ရှောင်ရှားရန်ထောက်ပြပေးပါ

ရှင်မဿဲခရစ်ဝင် ၁၆:၆
ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကိုသတိနှင့်ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် ၁၆:၁၂
ထိုအခါ တပည့်တော်တို့သည် မုန့်၏တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ ဩဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။
အနည်းငယ်သော တဆေးသည် မုန့်တစ်ခုလုံးကိုဖောင်းပွစေသလို၊ မှားယွင်းသောဩဝါဒတွေသည်လည်း လူ၏အသက်တာလွဲမှားသွားစေသည်။ တချို့ဆိုလျှင် ကယ်တင်ခြင်းလမ်းမှလွဲကာ ခြေတစ်ဘက်သည် ငရဲနှတ်ခမ်းဝကိုနင်း၍ အပေါက်ဝကို ဖင်ခုထိုင်ထားကြသေးသည်။
မိမိ၏အဖွဲ့အစည်းသာ ကယ်တင်ခြင်းပေးပိုင်သလို၊ ကယ်တင်ခြင်းက သူတို့ဆီမှာ သင်တန်းတက်မှရသလို၊ တချို့ကြပြန်တော့ ယေရှုဟာလူသားဖြစ်လို့ ဘာမှမတတ်နိုင်ဘူး ကားတိုင်တက်ပြီးပြန်ရှင်ပြန်ထမြောက်မှ ဘုရားဖြစ်တာ၊ တချို့ကြပြန်တော့ ယေရှုကကျိန်ခြင်းဖြတ်ဖို့ နှစ်ခြင်းခံတယ်၊ ဘိသိက်ဖမ်းဖို့ နှစ်ခြင်းခံတယ်၊ ယေရှုထဲကိုစာတန်ထည့်ရိုက်တယ်၊ ယေရှုကအမျိုးသမီး တရုတ်မဖြစ်တယ်၊ ကျမ်းစာကိုအသစ်ရေးတာသုံးကြသော အဖွဲ့တွေ၊ တစ်ပါးတစ်ဆူတွေ၊ အပြစ်တရားကအပြင်ကလာတယ်၊ အပြစ်လုပ်တာ အပြစ်မဟုတ်ဘူး လူသတ်တာအပြစ်မဟုတ်ဘူး အပြစ်ရဲ့လက္ခဏာတွေဆိုပြီး Sign တွေဘာတွေခွဲပြီး ခွဲစိပ်ခန်းမှာသုံးတဲ့ ဓါးလို့ သမ္မာတရားကို ခွဲခြမ်းစိတ်ဖြာကြသေးသည်။ အပြစ်လုပ်မိရင်လည်း ဝန်ချစရာမလိုဘူး အပြစ်ကိုတောင်းပန်လို့ ကယ်တင်ခြင်းရတာမဟုတ်ဘူး ဆို၍ ခရစ်ယာန်အသက်တာထိမရောက်သော (Saving Faith နဲ့ Living Faith) ကိုမသိ (State and Standing) ကိုနားမလည်သော ဖင်ခုထိုင်တတ်ကြသော အလွဲတွေ တဆေးတွေကို သတိနဲ့ရှောင်ကြဖို့လိုပါတယ်။ မှားယွင်းသောဩဝါဒတွေကို သခင်ယေရှုကိုယ်တိုင်ရှောင်ဖို့လဲသတိပေးထားပြီးသားဖြစ်သောကြောင့် သေချာသတိပြု၍ စစ်ဆေးပါ။
ဒီလိုထောက်ပြဖော်ပြပေးတတ်သော ဆရာသမားတွေ၊ မိတ်ဆွေတွေ၊ ညီကိုမောင်နှမတွေကို တန်ဖိုးထားတတ်ဖို့လိုပါတယ်၊ သူတို့တွေသည် ထိုငရဲကို ဖင်ခုထိုင်နေကြသူများ၏ အန္တရာယ်ကိုမြင်၍ မေတ္တာနှင့်အမုန်းခံပြောနေကြခြင်းဖြစ်သည်။ ဝိညာဥ်ရေးရာပိုင်းတွင် ထိုသို့မပြောလျှင် လွဲမှားသော မိစ္ဆာအယူတွေနောက်လိုက်သွားလျှင် မည်မျှရင်နာစရာကောင်းမည်နည်း။ အကယ်၍သာ သင့်မိသားစုမှတစ်ယောက်သည် ထိုအယူလွဲအဖွဲ့တွင်ပါဝင်သွားလျှင်ဆိုပြီး ဆင်ခြင်ကြည့်ပါ။ ဒါဆိုရင် သင်ရော တာဝန်ကင်းပါ့မလား။
ဒါ့ကြောင့် ဘုရားသခင်၏လူသည် အမှားကိုဖော်ပြသောသူ၊ သွန်သင်ဆုံးမသောသူ၊ ထိုကဲ့သို့အလွဲတွေကို ထောက်ပြ၍ ယုံကြည်သူခရစ်ယာန်များနှင့် အခြားသောသူတွေ လမ်းမလွဲသွားစေဖို့ရန် အမုန်းခံရသော်လည်း ဘုရားသခင်မျက်နှာတော်တစ်ခုတည်းသာကြည့်၍ ဆက်လက်ထောက်ပြသောသူတွေ ဖြစ်ပါစေလို့ အနည်းငယ်တိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Titus_KyawNyi
Photo Crd: Internet