ပေးပါနှင့်ပေးပါ
ရလေလိုလေ အိုတစ္ဆေ၊ သောက်လေသောက်လေ ငတ်မပြေ၊ စသဖြင့်သော စကားပုံတွေသည် အချည်းနှီးသက်သက်တော့ မဟုတ်ပေ။ ကျွန်တော်တို့ လူသားတွေ၏ အလိုရမက်မှာ အင်မတန်မှ ကြောက်စရာကောင်းလောက်အောင် ကြီးမားသောကြောင့် ဖြစ်တည်လာခြင်းဆိုတာကို ငြင်းစရာရှိနိုင်မည် မဟုတ်ပါ။
၁၀ ရတဲ့သူက ၁၀၀ ရချင်တယ်၊ ၁၀၀ ရှိတဲ့သူက ၁၀၀၀ ရှိချင်လာတယ် ဒါဟာ သဘာဝလို့ဆိုဦးမလား။ အသွေးအသားတပ်မက်ခြင်းကြောင့် ဖြစ်သော လောကအရာများကို တပ်မက်ခြင်းသည် လောဘလွန်ကျူးခြင်းကို ဖြစ်စေပါတယ်။ လောကမှာ အသက်ရှင်နေထိုင်တာ လောကအရာတွေကို မလိုဘူးလားလို့မေးရင် လိုပါတယ် သို့သော် ဒါတွေကို တပ်မက်မှုဖြစ်ကာ လောဘလွန်ကျူးနေဖို့မဟုတ်တာကိုတော့ နားလည်ရပါတယ်။
သုတ္တံကျမ်း ၃၀:၁၅-၁၆
မျှော့ကောင်၌ ပေးပါနှင့်ပေးပါဟူသော သမီးနှစ်ကောင်ရှိ၏။ အလိုဆန္ဒ မပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါး ဟူမူကား၊
သင်္ချိုင်းတစ်ပါး၊ မြုံသောမိန်းမ ဝမ်းတစ်ပါး၊ ရေမဝနိုင်သော မြေတစ်ပါး၊ တန်တော့ဟု မဆိုတတ်သော မီးတစ်ပါးတည်း။
Horseleach (KJV) version! မျှော့ဆိုသော အကောင်တွေသည် သွေးစုပ်ခြင်းဘယ်တော့မှမရပ်ပါ။ တချိန်လုံးဆာလောင်နေသည်။ သွေးမဝနိုင်သော ရမက်ကြီးသော အကောင်ဖြစ်သည်။ ဒီလိုပါပဲ သင်္ချိုင်းကုန်းသည် ဘယ်တော့မှ ရပ်မတန့်ချေ။ တချိန်လုံး ဘယ်သူသေသေ Welcome ဖြစ်နေပေသည်။ မြုံသောအမျိုးသမီးသည် သားဖွားစေရန်မည်မျှကြိုးစားပါစေ မျှော်လင့်နေသော်လည်း ကလေးမရပေမယ့် အမြဲတမ်း ဆာလောင်နေသော ဝမ်းရှိသည်။ ချိုင့်ကွက်တွေပေါများသောမြေကြီးကဲ့သို့ ရေမဝနိုင်သော မြေကြီးသည် မိုးရွာနေပါစေ တစ်စက်မကျန်သည်အထိ စုပ်ယူခြင်း၊ လောင်စာကုန်သည်အထိ လောင်ကျွမ်းပစ်နိုင်သော မီး၊ လုံးဝမလျှော့စေပဲ ဘာလာလာလောင်ကျွမ်းနိုင်စွမ်းရှိသော မီးကဲ့သို့ အမြဲတမ်း ပေးပါပေးပါဟု ဆာလောင်မွတ်သိပ်နေသော လူတွေ၏ အလိုရမက်မှာ ကြောက်စရာကောင်းလှပေသည်။
ဒါ့ကြောင့် မိမိတို့ယုံကြည်သူတွေသည် တပ်မက်ခြင်းတွေကို အောင်နိုင်ပြီး၊ ရောင့်ရဲသောစိတ်ရှိစေဖို့ရာလိုအပ်ပါတယ်။ ဆာငတ်ခြင်းသည် ဘုရားသခင်ကိုသာဖြစ်စေပါ၊ နှုတ်ကပါတ်တော်ကိုသာ ဆာလောင်ပါ၊ သမ္မာတရားကိုသာ မွတ်သိပ်ပါ၊ လောကနှင့်ဆိုင်သောအရာတွေသည် လောကမှာနေစဥ်အခါမှာ လိုအပ်တယ် အသုံးလိုတယ်ဆိုတာကို ကိုယ်တော်သိပါတယ်။ ပေးပါနှင့်ပေးပါသည် ဘုရားသခင်ကိုသာ ဖြစ်ကြပါစို့ဟု အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Illustration By: Sayama Eiei Soe