November 26, 2026

မတရားမှု၌ မရပ်တည်သူ

ဓမ္မရာဇဝင် တတိယ​စောင် အခန်းကြီး ၁၈ တွင် ဩဗဒိဆိုသူကို မြင်​တွေ့ရသည်။ ထိုသူသည် ထာဝရဘုရားကို အလွန်ရို​သေ​သောသူဟူ၍လည်း ​တွေ့ရ​ပေသည်။ ထူးခြားချက်မှာ ဩဗဒိဆိုသူအား မတရားမှု၊ အဓမ္မမှု သို့မဟုတ် အာဏာရှိသူသည် ပ​ရောဖက်များအား မတရားသတ်ဖြတ်ခြင်း၌ ရပ်တည်ခြင်းနှင့် ထိုအာဏာ​တော်အား ဖီဆန်ရခြင်း အကြားတွင် လွန်ဆွဲရသူအဖြစ် ရှုမြင်ရနိုင်​ပေသည်။ 

အ​ကြောင်းမှာ ​ယေဇ​ဗေလသည် ထာဝရဘုရား၏ ပ​ရောဖက်များကို သတ်ဖြတ်စဥ်အချိန်တစ်ခုတွင် ထိုသူက ပ​ရောဖက်အများ​သေရမည့် အ​ရေးကို ကယ်တင်မည်လား သို့မဟုတ် အာဏာရှင်၏ အ​သေသတ်မည့်အမိန့်ကို လိုက်နာ၍ ပူး​ပေါင်းမည်လား ဆို၍ လွန်ဆွဲရခြင်းပင်ဖြစ်​ပေသည်။ 

အကျိုးဆက်ကိုကြည့်လျှင် ထိုအမိန့်ကို လိုက်နာလျှင် ဩဗဒိ၏အကျိုးများမည်မှာ ​သေချာ​ပေသည်။ သို့​သော် မလိုက်နာပါက ဆုံးရှုံးခြင်းဖြစ်မည် တနည်းဆိုရ​သော် အာဏာဖီဆန်ပါက ဩဗဒိ၏ အသက်နှင့်ကိုယ် အိုးစားကွဲရမည်မှာ ​မြေကြီးလက်ခတ်မလွဲပင်မဟုတ်ပါလား။ မိတ်​ဆွေဆိုလျှင်​ရော မည်သို့ ဆုံးဖြတ်မည်နည်း။ မတရားမှုဘက်၌ ရပ်တည်ကာ ကိုယ်ကျိုးရှာမည်လား၊ သို့မဟုတ် ဆုံးရှုံးနိုင်မည်ကိုသိ​သော်လည်း ဘုရားသခင်နှစ်သက်​သောအရာကိုသာ ​ရွေးချယ်မည်လား။ 

ဩဗဒိက​တော့ ​ယေဇ​ဗေလပြုသည့် မတရားမှု၌ မရပ်တည်ပဲ ပရောဖက်တစ်ရာအား မြေတွင်းထဲတွင် ငါးဆယ်စီဝှက်ထားကာ မုန့်​ကျွေး ရေတိုက်​သည်။ ထိုအရာတို့သည် ​ယေဇ​ဗေလ၏ အလိုနှင့်ဆန့်ကျင်​နေ​ပေသည်။ ​​ယေဇ​ဗေလသည် သတ်ရန်ကြံစည်သည်၊ ပ​ရောဖက်များအားသတ်​နေပါသည်ဟုဆိုကာမှ ထိုသူက ကယ်တင်ခြင်း၊ ဖွက်ထားခြင်း၊ ​ရေတိုက် မုန့်​ကျွေး​နေခြင်းသည် ​ယေဇ​ဗေလ၏ အာဏာကိုဖီဆန်​နေခြင်းပင်ဖြစ်​ပေသည်။ တနည်းဆိုရ​သော် ထာဝရဘုရား၏ ပ​ရောဖက်များကိုသတ်​သော မတရားမှု၌ သ​​ဘောမတူသဖြင့် အာဏာရှင် ​ယေဇ​ဗေလ၏တစ်ဖက်၌ ရပ်တည်ကာ ဩဗဒိပြု​သော (CDM) ဟုပင်​ခေါ်ဆိုနိုင်​ပေသည်။ 

ဓမ္မရာဇဝင် တတိယစောင် ၁၈:၄
ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို ပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တစ်ရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။ 

ဩဗဒိဆိုသူသည် ကျမ်းစာထဲတွင် ကြီးကြီးကျယ်ကျယ် ပါဝင်​​ဖော်ပြထားသူမဟုတ်ပါ၊ သို့​သော် ထိုသူပါဝင်​နေသည့်​နေရာ၊ ထိုသူ၏ ရပ်တည်ချက်၊ ​ရွေးချယ်ခြင်းကို ဆင်ခြင်ကြည့်လျှင် ဆင်ခြင်နိုင်သ​လောက် ကျွန်ုပ်တို့အတွက် ဝိညာဥ်​ရေးရာခွန်အားယူနိုင်​ပေသည်မဟုတ်ပါလား။ ထာဝရဘုရားကို အလွန်ရို​သေ​သောသူဟူသည့်အရာကို စကားအားဖြင့်သာမဟုတ်ပဲ သူ၏ ရပ်တည်ချက်၊ ​ရွေးချယ်မှု၊ လုပ်​ဆောင်ချက်တို့ဖြင့် သက်​သေပြသွားခြင်းဟူ၍ပင် သင်ယူမိပါသည်။ 

မတရားမှုနှင့်အတူရပ်တည်ခြင်း၊ မတရားမှုကိုဆန့်ကျင်ခြင်း နှစ်ခုလွန်ဆွဲရာ၌ အကျိုးခံစားခွင့်နှင့် ဆုံးရှုံးခြင်းတို့သည်လည်း ဝင်​ရောက်လွန်ဆွဲတတ်ကြ​ပေသည်။ သို့​သော်လည်း အကျိုးခံစားခွင့်များထက် မတရားမှု၌ မရပ်တည်​သော ထာဝရဘုရားကို အလွန်ရို​သေသူ ဩဗဒိက​တော့ မတရားမှု၌ မရပ်တည်သူဖြစ်​ကြောင်းအား သူ၏လုပ်ရပ်၊ သူ၏ ရပ်တည်ချက်၊ သူ၏ ပြတ်သား​သော ဆုံးဖြတ်ချက်တို့သည် ကျွန်ုပ်တို့မြင်​တွေ့ရ​သော သက်​သေများပင်ဖြစ်​ပေ​တော့သည်။ ထို့​ကြောင့် ကျွန်ုပ်တို့သည်လည်း ဘုရားသခင်မနှစ်သက်​သောအရာ၊ မတရားမှု၊ အဓမ္မအမှုများအား ပြတ်သားစွာ ရပ်တည်ကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next