သိလိုက်ရတဲ့အတွက် ​နောက်ဆုတ်လိုက်တယ်။ တနည်းအားဖြင့် သူသာ ဘာသာဆက်ပြန်​ပေးမယ်ဆိုရင် လူအများကြီး အလွဲယူကာ အယူလွဲပြီး ​​ချောက်ထဲကျကုန်​တော့မယ့် မိစ္ဆာဩဝါဒ​တွေ သာ၍တိုးပွားလာဦး​ပေမည်။ လူတိုင်းသာ ဒီလို​လေး နားလည်ကြမယ်ဆိုရင် အယူလွဲ​တွေသာ အလွဲယူကြကာ ကိုယ့်အဖွဲလိုက်သာ ​ချောက်ထဲခုန်ဆင်းကြရ​ပေ​တော့မည်။

ဒါ့​ကြောင့် ကျမ်းစာကိုသုံးတိုင်း သမ္မာတရားမဟုတ်ဘူး၊ စာတန်ပင်လျှင် ကျမ်းစာသုံးကာ လိုရာစွဲ​ပြောတတ်တယ်ဆိုတာကိုနားလည်ရ​​သော​ကြောင့် အယူလွဲမိစ္ဆာအဖွဲ့တွေသည် စာတန်ကို အတုယူကာ ကျမ်းစာကို လိုရာစွဲ​ပြောတတ်​သော မှားယွင်း​သောဩဝါဒ​​တွေလည်း ဖြစ်သလို အရင်ကလဲ ကျမ်းစာကို လိုရာစွဲ​ပြောကြတယ်၊ လက်ရှိမှာလဲ ကျမ်းစာကို လိုရာစွဲ​ပြော​နေကြတယ်၊ ​နောက်လည်း ကျမ်းစာကို လိုရာစွဲ​ပြောကြဦးမှာဘဲ ဆိုတာကို ပိုင်းခြားနားလည်တတ်​သောသူ​တွေဖြစ်​စေကြဖို့ရာ ဘုရားရှင်သင့်ကို အလင်း​ပေးဖွင့်ပြပါ​စေ။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next