November 26, 2026

ကိုယ်တိုင်ရှုံး​သောသူ

ကျွန်​တော်တို့​တွေကသူတပါးကို​သွန်သင်တာ​တွေ၊အကြံ​ပေးတာ​တွေရှိတတ်ကြပါတယ်။တခါတ​လေ​တော့လည်းငါ​ပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုသလို​လေး​တွေလဲရှိတတ်ကြပြန်တယ်။

ကိုယ့်ထက်အငယ်​တွေ၊လက်​အောက်ငယ်သား​တွေ၊တပည့်​တွေစသဖြင့်ဆုံးမတတ်ကြပြန်ပါတယ်။ ဥပမာ၊ မဆဲရဘူး၊တစိုးမစားရဘူး၊မုသာမသုံးနဲ့အစရှိသဖြင့်​ပေါ့။ ဒါ​ပေမယ့်ကိုယ်ကိုတိုင်က​ရော ဟုတ်ရဲ့လား။ဒီအတိုင်း​ရောကျင့်သုံးရဲ့လား။ဆင်ခြင်ဖို့ဖြစ်ပါတယ်။

 

ရောမဩဝါဒစာ ၂:၂၁-၂၃
သူတပါးကိုဆုံးမလျက်ပင်ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟုတရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။ 
သူ့မယားကို မပြစ်မှားနှင့်ဟုဆိုလျက်ပင် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်တုကိုစက်ဆုပ်ရွံ့ရှာလျက်ပင် ဗိမာန်တော်ကို လုယူဖျက်ဆီးသလော။ 
ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချသလော။ 

 

ဟုတ်ပါတယ်မိတ်​ဆွေ။ သူများကိုဆုံးမသွန်သင်မိ​ပေမယ့်ကိုယ်ကိုတိုင်​တော့ရှုံး​သောသူဖြစ်​နေတတ်ကြပါတယ်။သို့​သော်လည်းသတိမမူမိဘူး၊​မေ့​လျှော့​နေတတ်ကြပါတယ်။
ဒါဟာလဲအင်မတန်မှအ​ရေးကြီး​သောအရာတစ်ခုဖြစ်ပါတယ်။ ဥပမာ ... ကိုယ်ကခရစ်ယာန်အသက်တာအ​ကြောင်း​ပြောတယ်၊ဧဝံ​ဂေလိ​ဝေငှတယ် ၊ Born Again ဆိုတာဘယ်လိုပါ​ပြော​​​​နေ​ပေမယ့် ကိုယ့်အသက်တာကမမှန်ဘူးဆိုရင် ဘယ်လို​ပြောမလဲ။ ကိုယ့်ရဲ့အသက်တာကိုလည်းပြန်လည်ဆင်ခြင်ဖို့လိုအပ်ပါတယ်။

ကိုယ်ကဆယ်ဖို့တစ်ဖို့​အ​ကြောင်း​ဝေငှတယ်။ဘုရားကိုချစ်တဲ့စိတ်နဲ့ပါဝင်ရမယ်ဆို​နေ​သော်ညားလည်းပဲ မိမိမပါဝင်လျှင်။ မိမိကခွင့်လွှတ်ခြင်း၊ချစ်ခြင်း​မေတ္တာအ​ကြောင်း​ဝေငှ​​နေ​ပေမယ့်ကိုယ်တိုင်ကခွင့်မလွှတ်နိုင်၊ချစ်ခြင်း​မေတ္တာမရှိလျှင်ထိုသူသည်ကိုယ်တိုင်ရှုံး​သောသူဖြစ်​နေပြီဆိုတာနားလည်ဖို့ရှိပါတယ်။ ကိုယ်လိုအပ်​နေလျှင် စစ်မှန်​သော​နောင်တနဲ့ပြန်လည်တိုးဝင်ဆပ်ကပ်ဖို့ဖြစ်တယ်။ လိုအပ်​နေ​သောသူ​တွေကို ဘုရားသခင်ဖွင့်ပြစကား​ပြောပါ​စေ။

 

ကောရိန်သုဩဝါဒစာ ပဌမစောင် ၉:၂၇
သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။ 

 

ကယ်တင်ခြင်းလဲထို့အတူပဲဖြစ်ပါတယ်။ တချို့ကဧဝံ​ဂေလိ​ပြောကြတယ် သို့​သော် ကိုယ်ဘာကိုယုံလဲလက်ခံတာလဲဆိုတာကိုသိုဝှက်ထားတယ်။ (ဥပမာ။ဧဝံ​​ဂေလိ​တော့​ဟောတယ် သို့​သော် လက်ခံတာက ​ယေရှုကလူ၊ခရစ်​တော်ကသာဘုရား။)
​ယေရှုခရစ်​တော်သာလျှင်တစ်လမ်းတည်းဖြစ်တာကိုလက်မခံပဲထိန်ချန်ထားတတ်ကြပါတယ်။သို့​သော်ဧဝံ​ဂေလိ​တော့​ပြော​နေတာပဲ။

ရှင်​ပေါလုက​တော့ ငါကိုယ်တိုင်ခံယူတဲ့အတိုင်းလို့ဆိုပါတယ်။ ဧဝံ​ဂေလိကိုလဲ ငါခံယူတဲ့အတိုင်းပဲလို့ဆိုတယ်။
ကျွန်​တော်တို့အ​ယောက်စီတိုင်းဆင်ခြင်ဖို့ဖြစ်ပါတယ်။
ဧဝံ​ဂေလိတရား၊ဆယ်ဖို့တစ်ဖို့၊သွန်သင်ခြင်း၊ခွင့်လွှတ်ခြင်း၊ချစ်ခြင်း​မေတ္တာအစရှိသဖြင့် ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းသာဖြစ်​စေဖို့သွန်သင်ဖို့နဲ့ ကိုယ်တိုင်ရှုံး​သောသူမဖြစ်​စေဖို့ရာ အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

 

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၅:၃-၄
ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ 
သင်္ဂြုလ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next