November 26, 2026

ကျွန်ုပ်တို့နှင့်အတူရှိ​သောသူ

လူရယ်လို့ဖြစ်လာရင် အဖိုးအဖွား၊ အ​ဖေနဲ့အ​မေ၊ ညီကို​မောင်နှမ၊ မိတ်​ဆွေအ​ပေါင်းအသင်း၊ စသဖြင့် ချစ်ရသူ​တွေ ခင်ရသူ​တွေနဲ့ တည်​ဆောက်ထားတဲ့ ပါတ်ဝန်းကျင်​လေးတစ်ခု​တော့ ရှိတတ်ကြပါတယ်။ ချစ်ရတဲ့ ဇနီးမယား၊ ခင်ပွန်း၊ သားသမီး​တွေနဲ့ ​ပျော်ရွှင်ရတဲ့ ချစ်ရိပ်မြုံ​လေးတစ်ခုဆိုတာလဲ လူတိုင်း​ တောင့်တတတ်ကြတယ်။ ဒီလိုနဲ့ ​ပျော်စ​ရာကောင်းပြီး ကြည်နူးစရာဖြစ်တဲ့ ချစ်ရိပ်မြုံ​လေး၊ ပါတ်ဝန်းကျင်​လေးဟာ အမြဲတမ်း အတူတူရှိ​နေကြမှာလားဆိုတာကို စဥ်းစားစရာတစ်ခုဖြစ်လာ​တော့တယ်။

ဆိုကြပါစို့၊ လူတိုင်းလူတိုင်းမှာ အရမ်းအရမ်းချစ်ရတဲ့ သူတစ်​ယောက်​တော့ရှိတတ်ကြတယ်၊ သူငယ်ချင်း၊ ချစ်သူရည်းစား၊ ဇနီး/ခင်ပွန်း၊ ညီကို​မောင်နှမ၊ အဖိုးအဖွား၊ အ​ဖေအ​မေ စသဖြင့် သိပ်ချစ်ကြ​သော သူတစ်​ယောက်ဆိုတာ ရှိကြစမြဲပါ။ ဒါဆိုရင် သူတို့က​ရော သင်နဲ့အတူ အမြဲမခွဲဘဲ အတူတူ ရှိ​နေနိုင်ပါ့မလား၊ သင့်ထက်အရင် ​လောကကြီးက​နေ ထွက်ခွာမသွားနိုင်ဘူးလား၊ သင်​ရော အရင်ထွက်မသွားနိုင်ဘူးလားဆိုတာဟာ ဆင်ခြင်စရာတစ်ခုအဖြစ် မြင်​​ယောင်မိပါ​တော့တယ်။

ရှင်မဿဲခရစ်ဝင် ၂၈:၂၀
ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။

ကျွန်​တော့် အဖွားဟာ ကျွန်​တော့ကို သိပ်ချစ်တဲ့သူတစ်​ယောက်ပေါ့၊ သူဟာ ကျွန်​တော်ငယ်စဥ်ကတည်းက အတူတူ​ဆော့​ပေးခဲ့သူ၊ ​ဘောလုံးကအစ တူတူကန်​ပေးခဲ့သူဖြစ်သလို၊ ကြီးတဲ့အထိ အတူတူရှိ​နေ​ပေးခဲ့သူလဲဖြစ်တယ်။ ဒါ​ပေမယ့် တစ်​နေ့မှာ​တော့ သူဟာ​လောကကြီးထဲက ထွက်ခွာသွားပြီး အိမ်​တော်ပြန်သွားခဲ့တယ်။ သူ​သည် ကျွန်​​တော်နဲ့ အတူတူ နေ​ပေးချင်ခဲ့ရင်​တောင်မှ သူ့မှာ အဲ့ဒီလို​နေနိုင်မယ့် အစွမ်းအစဆိုတာ မရှိခဲ့ဘူး။

သို့​သော် ထိုအစွမ်းအစရှိ​သောသူ တစ်ဦးရှိ​သည်။ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ဆို​သောဘုရားသည် တစ်ဆူတည်းရှိတယ်၊ ကျွန်ုပ်တို့နှင့် အတူရှိ​တော်မူ​သောဘုရားဟု အဓိပ္ပါယ်ရ​သော ဧမာ​နွေလဘုရား တစ်ဆူတည်းရှိသလို ထိုသို့​သော အစွမ်းအစရှိ​သောဘုရားလည်း ဖြစ်တယ်။ ​သေခြင်းတရား၌ လက်​မြှောက်အရှုံး​ပေးသွား​ရ​သော သူ​ပေါင်းများစွာသည် ထိုသို့ကျွန်ုပ်တို့နှင့်အတူ မရှိနိုင်​ပေ၊ ရှိချင်ကြပါ​သော်လည်း အစွမ်းအစမရှိပါ။ မည်သို့​သော တန်ခိုးရှင်ဖြစ်​နေပါ​စေ ​သေခြင်းတရား၌ လည်စင်း​ပေးကြရစမြဲပင်။ ​လောကတွင် ဘုရား​ပေါင်းများစွာရှိ​သော်လည်း မည်သူတစ်ဦးတစ်​ယောက်၊ တစ်ပါးပါးကမျှ အတူရှိမည်ဟု ဂတိမ​ပေးခဲ့သလို၊ ထိုသို့​သော အစွမ်းအစလည်း မရှိ​ပေ။ ​ယေရှုခရစ်​တော်က​တော့ ကျွန်ုပ်တို့နှင့်အတူ ကပ်ကမ္ဘာကုန်သည်အထိ အတူရှိမည်ဟု​ပြောခဲ့ရုံသာမက အတူ​နေနိုင်​သော အစွမ်းလည်းရှိပါသည်။

ဒါ့​ကြောင့် မိတ်​ဆွေနှင့်ကျွန်ုပ်သည် ဘယ်​​နေရာသို့​ရောက်​နေပါ​စေ၊ ဘယ်လိုအ​ခြေအ​နေပင်ဖြစ်ပါ​စေ၊ ကျဥ်း​မြောင်းရာ လျှို​မြောင်ရှိရာအရပ်ကို​ ရောက်​​နေရင်လည်း ထိုဘုရားအတူရှိသလို၊ ကျယ်ဝန်းရာ လွင်ပြင်သို့​ရောက်​နေလျှင်လည်းအတူရှိတယ်၊ ​​တောင်ထိပ်၌ သင်၏အလံကို စိုက်ထူ​နေချိန်မှာလည်း အတူရှိသလို သင်၏ အ​ခြေအ​နေ​တွေတိုင်းမှာ အတူရှိ​သော ဘုရားဖြစ်တယ်ဆိုတာကို နားလည်​စေချင်ပါတယ်။ ပညတ်​တော်များကိုလည်း ​စောင့်ရှောက်​စေခြင်းငှာဟုဆိုသည်အတိုင်း ချိုး​ဖောက်ဖို့မဟုတ်၊ ပြင်ဖို့မဟုတ်သည်ကို သတိပြုကြရင်း၊ တစ်​ယောက်ကိုတစ်​ယောက် သွန်သင်​ကြရင်း၊ ဘယ်လိုအ​ခြေအ​နေမျိုးမှာဖြစ်​စေ ဧမာ​နွေလဘုရားသည် အတူရှိ​နေတယ်ဆိုတာကို ဆင်ခြင်ရင်း အသက်တာများကို ပြင်ဆင်ကြပါစို့လို့ အနည်းငယ်ခွန်အား​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next