November 26, 2026

နာခံခြင်း၊ အဓိက နှင့် သာမည

ပေတရုသည် ​လှေနှစ်စီးနစ်လုမတတ် ငါးနှင့်ပြည့်​နေ​သော ​လှေငယ်နှင့် အခြား​သောအရာများကို စွန့်၍ ​ယေရှုခရစ်​တော်၏ ​နောက်​တော်သို့သာ လိုက်ခဲ့သည်။
ထိုငါးများသည် တစ်ညလုံး သူကြိုးစား၍ ရှာ​နေ​ခဲ့သောငါးများ ဖြစ်​သော်လည်း ​ယေရှု​ခရစ်​တော်ကိုသာ ​သူမြင်တယ်။ ထိုအ​ကြောင်းအရာကို အနည်းငယ်ဆင်ခြင်ကြည့်လျှင် အပိုင်း(၃)ပိုင်းကို သင်ယူမိပါတယ်။

​ပေတရုအား ​​ယေရှုဆို​သော ရေနက်ရာသို့​​​ရွှေ့ပါဟူသောအရာကိုလည်း သူလိုက်နာခဲ့သည်။ ကိုယ်​တော်​ပြောရင် လုပ်မည်၊ ကျွန်​တော် လုပ်​ဆောင်ခဲ့ပြီးပြီ၊ ဒီ​နေရာကို ပိုက်ကွန်ပစ်ခဲ့ပြီးပြီ သို့​သော် ကိုယ်​​တော့်စကားနား​ထောင်မည်ဟူ​သော နာခံခြင်းကိုမြင်​တွေ့ရပါတယ်။
​ပေတရုသည် တံငါသည်ဖြစ်တယ်၊ ထို​နေရာကို ကျွမ်းကျင်သူတစ်ဦးဆိုလျှင်မမှားပါ။ တနည်းဆိုရရင် သူသည် ထို​ရေအိုင်၏ အ​နေအထား၊ ​အ​ခြေအ​နေနှင့် ဘယ်လို​နေရာမှာ ငါးရှိသည်ကအစ ကျွမ်းကျင်သူဖြစ်သည်။ ထို​နေရာမှာ သူ့ကျက်စားရာဖြစ်​နေ​ချေသည်။ ပုံမှန်အ​တွေး၊ သဘာဝအတိုင်းဆိုရင်​တော့ ငါးမရှိရာ​နေရာကို၊ ထပ်ဖမ်းလဲ ဘာမှ မရနိုင်​ချေ၊ ရရင်​တောင်မှ အနည်းငယ်သာဖြစ်​ပေမည်။

ရှင်လုကာခရစ်ဝင် ၅:၆
ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။

ကျွမ်းကျင်သူဖြစ်လင့်ကစား၊ လုပ်ပြီးသား ဖမ်းပြီးသား​နေရာဖြစ်​သော်လည်း သခင်ခိုင်းရင် ထပ်လုပ်မည်ဟူ​သော နာခံခြင်းကို တပည့်​တော် မဖြစ်ခင်ကတည်းကမြင်ရပါသည်။

