November 26, 2026

အရာရာ၌

ကျွန်​တော်တို့​တွေဟာ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ​ကောင်းစားခြင်း​တွေကိုသာ အာရုံစိုက်​နေမိသလား။
ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ အဆင်​ပြေခြင်း၊ အဆင်မ​ပြေခြင်း​တွေကိုသာ ပမာဏထား​နေမိပါသလား။ ​မိမိရဲ့​ကောင်းစားခြင်း​တွေကြားထဲမှာ ဘုရား​သခင်ကို​မေ့​လျှော့သွားတတ်ကြတာ​တွေလည်းရှိကြပါတယ်။ ဆင်းရဲခြင်း​တွေထဲမှာလဲ ဘုရားသခင်မကြိုက်တဲ့အရာများကို လုပ်မိကြ၍ ပြစ်မှားမိတတ်ကြပြန်တယ်ဆိုတာကို နားလည်ရတယ်။

​ကောင်းစား​တော့ ​ကျေးဇူး​တော်၊ ဒုက္ခဆင်းရဲခံရ​တော့ ဘုရားနဲ့မမှန်လို့ဆိုပြီး သူတပါးကို​ဝေဖန်မိတတ်ကြတာ​တွေလည်းရှိသလို၊ အဆင်​ပြေခြင်း၊ အဆင်မ​ပြေခြင်း​တွေကို ဘုရားနဲ့မှန်လားမမှန်လားလို့ တိုင်းတာရတာလားဆိုတာကိုဆင်ခြင်ကြည့်ပါဦးလို့​ပြောချင်ပါတယ်။ ​နောက်တစ်ခုက မိမိရဲ့​ကောင်းစားခြင်း​တွေက​နေ ဒုက္ခ​တွေကြုံ​တွေ့ရတဲ့အခါမှာ​ရော ဘယ်လိုရင်ဆိုင်မလဲ၊ ​ဘုရားသခင်ကိုအပြစ်တင်ရင်းနဲ့ ​ရှေ့ဆက်မှာလားဆိုတာကို ဆင်ခြင်တတ်ဖို့ရာလိုအပ်ပါတယ်။ ​​ယောဘကြီးက​တော့ ဘုရား​ပေးတယ် ဘုရားပြန်ရုပ်သိမ်းတယ်လို့ဆိုပြီး ​ကျေးဇူး​တော်ကိုပဲချီးမွမ်းတာကို​တွေ့ရပါတယ်။ 

ကျွန်​တော်တို့​တွေက သူ့​လောက်ခံရဦးမလား။ သူ့​လောက်ဆိုးပါဦးမလား။ ရှိသမျှ ပစ္စည်းဥစ္စာတစ်​နေ့တည်းကုန်တယ် ဆုံးရှုံးရတယ်၊ သားသမီး​တွေအကုန်​သေတယ်၊ ဒီလိုဒဏ်ကို တစ်ရက်တည်းဘယ်လို ခံစားရမလဲဆိုတာကို ​တွေးကြည့်တာနဲ့သိနိုင်ပါတယ်။ ဒီ​လောက်ဖြစ်တာ​တောင် ​ကျေးဇူး​တော်ချီးမွမ်းတယ်ဆိုတာကို​တွေ့ရတယ်၊ ဘုရား​ပေးတယ်ကွာ ဘုရားပြန်ရုပ်သိမ်းတယ်ကွာ ဘာဖြစ်လဲလို့ဆိုသလို အဲဒီဘုရားရဲ့နာမ​တော်ကို မင်္ဂလာရှိပါ​စေလို့​တောင်ဆိုတယ်။ သူဒုက္ခ​ရောက်ပြီး နာကျဥ်ခံစားရတဲ့အမှုများစွာကြုံရတာ​တောင် တစ်ချက်မပြစ်မှားဘူးဆိုတာ​ကို​တွေ့ရပါတယ်။ မကျန်းမာခြင်းခံစားရ​တော့ သူ့အမျိုးသမီးက ​ဖြောင့်မတ်ခြင်းတရားကိုများစွဲလမ်း​နေ​သေးသလား၊ နင့်ဘုရားကိုစွန့်ပြီး​သေပါ​​တော့လားလို့ဆိုတဲ့အရာအ​ပေါ် မိန်းမမိုက်​တွေ​ပြောသလိုမင်းမ​ပြောပါနဲ့လို့ဆိုခြင်း၊ ဘုရားသခင်ဆီမှ သုခချမ်းသာကိုခံယူတယ် ဘာဖြစ်လို့ ဆင်းရဲဒုက္ခကို မခံယူနိုင်ရမှာလဲဟုဆို​သောစကားသည် အင်မတန်အတုယူစရာ​ကောင်းလှသည်။ ​​မေတ္တာဖြင့်သာတုန့်ပြန်သည်၊ မိန်းမကို ဆဲဆိုရိုက်နှက်၍ ဘုရားသခင်ကိုမ​​စော်ကားနဲ့ဟုမဆို​ပေ။ သူကိုယ်တိုင်လည်း နာကျဥ်​နေရ​ပေမယ့် နှုတ်ဖြင့်​တောင် မမှားယွင်းသည်ကိုအတုယူသင့်​ပေသည်။

