ကယ်တင်ရှင်

လောကမှာ လူတွေသတ်မှတ်တတ်ကြတဲ့ ကယ်တင်ရှင်ပေါင်းများစွာရှိပါတယ်။ အချို့က မိမိရဲ့ ငွေရေးကြေးရေးအခက်အခဲကို ဖြေရှင်းပေတဲ့သူကို ကျေးဇူးရှင် ကယ်တင်ရှင်လို့ခေါ်တတ်ကြတယ်။ အချို့ကလဲ ကျန်းမာရေးကို ကုသပေးတဲ့သူကို ခေါ်ဆိုပြန်တယ်၊ အချို့ကတော့ တိုင်းပြည်ကို ဒုက္ခတွင်းထဲက ကယ်တင်သူပေါ့။ နောက်အချို့ကျပြန်တော့ လမ်းမမှာ လဲကျနေသူကို ကူမပေးသူကို မိမိရဲ့ အသက်သခင်လို့ဆိုကြပြန်တယ် ကယ်တင်ရှင်ပဲလေ။
ပညာရေးခက်ခဲသူတွေအတွက် ပညာသင်ပေးသူတွေကိုလဲ ကယ်တင်ရှင်တစ်မျိုး၊ နတ်ကိုးကွယ်မှု၊ ဗေဒင်တွေမှာ အသက်ပြန်တိုးပေးခြင်း၊ မသေစေရန် ဘာသိုက်ညာသိုက်မှ ပြန်ခေါ်ခြင်း၊ အခက်တွေခြေဖျက်ခြင်း၊ ဘာညာတွေစသဖြင့်ရှိပြီး ထိုသို့လုပ်ပေးသူတွေကိုလည်း ကယ်တင်ရှင်မည်ပြန်လေရဲ့။ ဒီအရာတွေကတော့ လူတွေက မိမိရဲ့ ကိုယ်ပိုင်ခံစားချက်၊ ခံစားရမှုတွေကနေ သတ်မှတ်တတ်ကြတဲ့ ကယ်တင်ရှင်တွေဖြစ်ပါတယ်။
ရောမဩဝါဒစာ ၁၀:၉-၁၁
အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။
ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
ဒါပေမယ့် လူသားအားလုံးနဲ့သက်ဆိုင်သော ကယ်တင်ရှင်ဆိုတာကတော့ ရှိနေပါတယ်။ ထိုသူကတော့ လူတိုင်းလူတိုင်း အတိအကျ အဖြေမရှိတဲ့ တမလွန်အတွက် ကယ်တင်ခြင်းစိတ်ချမှုကို အာမခံပေးခဲ့တဲ့ ယေရှုခရစ်တော်သာဖြစ်ပါတယ်။ ဘာသာတိုင်း ဘာသာတိုင်းသည် အပ္ပါယ်ငရဲရှိခြင်းကို လက်ခံသလို သိကြပါတယ်။ ထိုငရဲမှ လွတ်မြောက်စေရန်အတွက်လည်း မိမိတို့၏ နည်းလမ်း၊ လမ်းစဥ်၊ ကျင့်စဥ် စသဖြင့်တွေနဲ့ လုပ်ဆောင်တတ်ကြပါတယ်။ မိမိတို့၏ ကြိုးစားအားထုတ်ခြင်း၊ ကောင်းခြင်း၊ အလှူဒါန စသဖြင့်တွေကတော့ သိပ်ကောင်းကြပါသော်လည်း မည်သူမှ တိကျသော အဖြေမရှိပါ။ မိမိကြောင့်သာ ရရှိနိုင်လျှင် ဝါကြွားစရာအကြောင်းရှိနေပါသည် မဟုတ်ပါလား။
ကျွန်တော်တို့ လောကသားတွေအတွက် မိမိတို့၏ ကြိုးစားအားထုတ်ခြင်း၊ မိမိရဲ့ တတ်စွမ်းမှုတွေဟာ နောင် တမလွန်ခရီးအတွက် အဖြေမရခြင်း၊ ထာဝရငရဲမီးအိုင်မှ မလွတ်မြောက်နိုင်ခြင်းကို သိရှိ၍ ကျွန်တော်တို့ လောကသားတွေကို ချစ်သောကြောင့် မိမိရဲ့ အသက်ကိုစွန့်၍ ကယ်တင်ခြင်း ထာဝရအသက်ကိုပေးခဲ့သူဟာ ယေရှုခရစ်တော်သာဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော် ကတည်းက ကယ်ခြင်းခြင်းကို ထိုသခင်ယေရှုခရစ်တော်သည် လုပ်ဆောင် ပေးပြီးသားဖြစ်ပါသောကြောင့် ထိုကယ်တင်ခြင်း လက်ဆောင်မွန်ကို မိမိ၏ နှုတ်မှ ဖွင့်ဟဝန်ခံခြင်းဖြင့် လက်ခံရရှိနိုင်ပါတယ်။
ထိုကယ်တင်ရှင်ကို ယုံကြည်လက်ခံလိုက်တဲ့နေ့မှစ၍ အပြစ်ငရဲကနေ လွတ်မြောက်ပြီးသောသူဖြစ်ပြီး၊ တမလွန်အတွက် တိကျသောအဖြေ၏ အာမခံချက်ကို ရရှိပြီဖြစ်ပါတယ်။ ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ကမိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet