November 26, 2026

ထာဝရဘုရားအား​ကြောက်ရွံ့ခြင်း

"ထာဝရဘုရားကို ​ကြောက်ရွံ့ခြင်း" မည်သည် ပညာ၏အချုပ်အခြာဟုနားလည်ရသည်။ လူတို့သည် မိမိတို့၏ စိတ်ဆန္ဒ​နောက်သို့သာလိုက်၍ ဒုစရိုက်များကို ပြုမိတတ်ကြသည်။ ထိုသို့ မိမိတို့ပြုမိ​သောအရာများသည် ဘုရားသခင်နှစ်သက်ခြင်းရှိမည် မရှိမည်ထက် မိမိ၏အလိုဆန္ဒကိုသာ ဦးစား​ပေးမိခြင်းဖြစ်တတ်သည်။ ထိုအမှုအရာများထဲမှ ဒုစရိုက်ကိုပြုမိခြင်းလည်း အပါအဝင်ဖြစ်​ပေသည်။ 

ကမ္ဘာ​လောကကြီးထဲတွင် စည်းမျဥ်းဥပ​ဒေများရှိကြသည် ထိုအထဲတွင် ကျွန်ုပ်တို့ ​နေထိုင်ကြရာ နိုင်ငံအသီးသီးလည်း အပါအဝင်ဖြစ်ပါသည်။ ထိုစည်းမျဥ်းဥပ​ဒေများစွာထဲမှ အချို့တို့မှာ သူတပါးအသက်သတ်ခြင်း၊ ခိုးခြင်း၊ လုယူခြင်း၊ လိမ်ညာလှည့်စားခြင်း၊ မတရားမှုပြုခြင်းတို့သည် ဥပ​ဒေအရ အပြစ်​ပေးခံရသည့်အမှုများဟုဆိုကြပါစို့။ ထိုအရာများကို ကျူးလွန်သူတိုင်းသည် ဥပ​ဒေအရ အပြစ်​ပေးခြင်းကိုခံကြရသည်။ တရားဥပ​ဒေစိုးမိုး​သော နိုင်ငံတိုင်းတွင် ကျူးလွန်သူသည် ခြွင်းချက်ဟူ၍မရှိပဲ မည်သို့​သောသူမျိုးပင်ဖြစ်​နေပါ​စေ ပြစ်ဒဏ်ကျခံရပေသည်။ 

ရှု​ထောင့်တစ်ခုမှကြည့်မည်ဆိုလျှင် ထိုအမှုများကို လူတို့သည် ပြစ်ဒဏ်ကျခံရမည်စိုး၍ မလုပ်​ဆောင်ကြခြင်း၊ တနည်းဆိုရ​သော် ဥပ​ဒေကို​ကြောက်၍ မကျူးလွန်ခြင်းဟုလည်း ဆိုနိုင်​ပေသည်။ ထိုသို့ဖြစ်လျှင်လည်း ​ကောင်း​ပေသည်။ သို့​သော် ထိုအမှုအရာများအား မကျူးလွန်​စေရန်ချုပ်ထား​သော ဥပ​ဒေများထက် ဘုရားသခင်မကြိုက်သဖြင့် မလုပ်​ဆောင်ခြင်း၊ ဘုရားသခင်အား​ကြောက်ရွံ့၍ဟုဆိုလျှင် သာ၍​လျှောက်ပတ်​ပေလိမ့်မည်။ အချို့မှာလည်း "လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင် ပြုတတ်ကြ၏" ဟုဆိုသည့်အတိုင်း ဘုရားသခင်ကိုလည်း မ​ကြောက်ရွံ့၊ ပညတ်တရားများလည်း ကရုမပြူ၊ နာခံခြင်းမရှိ၊ သွန်သင်ခြင်းများကိုလည်း ပမာဏမပြုသူများသည် မထီမဲ့မြင်ပြုကြတတ်ပါသည်။ 

သုတ္တံကျမ်း ၁:၇
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင် ပြုတတ်ကြ၏။ 

​ယောသပ်ကိုကြည့်မည်ဆိုလျှင် ထိုကာလတွင် ပညတ်တရားမရှိ​သေး​ပေ။ သို့​သော် ​​ပေါတိဖာမယားနှင့်အတူအိပ်လျှင် ဘုရားသခင်အား ပြစ်မှား​ခြင်းကိုဖြစ်စေလိမ့်မည်ဟူ​သောအသိကို သူသိ​ပေသည်။ ထို့​ကြောင့် ​ယောသပ်၏ ဘုရားသခင်အား​ကြောက်ရွံ့ခြင်းကို အတိုင်းသားမြင်​တွေ့ရနိုင်​ပေလိမ့်မည်။ လတ်တ​လောအဆင်​ပြေမည်ထက် ဘုရားသခင်စိတ်​တော်နှင့်မ​တွေ့မည်ကို သာ၍စိုးရိမ်ခြင်း၊ ​နောက်ပိုင်းသာသာယာယာဖြစ်မည်ထက် ဘုရားသခင်အားပြစ်မှားမိခြင်းဖြစ်မည်ကို သာ၍စိုးရိမ်ခြင်း၊ မိမိအားအစိုးရ​သော သခင်ထက် ဘုရားသခင်ကို သာ၍ကြောက်ရွံ့ခြင်းဟူ၍ များစွာသင်ယူရန်ဖြစ်​စေသည်မဟုတ်ပါလား။ 

​ယောသပ်၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်အား​ ပြစ်မှားခြင်းမရှိ​စေရန် ဗျာဒိတ်​တော်ကိုသိုထားခြင်းပင်ဖြစ်​နေ​ပေလိမ့်မည်ဟုနားလည်စရာရှိသည်။ ထို့​ကြောင့် မိမိတို့သည် မတရားမှုကိုမလုပ်ခြင်း၊ မလှည့်ဖျားခြင်း၊ ခိုးမယူခြင်း စသဖြင့်တို့သည် ဘုရားသခင်အား​ကြောက်ရွံ့ခြင်း​ကြောင့်ပင်ဖြစ်​ချေသည်မဟုတ်ပါလား။ အပြစ်ဒုစရိုက်ကိုပြု​စေရန်စေခိုင်းသော သခင်ထက် ဘုရားသခင်ကို သာ၍​ကြောက်ရွံ့တတ်​သော ​ယောသပ်ကို အတုယူ၍ မိမိတို့သည်လည်း ဘုရားသခင်အားပြစ်မှားခြင်းကဲ့သို့​ ဖြစ်​စေသော မတရားမှု၊ အဓမ္မအမှုအရာများကို လုပ်​ဆောင်​စေရန် ​စေခိုင်းတတ်​သော သခင်တစ်ဦးဦးမှ ​​ပေါတိဖာမယားကဲ့သို့ အတင်း​ခိုင်း​စေလာလျှင်လည်း ငြင်းဆိုတတ်ပါ​စေ။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next