November 26, 2026

လိုရာစွဲခြင်း​တွေမဖြစ်​စေဖို့

ကျွန်​တော်တို့​တွေသည် ကျမ်းစာကို သူ့ရဲ့ဆိုလိုရင်းအဓိပ္ပါယ်​တွေကို နားမလည်ဘဲ လိုရာစွဲပြီး​ပြောတတ်ကြသလို၊ လိုရာစွဲပြီး နားလည်တတ်ကြတယ်။ ဒါဟာတကယ်​တော့ ​ကောင်းတဲ့အရာမဟုတ်ပါဘူး၊ ကိုယ့်အတွက် ​ဘေးထွက်ဆိုးကျိုးကိုဖြစ်​စေတယ်၊ ဝိညာဥ်​ရေးရာ နိမ့်ပါးတိမ်း​​စောင်းခြင်း ​ပေါ်​ပေါက်လာ​စေတယ်၊ ကြာရင် အသက်တာမှာ လွဲမှားမှု​ပေါင်းများစွာကိုသာ ဆက်လုပ်​နေမိတတ်ပါတယ်။

ဆိုကြပါစို့။ ဒံ​ယေလက ဟင်းသီးဟင်းရွက်ဖြစ်​သော သက်သက်လွတ်စားတယ် သူများထက် ဥာဏ်​ကောင်းတယ် အဆင်းလှတယ်၊ ဒီ​တော့ ငါတို့​တွေလည်း ဥာဏ်ပို​ကောင်း​အောင် ဒံ​ယေလဟင်းစားရမယ်လို့ ယူဆ​နေရင် မှားပါတယ်။ သူ့ဘာ့​ကြောင့် အသားမစားလဲ၊ ဘာ့​ကြောင့် ဟင်းသီးဟင်းရွက်စားတာလဲ ဆိုတာကို သိဖို့လိုပါတယ်။

​ပေတရု ​ရေ​ပေါ်လမ်း​လျှောက်တိုင်း လိုက်​လျှောက်ရမှာလား၊ စသဖြင့် ဒါ​တွေကို နားလည်ဖို့လိုပါတယ်။ ​ဘာ့​ကြောင့် ဆိုတဲ့ ဆိုလိုရင်းသည် သိပ်အ​ရေးကြီးပါတယ်။ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုအချိန်မှာ ဘာ့​ကြောင့်​ပြောတာလဲ၊ ဒါကို ကိုယ့်အတွက် တိုက်ရိုက်ယူလို့ရရဲ့လား။ တချို့ကလည်း ဘာလာလာ ယူသုံးတယ်၊ တချို့ကလည်း ပဌနာ​တော်ကို သရဲနှင်တဲ့ ဂါတာလိုလိုယူသုံးပြန်တယ်။

မှားယွင်းခြင်းအမှုကိုပြုတဲ့မိန်းမကို ကြည့်ရင်လည်းဒီလိုဘဲ ဘာ့​ကြောင့် မစီရင်သလဲ၊ ဘာ့​ကြောင့် အပြစ်တင်ကြသလဲ၊ ဘာ့​ကြောင့် ​ယေရှုဆီ​ခေါ်လာသလဲ၊ ဘာ့​ကြောင့် မိန်းမတစ်​ယောက်တည်းဖြစ်​နေလဲ၊ ဘာ့​ကြောင့် အကုန်ထွက်သွားလဲ၊ ဘာ့​ကြောင့် ​ယေရှုမစီရင်သလဲ၊ နောက်တဖန်ဒုစရိုက်မပြုနဲ့လို့ ​ပြောသလား မ​ပြောသလား။ ကိုယ့်ဖာသာကိုယ်​ လိုရာစွဲသလား။