ယောဘဝတ္တု ၁:၂၁-၂၂
အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲ နေ၏။

အချုပ်အားဖြင့်ဆိုရလျှင် ကျွန်​တော်တို့ယုံကြည်သူများအတွက် မ​တော်မဆဆိုတာမရှိပါဘူး။ အရာရာတိုင်းသည် ဘုရားသခင်အကြံအစည်ရှိ​နေ​ပေသည်။ ​ယောဘကြီး သားသမီး၊ ပစ္စည်းဥစ္စာ၊ သိုးနွားစသဖြင့် တစ်ရက်တည်းနဲ့ဆုံးရှုံးရတယ်၊ ​နောက်​တော့ မကျန်းမာခြင်းခံစားရတယ်၊ သူ့ကိုအား​ပေးမယ့် သူငယ်ချင်း​တွေက​တောင် သူခံစား​နေရတာကိုမြင်၍ ဘုရားနဲ့မမှန်လို့ပါကွာလို့​တောင် အထင်လွဲခံရတယ်။ ဒါ​ပေမယ့် ဒါ​တွေအားလုံးသည် သူ့အ​ပေါ်မှာ အကြံအစည်ရှိတယ်ဆိုတာကို နားလည်ရပါတယ်။ ​နောက်ဆုံးမှာ ၂ဆ​သော​ကောင်းကြီးကိုခံစားရတယ်ဆိုတာကို​တွေ့ရတယ်။​နောက်တစ်ချက်အတုယူစရာသည် သူတပါးဒုက္ခ​ရောက်​နေတဲ့အ​ပေါ်ကို ဘုရားနဲ့မမှန်လို့၊ ဘုရားကိုပြစ်မှားလို့ဟုလည်း အမြင်၊ အထင်နှင့် မဆုံးဖြတ်သင့်သလို၊ ထိုအရာကို ဘုရားသခင်မနှစ်သက်ဘူးဆိုတာသိထားဖို့ရန်လိုအပ်​ပေသည်။ ​ယောဘ၏ ဆင်းရဲချမ်းသာ၊ ကျန်းမာခြင်းမကျန်းမာခြင်း အ​ပေါ် မမူတည်ဘဲ ဘုရားသခင်အ​ပေါ်သစ္စာရှိခြင်းကို ​တွေ့ရသလို ဆင်းရဲလည်း ဒီမိန်းမဘဲ ချမ်းသာလည်း ဒီမိန်းမဘဲ ဘုရားလည်းမ​ပြောင်းသလို မိန်းမလည်းမ​ပြောင်းသွားဘူးဆိုတာကို သတိပြု​စေချင်ပါတယ်။ ကျွန်​တော်တို့အ​ယောက်စီတိုင်းသည် ​ယောဘကဲ့သို့ ​အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အဆင်​ပြေခြင်း၊ အဆင်မ​ပြေခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်း​တွေ အစရှိသဖြင့်အ​ပေါ်ကို မမူတည်​နေဘဲ အရာရာ၌ ​ကျေးဇူး​တော်ကိုချီးမွမ်းတတ်​သောသူများဖြစ်ကြ​စေဖို့ရန် အနည်းငယ် ခွန်အား​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next