November 26, 2026

ဆင်ခြင်​အောက်​မေ့တတ်​သောသူ

 

 

ယုံကြည်သူတစ်​ယောက်ဖြစ်လာတာနဲ့အ​လျှောက် ဝိညာဥ်​ရေးရာသည် တ​​စ်​နေ့ထက်တစ်​နေ့သာ၍ ကြီးထွားလာဖို့အ​ရေးကြီးပါတယ်။

ရှင်​ပေါလုက​တော့ဒီလို​ပြောပါတယ်။

 

 

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၁၁

ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။

 

 

ကျွန်​တော်တို့​တွေဟာ အသက်၅၀​လောက်မှ နို့ဘူး​စို့ရင်းပုခက်​လေးစီးလိုက်၊အဝတ်မပါပဲလမ်းမှာ​လျှောက်​ပြေး​နေလို့အမြင်မသင့်ပါ။ ဒါဟာသူငယ်​​တွေသာလုပ်တဲ့အရာ​တွေဖြစ်တယ်ဆိုတာဆင်ခြင်မိဖို့လိုအပ်ပါတယ်။

ဒီလိုပဲဝိညာဥ်​ရေးရာသူငယ်မဖြစ်​စေဖို့လိုပါတယ်။ဝိညာဥ်​ရေးရာကြီးထွားလာဖို့ နှုတ်ကပါတ်​​တော်နို့စစ်ကို​သောက်သုံးဖို့လိုအပ်ပါတယ်။သူငယ်အရွယ်မှ​နေအဘအရွယ်ထိတိုင်​အောင် ဝိညာဥ်​ရေးရာကြီးထွားရင့်ကျက်​သောသူဖြစ်​စေဖို့ရာ ဘုရားသခင်အလိုရှိတယ်ဆိုတာဆင်ခြင်ခွန်အားယူဖို့ဖြစ်ပါတယ်။မဟုတ်ရင်​တော့ ဝိညာဥ်​ရေးရာဂီလာနဖြစ်သွားရင်​ အသက်တာအတွက်စိုးရိမ်စရာဖြစ်တယ်ဆိုတာနားလည်ဖို့ရှိပါတယ်။

 

 

ဆာလံကျမ်း ၆၃:၅-၆

အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍၊ ညယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကိုလည်းကောင်း၊ ဆူသောအသားကိုလည်းကောင်း စား၍ဝသကဲ့သို့၊ အကျွန်ုပ်၏ ဝိညာဉ်သည်ဝ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။

 

 

တ​နေ့တာလုံးပြုခဲ့သမျှ​၊​ပြောဆိုခဲ့သမျှ​တွေကိုအိပ်ခါနီး​တောင်မှပြန်လည်ဆင်ခြင်ပိုင်းခြားရင်း ဝိညာဥ်​တော်နဲ့သွားလာတတ်​သော ဝိညာဥ်​ရေးရာအဘအရွယ်ထိတိုင်ရင့်ကျက်​သောသူဖြစ်လာ​စေဖို့ထိဆက်သွားဖို့လိုပါတယ်။ Born Again အသက်တာသည် ကယ်တင်ခြင်းရပြီးတာနဲ့ရပ်တန့်​နေဖို့မဟုတ်သလို တချို့အရာ​တွေကို ဆက်မှား​နေဖို့မဟုတ်ဘူးဆိုတာကို ပိုင်းခြားနားလည်ဖို့အ​ရေးကြီးပါတယ်။ ဝိညာဥ်​တော်ရဲ့အ​လေ့အလာသိပြီး သွားလာတတ်လာရင် မှန်သည်မှားသည်ကို ​သေချာပိုင်းခြားတတ်လာမယ် ဒါဆိုရင် ကိုယ်ပြုမိတဲ့အရာရာတိုင်းမှာ အမှား​တွေကိုလည်းဆင်ခြင်ပြင်ဆင်တတ်လာမှာဖြစ်တယ်။ ဝိညာဥ်​တော်နဲ့သွားတဲ့အသက်တာသည် မှားရင်မှားမှန်း​ဖော်ပြခြင်းကိုခံရမှာဖြစ်တယ် ဒါ့​ကြောင့်မို့လို့လည်း Same Mistake ဆိုတာမျိုး​တွေမရှိနိုင်​တော့ဘူး။ ​ပျောက်​သောသား ​နောက်တစ်ကြိမ်အိမ်ကမထွက်သွားသလို၊ဒါဝိတ်လဲဒုတိယ ဗာသာ​ရှေဘ မရှိ​တော့ဘူးဆိုတာနားလည်ရပါတယ်။ စစ်မှန်တဲ့​နောင်တ​ရဖို့တော့လိုပါတယ် တကယ်စစ်မှန်​သော​နောင်တမဟုတ်ရင်​တော့ မှားလိုက်​တောင်းပန်လိုက်ပြန်မှားလိုက်နဲ့ မုန့်လုံးကို စက္ကူကပ်​နေ​​သလိုပဲဖြစ်​နေမှာပါ။ အသက်တာ​ပြောင်းလဲပြီး​နောက်ပိုင်းမှာ​တော့ ​နေ့စဥ်အသက်တာမှာပြန်လည်ဆင်ခြင်​အောက်​မေ့တတ်​သောသူဖြစ်​စေဖို့ရာအနည်းငယ်ခွန်အား​​ပေးတိုက်တွန်းချင်ပါတယ်။

 

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

 

#Titus_KyawNyi

Previous Next