​နောင်တရဖို့သွန်သင်ခြင်း​တွေကို မလိုအပ်ဟုဆို၍ လိုရာစွဲကာ ဖယ်ပစ်​နေသလား၊ ကယ်တင်ခြင်းသည် ​တောင်းပန်လို့ ရတာမျိုးမဟုတ်ဟုဆို၍ ​နောင်တနှင့်ဆိုင်​သောအရာများကို ဖယ်ရှားသောသူဖြစ်​နေသလား၊ ထိုကဲ့သို့ ကယ်တင်ခြင်းနှင့်ခရစ်ယာန်အသက်တာကို ​ရော​ထွေးကာ နားမလည်သူများသည် လိုရာစွဲခြင်း၏ အကျိုးဆက်ဖြစ်​သော ​ယခင်အပြစ်၊ ယခုအပြစ်၊ ​နောင်အပြစ် စတဲ့အပြစ်လုပ်ခြင်းတိုင်းသည် ခွင့်လွှတ်တယ်ဟုဆို၍ ဆက်လွန်ကျူးခြင်းဖြစ်တတ်သည်။ အပြစ်ကို အပြစ်လို့ပင် မမြင်တတ်​တော့ကာ ​ကျေးဇူး​တော်ကို လက်တစ်လုံးခြားလုပ်လာကာ ဝိညာဥ်​ရေးရာ နိမ့်ပါးကာ စုတ်ပြက်သတ်​သော ခရစ်ယာန်အသက်တာ ဖြစ်သွားပြီး ဘုရားသခင်၏ ဘုန်း​တော်ကို ရှုံ့ချစရာပင် ဖြစ်လာ​​တော့သည်။

ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် ၂:၂-၃
သူတို့ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။
သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွဲ့၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။ 

ထိုကဲ့သို့ မိစ္ဆာအယူလွဲကို ဖြစ်​စေ​သောသူများရှိ​ကြောင်ူနှင့် ​ချော့​မော့စွာနှင့် ကျွန်ုပ်တို့ကို လွဲမှား​စေ​ကြောင်းကို သွန်သင်တတ်​သောသူများရှိသည် ဆိုတာကို ဩဝါဒစာ​စောင်​တွေမှာ ကြိုတင်သတိ​ပေးထားပါတယ်။ ငယ်စဥ်ကသုံးကြတဲ့ စကားပုံ​လေးလိုပင် ဝါဝါမြင်တိုင်း​ရွှေမထင်နဲ့ဟုသာဆိုကြရ​​ပေ​တော့မည်။ ခရစ်ယာန်ခြင်းတူတူပါဟုထင်စရာ ရှိ​သော်လည်း လွဲ​နေလျှင် ကြိုသိရမည်။

တချို့အရာ​တွေသည် ကိုယ်တိုင် စားကြည့်စရာမလိုဘဲနှင့် မစားသင့်သည် မစားရသည်ကိုသိကြတယ်၊ ဆိုကြပါစို့ မစင်ကို မည်သူမျှမစား​ပေ၊ စားကြည့်မှ ​ကောင်းမ​ကောင်းသိမည်ဟု မည်သူကဆိုမည်နည်း။ ဒီလိုဘဲ တချို့ ဩဝါဒအလွဲ​တွေကို သွားမပါဝင်ဘဲနှင့် သိရမည်။ ဘာ့​ကြောင့်လဲဆိုလျှင် သမ္မာတရား​ကြောင့်ပင်။ ဗာလဘုရား​၊ ဇုသ၊ စသဖြင့် ဘာဘုရား ညာဘုရား​တွေကို ဧလိယ၊ ဧလိရှဲ၊ ​ရှေးပ​ရောဖက်​တွေ၊ ဒါဝိဒ်၊ တမန်​​တော်​တွေသည် သွား​ရောက် မြည်းစမ်းစရာမလိုဘဲနှင့် အလွဲအမှားဆိုသည်ကိုသိကြသည်။ ကျွန်​​တော်တို့သည်လည်း ထို့အတူ မှားယွင်း​သောဩဝါဒ​တွေ၊ သမ္မာတရားနဲ့မညီ​သော သွန်သင်ခြင်း​တွေကို သွား​ရောက် ပါဝင်စရာမလိုဘဲနှင့် သိရမည်။ လိုရာစွဲ​သော ဩဝါဒအလွဲ​တွေနောက်မပါသွား​စေဖို့ရာ နှုတ်ကပါတ်​တော်ကို ​စေ့​စေ့ဆင်ခြင်ဖတ်ရှု နှလုံးသွင်းကြပါစို့လို့ အနည်းငယ် တိုက်တွန်းခွန်အား​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next