သင့်ကိုနှမြောတော်မူသောဘုရား

မနေ့ကဆရာတွေနဲ့ရုပ်ရှင်အကြောင်းပြောဆိုနေကြရင်းနဲ့ဆင်ခြင်မိသောအရာလေးကိုပြန်လည်ဝေမျှပေးချင်ပါတယ်။
(The Cop The Gangster And Devil ) အမည်ရှိသော KOREA ဇာတ်လမ်းလေးတစ်ခုဖြစ်တယ်။
လူဆိုးကိုရဲကဖမ်းမိသော်ညားလည်းပဲ ချက်ခြင်းမစီရင်၊သေဒဏ်မချမှတ်ပဲ အစိုးရရှေ့နေငှားပေးမယ်လို့ပြောတယ်။ လူဆိုးသည် ဘယ်လောက်ပဲဆိုးသောသူဖြစ်ပါစေ ဒါဟာ တိုးတက်ပြီးသား ဒီမိုကရေစီနိုင်ငံတွေမှာကျင့်သုံးလျှက်ရှိသော လူ့အခွင့်အရေးပေါ့။ လူကိုလူလိုဆက်ဆံတယ်၊လူကိုလူလိုမြင်တယ်ဆိုလေရော့မလား။
မတရားဆိုးသောလူဆိုးပေမယ့် ရှေ့နေငှားပိုင်ခွင့်ရှိတယ်၊သူ့အကျိုးခံစားခွင့်ပေါ့လေ။ လူဆိုးပေမယ့် ဥပဒေကတော့ ကာကွယ်ပေးထားတယ်ဆိုတာကိုမြင်ရတယ်။
ဘာကိုသွားပြေးမြင်မိသလဲဆိုတော့ ဘုရားရှင်ရဲ့မေတ္တာကိုသွားပြီးခံစားမိတယ်။ သူ့ရဲ့ချစ်ခြင်းမေတ္တာဟာ လူတိုင်းအတွက်ဖြစ်တယ်၊ဆိုးသောသူကောင်းသောသူရယ်မဟုတ်ပါဘူး ခွဲခြားခြင်းမရှိ လူတိုင်းအပေါ်ထားတဲ့မေတ္တာဆိုတာကိုနားလည်မိတယ်။ ဘုရားရဲ့မေတ္တာကိုခံစားမိတာပါ ... ဆိုးဖို့အားပေးတာမဟုတ်ဘူးဆိုတာကိုနားလည်စေချင်ပါတယ်။
ဒါ့ကြောင့်မို့လို့ လူတိုင်းကိုဘုရားကချစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ သင်ကယ်တင်ခြင်းမရသေးပဲလောကကြီးထဲကတော့ထွက်မသွားစေချင်လောက်အောင်ကိုနှမြောတော်မူတယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ လူတိုင်းလူတိုင်းကို ကယ်တင်ခြင်းရရုံသက်သက်ပင်မဟုတ်ပေ၊သမ္မာတရားကိုလည်းသိစေချင်သောဘုရားဖြစ်တယ်ဆိုတာကိုနားလည်ဖို့ရာဘုရားရှင်ကောင်းကြီးရှိပါစေ။
သခင်ယေရှုခရစ်တော်သည်ကျွန်ုပ်ကိုချစ်သကဲ့သို့ သင့်ကိုလည်းချစ်ပါတယ်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် လူတိုင်လူတိုင်းအတွက်ဖြစ်တယ်ဆိုတာကိုသိစေချင်ပါတယ်။ သင့်ကိုနှမြောတော်မူသောဘုရားဖြစ်တယ်ဆိုတာကိုကျွန်တော်အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။ ဒါကြောင့်မို့လို့ မိတ်ဆွေ မြည်းစမ်းကြည့်ပါလို့တော့ပြောချင်ပါတယ်။ ယနေ့သည်ပင်ကယ်တင်ရာနေ့ရက်ဖြစ်တယ်။
ယောနတ္ထု ၄:၁၁
ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိသော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော်မူ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။