November 26, 2026

​ပြေးထွက်ခဲ့ပါ

​ယောသပ်သည် ​ပေါတိဖာ အမတ်အိမ်တွင် ကျွန်အဖြစ်​ရောင်းစားခြင်းကို ခံခဲ့ရ​သော်လည်း ဘုရားသခင်သည် သူနှင့်အတူရှိ​သော​ကြောင့် မျက်နှာသာရသည်။ အိမ်အုပ်အရာကို သူရရှိခဲ့ပါတယ်၊ ​ယောသပ်သည် အ​သွေးအဆင်း အလွန်​ချော​မောလှပ​သော လူငယ်တစ်​ယောက်ဖြစ်သည်။ ထိုအရာသည် သူ၏ အားသာချက်တစ်ခုဟု ဆိုချင်ဆိုနိုင်သည်။

ကမ္ဘာဦးကျမ်း ၃၉:၁၂
သခင်မက ငါနှင့်အတူအိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။

တခါတ​လေမှာ​တော့ ထိုအားသာချက်သည် မိမိ၏ အားနည်းချက်အဖြစ် ​ပြောင်းသွားတတ်သည်။ ထို​ချော​မောလှပ​သော လူငယ်ဖြစ်တဲ့ ​ယောသပ်ကို ​ပေါတိဖာ၏ အမျိုးသမီးသည် မျက်စိကျ​နေသည်။ ခဏခဏ ​သွေး​ဆောင်​လေရဲ့၊ အကြိမ်ကြိမ်ငြင်းဆိုခဲ့​သော်လည်း တစ်​နေ့မှာ​တော့ သခင်မ၏ အကြံအစည်ကို သူမသိခဲ့​ပေ။

​ထို​နေရာ၌ ယောကျ်ားများမရှိ​သော အချိန်တစ်ချိန်တွင် ​ယောသပ်အား ​မိမိနှင့်အတူအိပ်ရန် ​ခေါ်​၍ ​ယောသပ်၏ အဝတ်ကိုဆွဲ​သော​ကြောင့် သူထွက်​ပြေးခဲ့သည်၊ အဝတ်ကျန်ခဲ့ပြီး သူမ၏ ကလိမ်ကကျစ်ကျ၍ ​အော်​သော​ကြောင့် အထင်လွဲကာ ​ထောင်နန်းစံရ​လေသည်။

ကျွန်​တော်တို့ ​လောကမှာ အသက်ရှင်​နေရချိန်မှာလဲ ​သွေး​ဆောင်မှုများစွာရှိပါတယ်၊ ကြုံ​တွေ့ရတတ်ပါတယ်။ အချို့အချိန်​တွေမှာ​​တော့ ရှင်းပြနိုင်ပါတယ်၊ ဆု​တောင်းနိုင်ပါတယ်။ ဥပမာကြည့်ရရင် ​ယောသပ်သည် သခင်မ၏ ​သွေး​ဆောင်ခြင်းကို ရှင်းပြခဲ့သည်ကို မြင်​တွေ့ရမည်။ 

သတိထားစရာတစ်ခုသည် ပညတ်ချက်​တွေမရှိ​သေး​သော အချိန်ကာလဖြစ်တယ်၊ ဒါကို သခင်မနဲ့အတူအိပ်ခြင်းသည် ဘာဖြစ်လို့ ဘုရားသခင်ကို ပြစ်မှားရာ​ရောက်​စေတယ်ဟု သူဆိုတာဖြစ်မလဲ။ တနည်းဆိုရရင် သခင်မနဲ့အိပ်ရင် ဒုတိယ​ယောကျ်ားဖြစ်မည်၊ သက်သာစွာ​နေရမည်၊ စသဖြင့်ရှိ​ပေမယ့် ဘုရားကိုပြစ်မှား​စေတယ်ဟုဆိုခဲ့တယ်။ 

ဒီလိုပါပဲ ထွက်​ပြေးရမယ့် အချိန်ကာလဆိုတာလဲ ရှိတယ်ဆိုတာကို နားလည်ရပါတယ်။ တခါတ​လေ ကျွန်​​တော်တို့ ငြင်းဆိုလို့မရနိုင်တဲ့ အချိန်​တွေကြုံလာခဲ့ရင် ထွက်​ပြေးခဲ့ပါ။ ​ယောသပ်သာ ထိုအချိန်မှာ ဆု​တောင်း​နေမယ်၊ ဆက်စကား​ပြော​နေမိရင်​တော့ ​သွေး​ဆောင်မှုမှာ ကျရှုံးနိုင်​ချေရှိပါတယ်။

ဒါ့​ကြောင့် ​လောကမှာ ​အသက်ရှင်​နေထိုင်​သော ကျွန်​တော်တို့ ယုံကြည်သူ​တွေသည် ​သွေး​ဆောင်ခြင်း​တွေ အမျိုးမျိုးကို ကြုံ​တွေ့ရနိုင်ပါတယ်။ ထိုအချိန်အခါမျိုးမှာ မည်သည့်အချိန်တွင် မည်သို့လုပ်ရမည်ကို သိရှိထားရန်လိုအပ်သလို၊ ထွက်​ပြေးရမယ့် အချိန်မှာ ထွက်​ပြေးရန် အဆင်သင့်ဖြစ်ပါ​စေ၊ ​နောက်ပြန်မလှည့်​သော သူများဖြစ်​စေကာ ဘုရားသခင်ကို အဘယ့်​ကြောင့် ပြစ်မှားစေမှာလဲ ဆို​သောအရာကို သိမှတ်၍ မည်သည့် ပြဿနာမျိုးကိုမဆို ကြုံ​တွေ့ရပါ​​စေ ​ပြေးထွက်ခဲ့ပါဟု အနည်းငယ် တိုက်တွန်း ခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next