ဆေးမြီးတိုအသွင်သာသနာပြုခြင်း

လူတစ်ဦးတစ်ယောက် နေမကောင်းဖြစ်ပြီဆိုလျှင် စနစ်တကျ ဆေးကုသမှုကိုခံယူကြသည်။ တိုင်းရင်းဆေး၊ အင်္ဂလိပ်ဆေး စသဖြင့် ခေါ်ဝေါ်သော ဆေးခန်းများတွင်စနစ်တကျကုသတတ်ကြပါတယ်။ အချို့ကတော့ ဆေးမြီးတိုဟုခေါ်သော အလွယ်နည်းများဖြင့် ဆေးစပ်၊ ဆေးဖော်၊ ကျန်းမာရေးဌာနမှ အသိအမှတ်မပြုသော အရာများဖြင့် ကုသတတ်ကြသည်။
ထိုအရာများသည် တခါတလေ ကောင်းတတ်ကြပေမယ့် တခါတလေလည်း ဆိုးသွားတတ်ကြပေသည်။ ထိုသို့နှင့် တဖြေးဖြေ အသက်ဆုံးပါးသည်အထိ ဆုံးရှုံးမှုကို ဖြစ်ပေါ်လာစေတတ်ပါသည်။ ဒါ့ကြောင့် ဆေးမြီးတိုနှင့် မကုသကြဖို့ရန် အသိပညာပေးများ လုပ်လာတတ်ကြပါတယ်။
ရှင်မဿဲခရစ်ဝင် ၂၃:၁၅
လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။
သာသနာမှာလည်း ဆေးမြီးတိုမသုံးဖို့ရာ အရမ်းအရေးကြီးပါတယ်။ ဖာရိရှဲတွေလို ဘာသာသွပ်သွင်းချင်သောကြောင့်များ ဆေးမြီးတိုနည်းလမ်းတွေသုံးနေသလား။ ဒါဆိုရင်တော့ သင်တို့သည် အမင်္ဂလာရှိတယ်လို့ သေသေချာချာဖော်ပြထားပါတယ်။
လူတွေသည် အချိုကြိုက်တတ်ကြပါတယ်၊ ဒီလိုပဲ ဒေသနာဆိုလဲ ချိုမှ၊ နားထောင်ကောင်းမှ ကြိုက်ကြသလို၊ ပြောသောသူသည်လဲ ချိုတာလေးပြောမှ ကိုယ့်အတွက် အဆင်ပြေတယ်ဆိုရင် ဆေးမြီးတိုပေးသောသူနှင့် ဆေးမြီးတိုသုံးသောသူဖြစ်နေမှာပါ။ ဒါ့ကြောင့် အပြစ်တရားဆိုင်ရာ မသွန်သင်ခြင်း၊ နောင်တနှင့်စပ်ဆိုင်သော ဧဝံဂေလိတရားကို မဟောပြောပဲ အပြစ်ဝန်ချရန်မလိုဘူး၊ နောင်တရရန်မလိုဘူး ဟူသော ဆေးမြီးတိုအသွင်သာသနာပြုခြင်းများဖြစ်နေပြီလား။
ယေရှုကိုရရင် အားလုံးရတယ်၊ ယေရှုကိုယုံရင် အပြစ်လွတ်တယ် ထပ်လုပ်လဲရတယ်၊ နောင်တမလိုဘူး၊ လူသတ်၊ ခိုး၊ ဆဲဆို စသဖြင့်တွေက အပြစ်မဟုတ်ဘူး၊ ယေရှုကိုရရင် ရောဂါမဖြစ်ဘူး၊ ယေရှုကိုယုံရင် ကျန်းမာမယ် ချမ်းသာမယ်၊ များများပေးလှူရင် များများရမယ်၊ ကယ်တင်ခြင်းရပြီးရင်လဲ အပြစ်လုပ်လို့ရတယ် အသက်တာမလိုဘူး စသဖြင့်သော ဆေးမြီးတိုအသွင်သာသပြုခြင်းဖြစ်နေပါသလား ဆိုတာကို ဆန်းစစ်ကြဖို့ရာ လိုအပ်ပါတယ်။
ဆေးမြီးတိုသည် ဘောင်မဝင်သော တန်းမဝင်သော ကုသခြင်းဖြစ်သောကြောင့် အန္တရာယ်များတယ်ဆိုတာကို နားလည်ရသလို၊ ယခုကဲ့သို့သော ဆေးမြီးတိုအသွင် သာသနာပြုခြင်းသည် သာ၍ဆိုးသော မှားယွင်းသော၊ သမ္မာတရားနှင့် မညီသောသွန်သင်ခြင်းတွေဖြစ်သောကြောင့် ဆင်ခြင်ပိုင်းခြားကာ ဆေးမြီးတိုအသွင်သာသနာပြုခြင်းကို မပြုသောသူ၊ ဆေးမြီးတိုမသုံးပဲ စစ်မှန်သော ဧဝံဂေလိတရားကိုဟောပြော သာသနာပြုသောသူတွေဖြစ်ကြပါစေလို့ အနည်းငယ်ဝေမျှတိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet