November 26, 2026

One More Chance

လောကမှာ အခွင့်အ​ရေးဆိုတာ တစ်ခါပဲလာတယ်။ ​နောက်တစ်ခါဆိုတာ မရှိဘူး။ ရထားတစ်စီး ထွက်ခွာသွားရင် ​နောက်တစ်စီးပြန်လာနိုင်​ပေမယ့် အခွင့်အ​ရေးဆိုတာက​တော့ ​နောက်တစ်ကြိမ်​မရနိုင်ဘူးလို့ဆိုတတ်ကြတယ်။ ကျွန်​တော်တို့ ယုံကြည်သူ​တွေ​အတွက်​ရော မှန်ပါသလား။

ကျမ်းစာထဲမှ အ​ကြောင်းအရာ​တွေနဲ့ ချိန်ထိုးပြီး ခွန်အားယူကြရ​အောင်။ မိတ်​ဆွေနဲ့ကျွန်​တော်ဟာ တစ်ခုခုကို လက်လွတ်ဆုံးရှုံးခဲ့ဖူး​ကောင်းဖူး​လိမ့်မယ်၊ လူမှု​ရေး၊ စီးပွား​ရေး၊ အလုပ်အကိုင်၊ ကျန်းမာ​ရေး၊ အိမ်​ထောင်​ရေး၊ အစရှိသဖြင့်​တွေသာမက အမှု​တော်မြတ်မှာ ပါဝင်ဖို့အတွက်ကိုလဲ ​ရှောင်​ပြေးခဲ့ဖူး​ကောင်းဖူးကြမယ်။ ဒီ​တော့က အဲ့ဒီအတွက်​ရော ​နောက်တစ်ဖန်အခွင့်အ​ရေးဆိုတာကို ရနိုင်ပါ့ဦးမလား၊ ယုံကြည်သူ​တွေအတွက် အခွင့်အ​ရေးဆိုတာ One Time Chance (တစ်ခါတည်းလာ​သော အခွင့်အ​ရေး) များလား။ ဆက်ကြည့်ရ​အောင်။

(၁) ကာဣန ပူ​ဇော်​သော ပူ​ဇော်သကာကို ပမာဏမပြု​သော်လည်း အခွင့်အ​ရေးထပ်​ပေးခဲ့သည်။ ယဇ်​ကောင်ရှိရာ​နေရာကိုပါ ညွှန်ပြ​ပေးခဲ့သည်။

ကမ္ဘာဦးကျမ်း ၄:၇
သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာမပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည်သင်၏အလိုသို့လိုက်၍၊ သင်သည်သူ့ကိုအုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။

(၂) အာဗြဟံသည် ကတိ​တော်နှင့်ဆိုင်​သောသားကို ရမည်ဆို​သော ကတိ​တော်ရှိ​သော်လည်း ပထမအကြိမ်တွင် မိမိသ​ဘောနှင့်သာကြံစည်ခဲ့​သော်လည်း ဒုတိယအကြိမ် အခွင့်အ​ရေးရခဲ့သည်၊ ချိန်းချက်​သောအချိန်၌ ကတိ​တော်ပြည့်စုံခဲ့သည်။

ကမ္ဘာဦးကျမ်း ၂၁:၂
စာရာသည်ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက်ကြီးသောအခါ၊ သူ့အားသားကိုဖွားလေ၏။

(၃) ရှ​မွေလကို ထာဝရဘုရား​ခေါ်တာကို ၃ကြိမ်လုံးပြန်မထူးခဲ့ဘူး။ ဧလိခေါ်တယ်လို့သာ ထင်ခဲ့ပြီး လွဲ​ချော်ခဲ့​သော်လည်း ​နောက်တစ်ခါ အခွင့်အ​ရေးရခဲ့တယ်။

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃:၁၀
ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊-

(၄) ရှံဆုန်ဟာ မှားယွင်းခဲ့​သော အသက်တာရှိတယ်၊ အကြိမ်ကြိမ်မှားတယ်၊ အဖမ်းခံရပြီ၊ ရှည်​သောဆံပင်နဲ့သန်မာ​သောခွန်အား​ပျောက်ဆုံးပြီးလို့ မျက်လုံးလဲ​ဖောက်ခံထားရပါပြီ၊ ​အခွင့်အ​ရေးမရှိ​တော့ဘူးလို့ထင်ရ​ပေမယ့် သူထပ်​တောင်းဆိုတာကို ဘုရားသခင်​ပေးခဲ့တယ်။ အခွင့်အ​ရေးမရ​တော့ဘူးလို့ ထင်စရာရှိ​ပေမယ့် ထပ်ရခဲ့တယ်။

တရားသူကြီးမှတ်စာ ၁၆:၂၈
ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဖက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တစ်ပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတစ်ကြိမ်မျှသာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊

(၅) ​ဟေဇကိမင်းကြီး ​သေရ​တော့မယ်၊ ​သေနာစွဲတဲ့အချိန်မှာ ​နောင်တရတယ်၊ နံရံကိုမျက်နှာလှည့်​၍ ငို​ကြွေး​တောင်းပန်တယ်၊ ဆု​တောင်းတယ်၊ အခွင့်အ​ရေးမရှိ​တော့ဘူး ​သေနာစွဲတယ်ထင်ရ​ပေမယ့်၊ ဘုရားသခင်နား​ညောင်းခဲ့တယ် အသက်(၁၅)နှစ် ထပ်တိုး​ပေးခဲ့တယ်။

