ဧဝံဂေလိသတင်းကောင်း

ကျွန်တော်ဒီနေ့မနက်မှာကားမောင်းရင်းနဲ့ချီးမွမ်းနေရင်း ဆရာဦးညွန့်လှရဲ့သီချင်းတစ်ပုဒ်ကိုရောက်လာတယ် .....
ဒါကဘာလဲဆိုတော့ (တကယ်တော့ လူ့လောကရဲ့တပ်မက်စရာပစ္စည်းတွေ နန်းထက်စံနိုင်မှုဟာ လူ့အသက်ကိုမကယ်နိုင်ဘူး ... )
ဟုတ်တယ် သင်ဘယ်လောက်ချမ်းသာချမ်းသာ၊အာဏာရှိရှိ၊အသက်ကြီးတာငယ်တာမဆိုင်၊ဆေးပညာဘယ်လောက်ကြွယ်ဝနေပါစေ မသေအောင်တော့ထိန်းထားလို့မရဘူးပဲ။
ဒီလိုပဲ ဆေးမရှိတဲ့ရောဂါရှိသလို အချိန်တန်ရင်ဆေးပေါ်လာမှာပဲ၊နောက်တစ်ခါလဲရောဂါဆန်းဆန်းပေါ်လာမှာပဲ ဆေးလဲရှိမှာမဟုတ်ဘူးပဲ၊နောက်လဲပြန်ပေါ်လာမှာပဲ ဒီလိုပဲဖြစ်နေတာကိုနားလည်ရတယ်။
အခုချိန်မှာအသက်ဘေးကိုလုနေရသူတွေ ကမ္ဘာမှာရှိနေပါတယ်။ အဓိကကျကျပြောရရင်တော့ မြန်မာပြည်လဲအချိန်မရွေး Covid-19 ဖြစ်သွားနိုင်ချေရှိတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။
ဒီတော့ကမိတ်ဆွေ ..... ရိုးရိုးလေးမေးခွန်းမေးချင်တာကတော့ ဖြစ်သွားခဲ့ရင်ရော သေဖို့အဆင်သင့်ဖြစ်ပြီလား။ ပြင်ဆင်ထားသော တမလွန်အတွက်ရော စိတ်ချမှုရပြီးပြီလား။
တိတိကျကျသိဖို့တော့လိုတယ်လေနော် ဘာလို့ဆို ဒီလောကမှာနေထိုင်ရင်းနဲ့ရုံးသွားရုံးပြန်၊အပြင်သွား၊ကျောင်းသွားကျောင်းပြန်စသဖြင့် ကျွန်တော်တို့တွေအိမ်ပြန်ဖို့ဆိုတာဟာ စိတ်ချနေတယ်မလား၊ ငါနေတာဘယ်မှာလဲဆိုပြီးအပြန်အတွက်စိတ်ပူနေတာ နေရာပျောက်နေတာမရှိဘူးလေ။ အိမ်အပိုင်မရှိသေးရင်တောင် နေစရာနေရာတစ်ခုခုကိုတော့အပြန်လမ်းသိနေတာပဲလေ။
ဒါကြောင့် ... ကျွန်တော်တို့အသက်တာမှာ သေပြီးရင်တမလွန်ဆိုတာအရေးကြီးသလို ဘယ်ကိုသွားမယ်ဆိုတာ တိတိကျကျရှိဖို့အရေးကြီးပါတယ်။
ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
ဒါကြောင့်ဧဝံဂေလိသတင်းကောင်းအနည်းငယ်ပြောချင်ပါတယ်မိတ်ဆွေ။
ကိုယ့်ကြိုးစားအားထုတ်မှု၊ကုသိုလ်တွေ၊အလှူတွေ၊ကျင့်ကြံမှုတွေစသဖြင့်ကြောင့်လို့မပြောပါဘူး။ ဒါတွေကြောင့်ရခဲ့မယ်ဆိုရင်တော့ ကောင်းကင်မှာ ငကြွားတွေနဲ့ပြည့်နေမှာပါ။ ငါကဘယ်လောက်လှူတာကွဆိုရင် မလှူနိုင်တဲ့လူကအနှိမ်ခံမျက်နှငယ်လေးနဲ့အေးပါကွာ မင်းကလုပ်နိုင်တာကိုးးး ဆိုပြီး မမျှတလိုက်တာလို့တောင်တွေးနိုင်ပါတယ်။
နောက်တစ်ခုက ကိုယ့်အားကိုယ်ကိုးမယ်ဆိုရင်တောင် ရှင်းပါတယ်။ နေမကောင်းရင်တောင် ဆရာဝန်အားကိုးရသေးတယ်ဆေးသောက်ရသေးတယ်လေ၊ထမင်းစားဖို့ ဆန်ကိုကိုယ့်ဖာကိုစိုက်စားသလား သူများစိုက်ပေးတာကိုအဆင်သင့်ဝယ်စားတာလား။ အဖြေကတော့ရှင်းပါတယ်မိတ်ဆွေ ဘုရားလုပ်ပေးခြင်းကို အဆင်သင့်ယုံကြည်လက်ခံလိုက်တာနဲ့ရတာပါ။
ဟုတ်ပြီ။ဒါဆိုရင် ယုံကြည်ခြင်းလို့ပြောတော့ ဘာကိုယုံရမှာလဲ။
ယေရှုခရစ်တော်သည် မိမိရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်ရမှာဖြစ်ပါတယ်။
ဝိညာဥ်မျက်စိ၊ဝိညာဥ်နားများကိုပွင့်စေပြီးတော့
နားလည်နိုင်ဖို့ရာဘုရားရှင်ကောင်းကြီးပေးပါစေ။
ကျမ်းညွှန်းကတော့ ...
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၅:၃-၄
ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
သင်္ဂြုလ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi