ဘာလို့များတွန့်ဆုတ်နေမလဲ

လူတစ်ယောက်ကို လေးစားတယ်၊ အထင်ကြီးတယ်၊ အားကိုးတယ်ဆိုတာကို သေသေခြာခြာခွဲခြမ်းကြည့်မယ်ဆိုရင် ထိုသူ၏ အစွမ်းအစကိုကြည့်ခြင်းဖြစ်တယ် ဆိုတာကို နားလည်ရတယ်။ ဆိုကြပါစို့ မိမိရဲ့ အိမ်မှပစ္စည်း တစ်ခုခုကို သူခိုးခိုးသွားတယ် ဆိုရင် ထိုသူခိုးကို ဖမ်းဆီးနိုင်မည့်သူဖြစ်တဲ့ ရဲစခန်းကို အကြောင်းကြားတတ်ကြတယ်၊ တရားဥပဒေစိုးမိုးရင် ဝန်ကြီးချုပ်ဖြစ်စေ၊ သမ္မတဖြစ်စေ၊ ဘာအစိုးရဖြစ်နေပါစေ တရားဥပဒေအရ အရေးယူနိုင်တယ်။ ဒါ့ကြောင့် မည်သူဖြစ်နေပါစေ မိမိအပေါ် မတရားခြင်းကိုဖြစ်စေရင် တရားဥပဒေကို အားကိုး၍ တိုင်တောကြတယ်ဆိုတာကို တရားဥပဒေ သည် အစွမ်းအစရှိပြီး အားကိုးလို့ရတဲ့ နိုင်ငံတိုင်းမှာ တွေ့ရတယ်။
ဒီလိုပဲ ရပ်ကွက်ထဲမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ မီးအကြီးအကျယ်လောင်နေလျှင် ဘယ်သူမှ ဆရာဝန်ကိုမခေါ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ သူမတတ်စွမ်းဘူးဖြစ်တယ်၊ မီးသတ်ကိုသာ အကြောင်းကြား၍ မီးသတ်ကိုသာ အားကိုးတတ်ကြတယ်။ အဲဒါပေမယ့် မကျန်းမာဘူးဆိုရင်တော့ ဆရာဝန်သာခေါ်တယ် ဆေးခန်းသာပြတယ်၊ ဘယ်သူကမှ မီးသတ်ကိုမခေါ်ဘူး၊ ရဲစခန်းကိုမတိုင်ကြဘူးဘဲ။
လူတွေသည် မိမိတို့၏ အားကိုးပါတယ်ဆိုသောသူမည်သည်မှာ အားကိုးထိုက်သောသူဖြစ်ရမည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ကြသည်။ သူတို့ရဲ့ အားနည်းသောအရာတစ်ခုခုကို အားဖြည့်ပေးနိုင်သောသူ၊ တတ်စွမ်းသောသူ၊ ဖြည့်စွမ်းပေးနိုင်သောသူ စသဖြင့် အစွမ်းအစရှိသောသူကိုသာ အားကိုးတယ်ဆိုတာကိုနားလည်ရပါတယ်။ ဆိုကြပါစို့ အောင်မြင်ချင်သောသူက အောင်မြင်ပြီးသားသူရဲ့စကားကိုသာနှစ်သက်သလို ထိုသူရဲ့စကားကိုသာနားထောင်တတ်တယ်။
တနည်းဆိုသော် စီးပွားရေးအားနည်းနေသူသည် ထိုအရာအတွက် နည်းလမ်းပေးနိုင်သောသူ၊ အောင်မြင်စေရန် စွမ်းဆောင်ပေးနိုင်သော မစပေးနိုင်သောသူ၊ ကျန်းမာရေးလိုလျှင် ထိုကျန်းမာရေးအား မစပေးနိုင်သည်၊ အစရှိသဖြင့်ကို တတ်စွမ်းစေခြင်းမရှိလျှင် အားမကိုးတတ်ကြဘူးလို့ နားလည်ရပါတယ်။ ဒါ့ကြောင့်လည်း နတ်ကိုးကွယ်မှုတိုင်းတွင် ထိုနတ် တစ်ပါးပါး၏ တတ်စွမ်းနိုင်ခြင်းတွေအပေါ် မူတည်၍ မိမိလိုအပ်ချက်အပေါ် လိုက်၍ ကိုးကွယ်တတ်ကြသည်ကို လေ့လာမိပါတယ်။
ရှေးယခင်ခေတ်မှယခုထိတိုင် နတ်ကိုးကွယ်မှုတွေရှိနေသေးသည်ကိုလည်း ထင်ထင်ရှားရှားမြင်တွေ့ရသလို၊ ဘာ့ကြောင့်လဲဆိုသော အဖြေမည်သည်မှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်နိုင်ပါလိမ့်မည်။ ဒါ့ကြောင့် အီဂျစ်ပြည်ရဲ့ နတ်ဘုရားများနှင့် ခေတ်အဆက်ဆက်ကို ကြည့်တဲ့အခါမှာ ဒိုင်ယာနာနတ်ဘုရား(အာသေမိနတ်ဘုရားမ) နှင့် အပိုလိုနတ်ဘုရား တို့သည် ကျန်းမာခြင်းပေးစွမ်းနိုင်တယ် ဒါ့ကြောင့် ကျန်းမာရေးလိုသူတွေ ကိုးကွယ်တတ်ကြတယ်၊ တနည်းအားဖြင့် အားကိုးကြတယ်ပေါ့။ စသဖြင့် ဥာဏ်ပညာလိုချင်သူက ဘယ်သူ့ကိုအားကိုးတယ်၊ စစ်တိုက်ခြင်းအတွက် ဘယ်သူ့ကိုအားကိုးတယ်၊ ရေလမ်းခရီးအတွက် ဘယ်နတ်ဘုရားကို အားကိုးတယ်၊ နေနတ်ဘုရား လနတ်ဘုရား စသဖြင့်တွေကို ကိုးကွယ်ကြတယ် အားကိုးကြတယ်လို့ နားလည်ရတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၅
ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
လူလူခြင်းလဲ တတ်စွမ်းသူဖြစ်မှသာ အားကိုးနိုင်စရာအခြေအနေရှိမှသာ အားကိုးတတ်ကြသလို၊ ရှေးခေတ်အဆက်ဆက်မှ ယခုတိုင်လည်း ကိုးကွယ်မှုတွေသည် တတ်စွမ်းနိုင်ခြင်းအပေါ်အခြေခံတယ်ဆိုတာကိုလည်း နားလည်ရပါတယ်။ ထူးခြားမှုတစ်ခုကတော့ ထိုထိုမည်သော နတ်ဘုရားတွေက တတ်စွမ်းခဲ့တယ်ဆိုရင်တောင် အမျိုးအမည်ပေါင်းများစွာ နတ်ဘုရားပေါင်းများစွာသာဖြစ်တယ်၊ ယေရှုခရစ်တော်ကတော့ အရာအားလုံးကိုတတ်စွမ်းနိုင်ပါတယ်။ အားကိုးခြင်းမည်သည် တကယ်အစွမ်းအစရှိမှဖြစ်သည်လို့ အခြေခံယူဆတယ်ဆိုရင် မိမိရဲ့တတ်စွမ်းခြင်း၊ မိမိအားကိုးရာတစ်ခုခုသည် အရာရာကို အာမခံပါရဲ့လားလို့ ဆင်ခြင်ကြည့်ဖို့အရေးကြီးတယ်လို့ပြောချင်ပါတယ်။
ငါအားကိုးရာ ငါ့ရဲ့အစွမ်းအစ၊ ငါ့ရဲ့ကောင်းမှုကုသိုလ်၊ ငါ့ရဲ့အကျင့်သီလ၊ ငါ့ရဲ့ဘာသာတရား၊ ငါ့ရဲ့ အားကိုးရာတစ်ခုခု စသဖြင့် မိမိရဲ့ရင်ဘတ်ပေါ်ကို လက်တင်၍ သေသေခြာခြာမေးကြည့်ပါ ဆင်ခြင်ကြည့်ပါ။ မိတ်ဆွေအတွက် အဆင်ပြေတယ်ဆိုရင် ဆက်ဖတ်စရာမလိုတော့ပါဘူး။ ဒါပေမယ့် မိတ်ဆွေရဲ့စိတ်နှလုံးထဲမှာ မလုံခြုံဘူး၊ အားကိုးလို့မရဘူးဆိုတာသိသွားပြီဆိုရင်တော့ အားကိုးလို့ရသော ပုဂ္ဂိုလ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထိုသူကတော့ ယေရှုခရစ်တော်ဘုရားပဲဖြစ်ပါတယ်။
ကျန်းမာခြင်းကိုပေးစွမ်းနိုင်သလို ယခုဘဝ နောင်ဘဝအတွက်လဲ အာမခံချက်ပေးတယ်၊ သေခြင်းကို အောင်သော တစ်ဆူတည်းသော ဘုရားဖြစ်ပါတယ်။ ဆိုကြပါစို့ တမလွန်ကို မအောင်ဘဲ တမလွန်အကြောင်းကို မည်သူအာမခံနိုင်ပါမလဲ၊ အမေရိကန်နိုင်ငံကိုမရောက်ဘူးဘဲ ထိုနေရာ၏အကြောင်းကို ပြော၍ သင့်ကိုရောက်ရင် လိုက်ပြပေးမယ်ဆိုတာမျိုးကို သင်မည်သို့အားကိုးမည်နည်း။ ငွေချေးမည်ဆိုရင်တောင် ဆင်းရဲသားဆီကချေးသလား တတ်နိုင်သောသူဆီက ချေးကြသလား။
ဒီလိုဘဲ ငါသည်လောကကိုအောင်ပြီဟု ဆိုသည်အတိုင်း လောကကိုလဲ အောင်သောကြောင့် သင်နှင့်ကျွန်ုပ်ရဲရဲကြီး အားကိုးနိုင်သော တစ်ဆူတည်းသောဘုရားသခင်ဖြစ်ပါတယ်။ လူလူခြင်းဆောင် အားကိုးတတ်ကြသေးသလို၊ နတ်ပိစိကွေးလေးတွေကိုတောင် အားကိုးတတ်ကြသေးတာဘဲ ဘာဖြစ်လို့များ ထိုဘုရားကို အားမကိုးနိုင်စရာရှိမလဲလို့ ဘာဖြစ်လိုများ ထိုသခင်ကို လက်ခံနိုင်ဖို့ရာ တွန့်ဆုတ်နေကြမှာလဲလို့ ဆင်ခြင်ကြည့်စေချင်ပါတယ်။ ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ကမိတ်ဆွေက သခင်ယေရှုခရစ်တော်ကိုမြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Design: Sayarma Eiei Soe