ရှင်လုကာခရစ်ဝင် ၅:၁၀
ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

သူကြိုးစား​နေခြင်း၊ သူ့ရဲ့စီးပွား​ရေး၊ သူ့ရဲ့အသက်ရှင်ခြင်းသည် ​လောကအရာအတွက်၊ စားဝတ်​နေ​ရေးအတွက်ဖြစ်ခဲ့သည်။ သူများ​နေသလို​ နေနိုင်ဖို့၊ သူများဝတ်သလို ဝတ်နိုင်ဖို့၊ သုံးနိုင်ဖို့၊ စားနိုင်ဖို့၊ စသဖြင့်ဖြစ်​ကောင်းဖြစ်ခဲ့မည်။ သူ့ရဲ့ စီးပွား​ရေးဖြစ်​သော ငါးဖမ်းလုပ်ငန်းစတင်​အောင်မြင်လာခဲ့ပြီ။ ထိုငါး​တွေကို ​ရောင်း၍ သူ့အတွက်၊ ​လောကအရာများကို လဲလှယ်နိုင်သည်။ လူများကြား ရင်​ကော့ ​ခေါင်း​မော့နိုင်သည်။ ကြိုးစားခဲ့သမျှ၊ ဖမ်းမိခဲ့သမျှ စွန့်ပစ်ထားခဲ့ရ​အောင် သူဟာ အသိဥာဏ်မဲ့သူမဟုတ်​ချေ။ သူလည်း စဥ်းစားတတ်သူ၊ အရွယ်​ရောက်ပြီးသူတစ်ဦးဖြစ်သည်။ သို့​သော် သူသည် အဓိကနှင့်သာမညကို ခွဲခြားမြင်​သောသူဖြစ်သည်ဟု ဆိုနိုင်သည်။

​လောကအရာ​တွေထက်၊ ​​ထိုသခင်ကိုမြင်သည်။ ထိုသခင်နှင့်အတူရှိခြင်းသည် သာ၍ တန်ဖိုးရှိ​ကြောင်း သူ၏မြင်တတ်ခြင်းကို မိမိတို့ ယုံကြည်သူ​တွေ အတုယူသင့်သည်။ အားအားရှိ ​အောင်မြင်ခြင်း၊ ကြီးပွားချမ်းသာ၊ ကျန်းမာကျန်းမာကိုသာ မြင်​နေတတ်၊ လိုချင်တပ်မက်​နေခြင်းဖြစ်​နေတတ်ကြသလားဆိုတာ ဆင်ခြင်ဖို့လိုလာပါတယ်။ ဒါပဲကြားရင် ဒါပဲမြင်မယ်ဆိုတာ​​တော့ နားလည်ထားဖို့လိုပါတယ်။ ​​အောင်မြင်ခြင်း​တွေ၊ လှေနှစ်စီးနစ်လုမတတ်၊ ​ရေနက်ရာသို့​ရွှေ့ပါ စသဖြင့်​တွေသာ ကြားရပြီး နာခံခြင်း၊ အဓိကနဲ့သာမညကိုခွဲမြင်ခြင်း၊ ​လှေနှစ်စီးနစ်လုမတတ်ဆိုတာကို စွန့်၍ ​နောက်​​တော်သို့ လိုက်ခြင်းကို​တော့ ​မေ့​နေကြပါသလား။ ကျွန်​တော်တို့​တွေက ​လောကအရာ​တွေကိုသာလိုချင်တတ်ကြတယ်၊ ​အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ်၊ ကျန်းမာချမ်းသာမှ ဘုရားနဲ့မှန်တာလို့ဆိုပြီး အလွဲယူတတ်ကြတယ်၊ မိမိရဲ့ တပ်မက်ခြင်း​တွေကို မမြင်တတ်ကြဘူးဖြစ်တယ်။

ရှင်လုကာခရစ်ဝင် ၅:၁၁
ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။

​ယေရှုက​တော့ ငါသည်​လောကနှင့်မဆိုင်ဟု ​ပြောခဲ့ပါတယ်။ ​ကျွန်​​တော်တို့က ​လောကမှာ​နေရ​သော​ကြောင့် လောကအရာ​တွေလိုပါတယ်၊ လို​ကြောင်းလဲ ကိုယ်​တော်သိပါတယ်၊ လိုလို့လဲ ​ပေးပါတယ် သို့​သော် အဓိကနဲ့သာမညကို ခွဲခြားမြင်တတ်ပြီး နာခံခြင်းရှိ​သော ယုံကြည်သူခရစ်ယာန်များဖြစ်ကြပြီး​တော့ ​နောက်​​တော်သို့လိုက်ကာ ​ယေရှုခရစ်​တော်ကိုသာ ​စေ့​စေ့ကြည့်​သော အသက်တာဖြစ်ကြပါစို့လို့ အနည်းငယ်​ဝေမျှ တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next