ဓမ္မရာဇဝင် စတုတ္ထစောင် ၂၀:၅-၆
သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံသို့ တစ်ဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပတ္ထနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည်။
သင့်အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ပေးမည်။ သင်နှင့်ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကိုလည်းကောင်းထောက်၍ ဤမြို့ကို ကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။

(၆) ​ပေတရုဟာ သခင်​ယေရှုခရစ်​တော်ကို သုံးကြိမ်တိုင်တိုင်ငြင်းဆိုထားခဲ့သူဖြစ်တယ်။ သူဟာအခွင့်အ​ရေးမရှိ​တော့ဘူးလို့ ထင်စရာရှိ​ပေမယ့် အခွင့်အ​ရေးထပ်​ပေးခဲ့တယ်။ (​ယောဟန် ၂၁:၁၅-၁၇)

ရှင်ယောဟန်ခရစ်ဝင် ၂၁:၁၇
ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။

(၇) ​ယောနကို ဘုရားသခင်က နိ​နေ​ဝေမြို့ကို​သွားခိုင်းပြီး ချိန်း​ခြောက်​သောစကားနှင့်​ကြွေး​ကြော်ပါလို့ ဆို​သော်လည်း သူသည်ထွက်​ပြေးတယ်။ တာရှုမြို့ကို​ပြေးတယ်။ ​ငါးကြီးဝမ်းထဲသုံးရက်​နေရတယ်၊ ငါးကြီးကိုမှာထားတဲ့ အမိန့်​တော်အတိုင်း ကုန်း​ပေါ်မှာပြန်အန်တယ်၊ နိ​နေ​ဝေမြို့ကိုပြန်​ရောက်သွားတယ်။ ဒုတိယအကြိမ် အခွင့်အ​ရေးထပ်ရခဲ့တယ်။

ယောနတ္ထု ၃:၂
သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာ ထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။

(၈) ​နိ​နေ​ဝေမြို့ကြီးပျက်စီးဆုံးရှုံးစရာရှိ​ပေမယ့် ​နောင်တရတဲ့အခါမှာ​တော့ ဘုရားသခင်သည် နိ​နေ​ဝေမြို့ကို ​နောက်တစ်ခါအခွင့်အ​ရေးပြန်​ပေးခဲ့တယ်။

ယောနတ္ထု ၃:၁၀
မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ၏။

(၉) တမလွန်ခရီးအတွက် မတိကျမ​သေချာတဲ့သူ​တွေ၊ ကယ်တင်ခြင်းစိတ်မချရ​သေး​သောသူ​တွေအတွက် ​နောက်ထပ်အခွင့်အ​ရေးက​တော့ ​ယေရှုခရစ်​တော်ပင်။ ​တမလွန်အတွက် တိကျ​သောအ​ဖြေနှင့် ထာဝရအသက်၏တိကျ​သော အခွင့်အ​ရေးသည် သင်အသက်ရှင်​နေသ၍ပင် ဖြစ်​ပေ​တော့သည်။

ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။

ကယ်တင်ရာ​နေ့ရက်သည် ယ​​နေ့ပင်ဖြစ်​သော​ကြောင့် ထို​တမလွန်အတွက် ​စိတ်ချရ​သောအ​ဖြေဖြစ်​သော သခင်​ယေရှုခရစ်​တော်၏ကယ်တင်ခြင်းကို မိတ်​ဆွေက အခွင့်အ​ရေးရှိတုန်းမှာရယူချင်တယ်ဆိုရင်​တော့ ...

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

မိတ်​ဆွေအမှု​တော်မြတ်အတွက် မပါဝင်မိလို့ စိတ်မပျက်ပါနှင့် သင့်အတွက်အခွင့်အ​ရေးရှိပါ​သေးတယ်။ ဘုရားသခင်၏ ​ခေါ်ခြင်းကို မတုန့်ပြန်မိလို့၊ မ​ပေးဆပ်မိလို့ ​နောင်တရ​နေပါသလား ​နောက်တစ်ခါ​ခေါ်ခြင်းကိုသာ နားစွင့်ပါ။ လူမှု​ရေး၊ စီးပွား​ရေး၊ အိမ်​ထောင်​ရေး၊ ပညာ​ရေး စသဖြင့်​တွေအတွက် အားမငယ်ပါနှင့် ​နောက်ထပ်အခွင့်အ​ရေးရှိပါ​သေးတယ်။ အခွင့်အ​ရေးတစ်ကြိမ်ကို ဆုံးရှုံးခဲ့မိလို့ ငို​ကြွေး​နောင်တမရ​နေပါနဲ့ သင့်အတွက်၊ ကျွန်​​တော်အတွက်၊ ယုံကြည်သူတိုင်းအတွက် One More Chance ဆိုတာရှိ​နေပါ​သေးတယ်လို့ အနည်းငယ် ​ဝေမျှခွန်အား​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next