သင် ဘယ်လိုအလင်း လင်းမတုန်း

ည ၁၁နာရီလောက်တွင် ရုတ်တစ်ရက် မီးပျက်သွားသောကြောင့် မဲမှောင်သွားသည်။ ထိုအချိန်တွင် ဘာမှမမြင်ရတော့၍ ကျွန်တော် ဖုန်းမီးလေးထွန်းရင်း လုပ်စရာရှိတာတွေဆက်လုပ်လိုက်သည်။ ဒီလိုနဲ့ ခဏနေတော့ အတွေးတစ်ခုမြင်ယောင်မိလာပါတယ်။
အလင်းဟုဆိုရာတွင် အမျိုးမျိုးသော အလင်းတွေရှိကြသည်။
(၁) ဖယောင်းတိုင်မီးရဲ့အလင်းသည် ဆိုကြပါစို့ နာရီဝက်ခံသည်။ သူ့ရဲ့ ဖယောင်းတွေကို မီးစားသွားလို့ ကုန်သွားရင် အချိန်တစ်ခုတွင် မှောင်သွားပြန်လိမ့်မည်။ တချို့လူတွေရဲ့အသက်တာမှာ ကယ်တင်ခြင်းရဲ့အငွေ့အသက်လေးတွေရသော်လည်း ခရစ်ယာန်အသက်တာထိမရောက်နိုင်အောင် ယိုယွင်းပျက်စီး၍ ဒုစရိုက်ကိုပင် အပြစ်မဟုတ်ဟုထင်တတ်ကြသလို၊ ဘုရားသခင်သည် သူဘာလုပ်လုပ် ခွင့်လွှတ်တယ် ယခုဘဝနောင်ဘဝ အပြစ်အကုန်ပါတယ်ဆို၍ တဖြေးဖြေး မီးစာကုန်ရေခမ်းဖြစ်ပြီး မှောင်မိုက်သွားစေသည်။ အပြစ်ဒုစရိုက်တွင်သာ နစ်မွန်း၍ ကယ်တင်ခြင်းဆိုသော အရာနှင့်သာပြီးသွားကြသည်။ အပြစ်ကို အပြစ်ဟုပင်မထင်တတ်။ ဒုစရိုက်ကို ကျေးဇူးတော်ဟုအထင်မှားတတ်ကြသည်။
(၂) ဓါတ်မီးရဲ့အလင်း ကတော့ ဓါတ်ခဲအားကုန်လျှင် ပြန်မှောင်သွားမည်။ သူကဘာနဲ့တူသလဲဆိုတော့ တော်တော်ကြာကြာလင်းနိုင်တယ် ဖယောင်းတိုင်လိုမဟုတ်ဘူး၊ သို့သော် မတည်ကြည်နိုင်ဘူး၊ အဆုံးတိုင်အောင် မတည်ကြည်ဘူး တချိန်မှာတော့ လဲကျသွားတယ်။ အသက်တာပိုင်းမှာ အားနည်းချက် တစ်ခုခု၏ စုံစမ်းသွေးဆောင်ခြင်းမှာ ကျဆုံးရခြင်း၊ အချိန်တစ်ခုခုမှာ အသက်တာပိုင်း ပြန်ယိုယွင်းသွားတယ်။ ဥပမာ၊ လူကတော့ အမှုတော်ဆောင်ဖြစ်နေပြီ ခရစ်ယာန်အသက်တာလဲ ရှိနေပြီ သိနေပြီ ဖြစ်သော်လည်း မူးယစ်ဆေးဝါးနဲ့ကျဆုံးတယ်၊ အမျိုးသမီးကိစ္စ၊ ငွေကြေး၊ သမ္မာတရားအလွဲနောက်လိုက်သွားခြင်း စသဖြင့် အဆုံးတိုင်အောင် မတည်ကြည်နိုင်ဘူး။
(၃) လျှပ်စစ်မီးနဲ့ နေရောင်ကတော့ အမြဲတမ်းလင်းနေပါတယ်။ နေရောင်မရှိတော့ပေမယ့် လျှပ်စစ်မီးရှိနေတယ်၊ အချိန်ပြည့်လင်းနေတဲ့ အသက်တာ အဆုံးတိုင်အောင်တည်ကြည်သော အသက်တာဖြစ်တယ်ပေါ့။ ဒါပေမယ့် အားနည်းချက်တော့ရှိပြန်တယ်။ နေရောင်က ညဘက်ဆိုမရှိပြန်ဘူး၊ လျှပ်စစ်ကတော့ တခါတလေမှာ ပျက်တတ်ပြန်တယ်။ ဘာကိုမြင်စေသလဲဆိုတော့ ကျွန်တော်တို့တွေဟာ ဝိညာဏကိုယ်ခန္ဓါမဖြစ်သေးသ၍တော့ အပြစ်ဆိုတာလုပ်မိကြမယ်၊ စိတ်ဆိုးတတ်မယ်၊ တစ်ခုခုမှားမိမယ်ဆိုတာတွေ ရှိတတ်တယ်။ စိတ်လဲမဆိုးမိဘူး၊ မလုပ်မိဘူး၊ မရှိဘူးဆိုရင်တော့ သင်ဟာ မုသာသုံးသောသူပါဘဲ။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၁:၁၀
ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ။
မိတ်ဆွေ သင်နဲ့ကျွန်တော်ဟာ ဝိညာဏကိုယ်မဖြစ်သေးသ၍ တနည်းအားဖြင့် ကောင်းကင်မရောက်သေးသ၍ အပြစ်တစ်ခုခုတော့ လုပ်မိတတ်တယ်၊ ဒါတွေလုပ်မိတာတောင် သင်နဲ့ကျွန်ုပ်ဟာ မိမိမှာ အပြစ်မရှိဟု ကယ်တင်ခြင်းကို နားလည်မှုလွဲ၍ မိမိအပြစ်ကို နောင်တမရ ဝန်မချတတ်ဘဲ မာန်တက်နေသေးလျှင်တော့ ဖောက်ပြန်တတ်တော့ ပြည့်တန်ဆာမကဲ့သို့ပင် ငါမလုပ်ဘူးလို့သာ ဗြောင်လိမ်ဗြောင်စား အကွက်တွေကို သုံးသောသူပင်ဖြစ်နေတော့မည်။
သုတ္တံကျမ်း ၃၀:၂၀
မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပါးစပ်ကို သတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟု ဆိုတတ်၏။
မိတ်ဆွေ ပြန်လည်ဆန်းစစ်ကြည့်ပါ။ သင်ရော ဘယ်လို အလင်းလင်းမလဲ။ ကျွန်တော်တို့က ကယ်တင်ခြင်းနဲ့ခရစ်ယာန်အသက်တာကို ပိုင်းခြားသိရမယ်၊ သမ္မာတရားကိုသိရမယ်၊ အလွဲကိုသိရမယ်၊ ကယ်တင်ခြင်းကို ရှုပ်ထွေးစေမယ့်အရာတွေ၊ ခရစ်ယာန်အသက်တာကို ရှုပ်ထွေးပြီး ပျက်ဆီးစေမယ့်အရာတွေကို ဖယ်ရှားရမယ်။ အယောက်စီတိုင်း စစ်မှန်သော သမ္မာတရားကိုသိပြီး လွှတ်ခြင်းအခွင့်ရသော သူတွေဖြစ်စေကြပြီး စစ်မှန်သော အလင်းလင်းနိုင်ကြဖို့ရာ အနည်းငယ်ဝေမျှခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet
ဆက်လက်၍ သက်ဆိုင်ရာအကြောင်းအရာ၂ခုကို ဖတ်ကြည့်ချင်တယ်ဆိုရင်ဖြင့် အောက်တွင်ဖော်ပြပေးထားသော Link တွင်ဆက်လက် ဖတ်ရှုလေ့လာနိုင်ပါသည်။
ခရစ်ယာန်အသက်တာဆိုသည်မှာ
https://m.facebook.com/story.php?https://m.facebook.com/story.php?story_fbid=1279429672262140&id=100005853576571story_fbid=1279429672262140&id=100005853576571
Saving Faith & Living Faith
https://m.facebook.com/story.php?https://m.facebook.com/story.php?story_fbid=1291475881057519&id=100005853576571story_fbid=1291475881057519&id=100005853576571