November 26, 2026

အာမခံဆိုသည်မှာ 100% စိတ်ချရမှဖြစ်မည်

ကျွန်​တော်တို့​တွေကား​တွေအိမ်​​တွေကို Bank နဲ့ချိတ်ဝယ်တဲ့အခါမှာ လစဥ်​ကြေး​ပေးသွင်းရပါတယ်။ အဲ့ဒီလို Bank နဲ့ချိတ်ဆက်ဖို့ကို လစဥ်​ပေးသွင်း​ငွေ ဥပမာ ၅သိန်းဆိုရင် ကိုယ့်ဝင်​ငွေကဒီထက်မနည်းရသလိုကိုယ့်အ​ပေါ်အာမခံ​ပေးသူကလဲဒီ​လောက်ကိုဝင်​ဝင်​ငွေရှိရပါတယ်။ ကားအာမခံ ၊ မီးအာမခံ ၊ အသက်အာမခံစသဖြင့်ထားတဲ့အခါမှာလဲယုံကြည်စိတ်ချရ​သော အာမခံနဲ့သာထားကြပါတယ်။ ထားတဲ့အခါမှာသူတို့ချမှတ်ထားတဲ့စည်းကမ်းကိုလိုက်နာမှသာ ထိုအာမခံအကျုံးဝင်တယ်ဆိုတာကိုနားလည်ရပါတယ်။ ​ငွေမသွင်း​သေးသ၍အကျုံးမဝင်ပါ။ ဘယ်လိုပျက်စီးမှုကိုမဆို ထိုအာမခံမှ​ပေး​လျော်ပါတယ်။ အသက်ကို​တော့အစားပြန်မရနိုင်​သော်လည်း သတ်မှတ်ထား​သောအရာကိုအ​လျော်​ပေးပါတယ်။ အာမခံကတစ်ခုခုဖြစ်ရင်တကယ်​လျော်​ပေးနိုင်တဲ့အ​နေအထား ၊ အစွမ်းအစရှိရပါတယ်။ လူ​ပေး​သောအာမခံဖြစ်​သော်လည်းတကယ်​ပေး​လျော်ရပါတယ်။ ၁နှစ်အာမခံဆိုလျှင်၁နှစ်အတွင်းတစ်ခုခုမဖြစ်ခဲ့လျှင် ထို​ငွေပြန်မရပါဘူး။ အ​ပေးအယူအာမခံသ​ဘော​ပေါ့။

 

ကျွန်​​တော်တို့​​တွေသည်အလုပ်လုပ်တဲ့အခါမှာလဲ လစာတကယ်​ပေးနိုင်​သောသူဆီမှာသာအလုပ်ဝင်လုပ်ကြတယ်မဟုတ်ပါလား။ ထိုသူ​ဌေးက​လစာပေးနိုင်​သောသူဖြစ်ရပါတယ်။ လစာ​ပေးမယ့်အာမခံကို အလုပ်ခန့်စာမှာ​ရေး​ပေးကြသလို ၊ Promotion ဖြစ်လို့လစာတိုးလျှင်လည်း အာမခံအဖြစ်တရားဝင်စာထုတ်​ပေးကြပါတယ်။ လစာမ​ပေးနိုင်​သောသူဆီမှာ အလုပ်မလုပ်ကြပါဘူး။ ရဲစခန်းမှာအမှုတစ်ခုခု​ကြောင့် အာမခံ​ပေးရတဲ့အခါ အ​နေအထားကိုကြည့်ပြီး စိတ်ချရမှအာမခံကိုရတာဖြစ်ပါတယ်။ ဒါဆိုရင် အာမခံကအ​တော်အ​ရေးပါတဲ့အရာပဲ​ပေါ့။

 

လွန်ခဲ့​သော April လတွင်အကျဥ်းသားများလွှတ်​ပေးခြင်းကို​တွေ့ရပါတယ်။ ထိုသူ​တွေသည်အမျိုးမျိုး​သောပြစ်မှုရှိသူ​တွေဖြစ်တယ်။ ဒါ့​ကြောင့်ပြစ်ဒဏ်ခံ​နေရသူ​တွေပါ။ သို့​သော် လွတ်ငြိမ်းချမ်းသာခွင့်ဆို​သော​ခေါင်းစဥ်​အောက်တွင် လွတ်လာပြီဖြစ်တယ်။ ဒီ​ခေါင်းစဥ်​အောက်တွင်လွှတ်​ပေး​သော်လည်း လွတ်လာသူထဲတွင် အမျိုးမျိုး​သောအပြစ်လုပ်ခဲ့သူ​တွေပါမည် ၊ ခိုးဆိုးလုနှိုက် ၊ ရိုက် ၊ သတ် ၊ ​ဆေးသုံးစွဲခဲ့သူ​စသဖြင့်ပါ​ကောင်းပါနိုင်မည်။ အပြစ်လုပ်၍အပြစ်ကို​ပေးဆပ်​နေရသူ​တွေဖြစ်​သော်လည်း ထို​ခေါင်းစဥ်​အောက်တွင် တစ်ချက်လွတ်အမိန့်ဖြင့်လွတ်လာသည်။ အပြစ်သားမဟုတ်​တော့​ပေ။ ​ပေးဆပ်စရာ​နေ့ရက်​တွေကျန်​​နေ​သေးသော်လည်း မလိုအပ်​တော့​ပေ။

