November 26, 2026

အကျိုးအမြတ် ( Profit )

Covid-19 ဆို​သော​​ရောဂါတစ်ခုအားဖြင့် လူ​တွေကအမျိုးမျိုး​သောအကြံအစည်​တွေကြံစည်ကြတယ်၊ပြုမူကြတယ်၊အ​ကောင်အထည်​ဖော်ကြတယ်။

Covid ဆိုတာ​ ကုသဖို့ဆေးမရှိ၊ကာကွယ်ဖို့​ဆေးမရှိ​သေး​သော​ကြောင့် လူတချို့ကစီးပွား​ရေးအကွက်​ရွှေ့ကြတယ်။
MASK ​တွေ​​ဈေးတင်​ရောင်းကြတယ်။
Handgel ​တွေ​ဈေးတင်​ရောင်းကြတယ်။
အခြား​သောပစ္စည်း​တွေ​ဈေးတင်တယ်။
စီးပွား​ရေးအမြတ်အစွန်း​တွေရလိုက်ကြပြန်တယ်။

 

တချို့အလုပ်ရှင်​တွေက စီးပွား​ရေးအ​ခြေအ​နေ​ကြောင့် လူ​လျှော့ချင်ကြတာကို Covid ကိုအ​ကြောင်းပြုလို့ လူ​လျှော့ခွင့်​တွေရခဲ့ကြပြန်တယ်။ ဒါလဲအမြတ်အစွန်းတချို့လို့ဆို​ပေ​ရော့မလား။

တချို့ကျပြန်​တော့လည်း Covid Fake News (သတင်းတု)​တွေဖြန့်လို့ အမြတ်​​​တွေရကြပြန်တယ်။
တချို့ကလဲ ​ဈေးဝယ်ကြတာ​သောက်​သောက်လဲပဲ။ တိုး​ဝှေ့လို့ရယ်​ပေါ့။ 
တစ်မျိုးတစ်ဖုန်အားဖြင့်အမြတ်​တွေရကြတယ်​လေ။

 

တချို့ကျလဲ Covid ​ကြောင့် အသက်ရှင်တဲ့ဘုရားကိုသိဖို့ဖြစ်လာပြန်တယ်။ ​ခေါ်ရင်ထူးတဲ့ဘုရားမို့​ခေါ်ကြည့်​လိုက်တဲ့အခါ အ​ဖြေရသွားသူ​တွေရှိကြမယ်။
သူ့အတွက်​တော့ဒါဟာအမြတ်တကာ့အမြတ်ဆုံးပဲ​​လေ။ ယခုဘဝ၊​နောင်ဘဝအတွက်စိတ်ချ​ရ​သောအ​ဖြေကိုရရှိသွားပြီပဲ။ဒါဟာအမြတ်ဆုံးပါပဲလား။ ဒီ့ထက်သာ၍ကြီး​သောအကျိုးအမြတ်ဆိုတာရှိပါဦး​တော့မလား။

ယ​နေ့ပင်ကယ်တင်ရာ​နေ့ရက်ဖြစ်တယ်။
မြည်းစမ်းကြည့်ပါ။ ကယ်တင်ခြင်းထာဝရအသက်သည် သင့်အတွက်ဖြစ်တယ်။

 

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၆:၂
ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next