*Hope* (မျှော်လင့်ခြင်း)

လက်ရှိဖြစ်ပေါ်နေသော Virus ကူးစက်မှုအခြေအနေတွေ၊အရသော်၎င်း၊ Covid လူနာစောင့်ကြည့်အခြေအနေအားဖြင့်သော်၎င်း၊ အမျိုးမျိုးသောလူတွေကအိမ်မှာနေရင်းနဲ့ဖြစ်စေ၊အလုပ်မှာသော်၎င်း၊တနေရာရာမှဖြစ်စေ၊ အမျိုးမျိုးသော စိတ်ကူးတွေ၊မျှော်လင့်ချက်တွေ၊လုပ်ဆောင်ချင်တာတွေကို စိတ်ကူးကြတယ်၊ရင်ဖွင့်ကြတယ် အစရှိသဖြင့်ပေါ့။
မျှော်လင့်ခြင်း(Hope)လို့ဆိုကတည်းကတော့ အသက်ရှင်နေလို့မျှော်လင့်စရာရှိတာဖြစ်တယ်။
တချို့က ဒီအခြေအနေတွေကောင်းသွားရင် ဘယ်ကိုသွားမယ်၊ဘာတွေစားမယ်၊ဘာတွေလုပ်မယ်၊ တချို့ကလဲ ဘုရားကျောင်းသွားမယ်၊လိမ္မာတော့မယ်၊ဘာဘာညာညာနဲ့ အစရှိသဖြင့်ပေါ့။ မနေ့ကကျွန်တော် စာလေးတစ်ခုဖတ်လိုက်ရတယ် (ခင်ဗျားကို ပြုံးပြချင်သေးတယ် ကျန်းမာအောင်နေပါ)ဆိုတဲ့ အပြုသဘောဆောင်ရေးထားတဲ့စာလေးဖတ်လိုက်ရသေးတယ်။
သင်ရောဘာကိုမျှော်လင့်နေသလဲ။ဒီအရာတွေကိုကြောက်လန့်နေသလား၊စိုးရိမ်နေသလား၊စိတ်ပျက်နေသလား၊အားလျော့နေပါသလား။ သင်ကိုယ်တိုင်ကြုံတွေ့နေရလို့ရော ဝမ်းနည်းနေသလား။
ကျွန်တော်အနည်းငယ်တိုက်တွန်းခွန်အားပေးချင်တယ်။ သင်ဟာကယ်တင်ခြင်းစိတ်ချသောသူဖြစ်တယ်ဆိုရင် ကျေးဇူးတော်သာချီးမွမ်းပါ။ စိုးရိမ်ခြင်းရှိသမျှ သင့်ဝန်ထုတ်ကို ယေရှုခရစ်တော်ထံအပ်ပါ။သင်ကြောက်စရာဘာလိုသေးလို့လဲ တမလွန်လဲစိတ်ချရပြီ၊အဖြေလဲတိတိကျကျရှိတယ်မလား။ သူတပါးအတွက်ပိုဆုတောင်းပေးပါ။ အဖြေလိုအပ်နေသူတွေကယ်တင်ခြင်းမရသေးသူတွေအတွက်ပေါ့။
အကယ်၍သင်ဟာ မယုံကြည်သူဖြစ်နေမယ်၊ကယ်တင်ခြင်းမရသေးသူ၊ယေရှုခရစ်တော်ကို မိမိလက်မခံရသေးရင် ယခုပင်ကယ်တင်ရာနေ့ရက်ဖြစ်ပါတယ်။ သင်ယုံကြည်လက်ခံချင်တယ်ဆိုရင်နှုတ်ဖြင့်ဝန်ခံပါ။
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
သင့်မျှော်လင့်ခြင်းသည် ဘုရားသခင်ကိုသာဖြစ်ပါစေလို့တိုက်တွန်းချင်ပါတယ်။
ဆာလံကျမ်း ၆၂:၅
အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါမျှော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။
ဆာလံကျမ်း ၂၇:၁၄
ထာဝရဘုရားကို မျှော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မျှော်လင့်လျက်နေလော့။
ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းသည် လောကအရာတွေထက် အထက်အရာဖြစ်စေပြီးတော့၊ဝန်လေး၍ပင်ပန်းခြင်းတွေသည် ယေရှုခရစ်တော်အားဖြင့်သာ ဝန်ပေါ့စေမှာဖြစ်တယ်လို့အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။ လက်ရှိရင်ဆိုင်နေရသော အခြေအနေမှာစိတ်မပျက်အားမလျော့စေပဲနဲ့ အားယူ၍ရဲရင့်ခြင်းရှိကြပါလို့အနည်းငယ်ခွန်အားပေးတိုက်တွန်းချင်ပါတယ်။
ဆာလံကျမ်း ၃၉:၇
ယခုမူကား၊ အကျွန်ုပ်သည် အဘယ်သို့ မျှော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား၊ ကိုယ်တော်၌သာ မျှော်လင့်စရာအကြောင်း ရှိပါ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။