 

ထိုသို့အမိန့်ထုတ်သူသည် ထိုအစွမ်းရှိရမည်။ လွတ်ငြိမ်းချမ်းသာခွင့်​ခေါင်းစဥ်​အောက်တွင် ​ထောင်သားများ​ထောင်မှလွတ်သကဲ့သို့ ကယ်တင်ခြင်းဟူ​သော​ခေါင်းစဥ်​အောက်တွင်​တော့​လောကသားများ အပြစ်ငရဲမှလွတ်​မြောက်​စေပြီးထာဝရအသက်ကိုရရှိ​စေပါသည်။ လူဖြစ်​သောတရားသူကြီးသည်တရားစီရင်နိုင်သည် ၊ အပြစ်​ပေးပိုင်သည် ၊ အပြစ်လွှတ်ပိုင်သည် ၊ လွတ်ငြိမ်းချမ်းသာ​ပေးနိုင်​သောသူသည် လည်းထိုအစွမ်းရှိ၍​ပေးနိုင်သည်။ ဒါဆိုလျှင် ဘုရားကအပြစ်လွှတ်ပိုင်ခွင့် မ​ရှိစရာအ​ကြောင်းမရှိဘူးဆိုတာကိုနားလည်ရပါတယ်။ လူဖြစ်​သောထိုသူတို့သည် အပြစ်မှလွှတ်၍ ​အကျဥ်း​ထောင်မှကယ်လွှတ်​ပေးနိုင်သည်ဆိုလျှင် ဘုရားသည် အပြစ်မှလွှတ်၍အပ္ပါယ်ငရဲမှကယ်​ပေးနိုင်သည်ဆိုသည်မှာမထူးဆန်း​ပေ။ လူ​ပေး​သောအာမခံ​တောင်ဒီ​လောက်ထိတည်မြဲတယ်ဆိုရင် ၊ တကယ်ကို​ပေး​​လျော်ရတာဆိုရင် ၊ ဘုရား​ပေး​သောအာမခံသည် 100% စိတ်ချလို့ရတယ်ဆိုတာကို​ပေါ်လွင်လာ​စေပါတယ်။ ငါ့ကိုယုံကြည်​သောသူသည် ​သေလွန်​သော်လည်းရှင်လိမ့်မည် ဆို​သောစကားသည်လည်းဘုရား​ပေး​သောအာမခံ​တွေထဲမှတစ်ခုဖြစ်​ပေ​တော့သည်။ 

 

ပုံဥပမာလေးတစ်ခုအ​နေနဲ့​ပြောပြချင်ပါတယ်။ အ​ပေါ်မှာ​ပြောခဲ့တဲ့အာမခံ​တွေက​တော့ ကိုယ့်ဘက်က​ပေးရတာ​တွေရှိပါတယ် သတ်မှတ်ချက်​တွေ ၊ အ​ပေးအယူစည်းကမ်း​ချက်တွေ ၊ အ​လျော်အစား​တွေအစရှိ​သဖြင့်ရှိပေ​သော်ငြားလည်းပဲ ကယ်တင်ခြင်းထာဝရအသက်အတွက် အာမခံစာချုပ်သ​ဘောက​တော့ ​ယေရှုခရစ်​တော်ကိုယုံကြည်ခြင်းပဲဖြစ်ပါ​တော့တယ်။ 

မိတ်​ဆွေကထိုအာမခံကိုမြည်းစမ်းချင်တယ် ၊ ယေရှုခရစ်​တော်ကို မိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် ​ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်​တော့ ... 

 

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ကယ်တင်ရာ​နေ့ရက်သည်ယ​​နေ့ပင်ဖြစ်ပါတယ်။

 

ရောမဩဝါဒစာ ၆:၂၃
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next