November 26, 2026

ကြောက်စရာအစစ်အမှန်နဲ့တစ်ခုတည်း​သောအာမခံ

လက်ရှိရန်ကုန်မှာ​တော့ (၇)မြို့နယ် Lockdown ဖြစ်သလို တာ​မွေနဲ့​ကျောက်​မြောင်းက​တော့ Semi-Lockdown ဖြစ်ပါတယ်။ တချို့​နေရာ​တွေမှာလဲ ည(၁၀)နာရီမှ မနက်(၄)နာရီအတွင်းအပြင်မထွက်ရအမိန့်ထုတ်ပြန်ထားတာကို​တွေ့ရပါတယ်။

​နောက်ပိုင်းအ​ခြေအ​နေအရအ​ပြောင်းအလဲ​တော့ရှိမှာပါ။ ဒီအရာ​တွေက​တော့ ​နေ့စဥ်ကြား​နေမြင်​နေရပြီးသတင်း​တွေကလဲ​နေ့စဥ်​ကြေညာ​ပေး​နေတာဖြစ်ပါတယ်။ မိမိနဲ့မိမိမိသားစု၊မိမိပါတ်ဝန်းကျင်ကျန်းမာ​ရေးကို​တော့ကရုစိုက်ရမှာဖြစ်ပါတယ်။ လက်လွတ်စလွယ်မ​နေကြဖို့ရာလဲထပ်မံသတိ​ပေးချင်ပါတယ်။

 

ဒီအရာ​တွေက​ကြောက်စရာ​ကောင်းသလားဆို​​တော့​ကြောက်စရာကောင်းပါတယ်။ သို့​သော် ဘယ်အရာကပို​ကြောက်စရာ​ကောင်းသလဲဆိုတာကိုဆင်ခြင်မိဖို့အ​ရေးကြီးပါတယ်။

တကယ့်အ​ရေးအကြီးဆုံးနဲ့​ကြောက်စရာအ​ကောင်းဆုံးအချိန်က​တော့တမလွန်အတွက်ပဲဖြစ်ပါတယ်။​လူကအသက်ရှင်​နေတဲ့အချိန်မှာဒီအရာကို​မေ့​နေတတ်ကြပါတယ်။တကယ်​တော့ဒီအရာကိုဆင်ခြင်မိဖို့ကအသက်ကြီးတာအသက်ငယ်တာနဲ့မဆိုင်ပါဘူး။ အခုလို Covidအချိန်မှာဆိုပိုပြီးကိုသက်​သေပြ​နေသလိုပါပဲ။ က​လေး​ရော၊လူကြီး​ရောမည်သူမဆိုအချိန်မ​ရွေး မျက်စိတမှိတ် လျှပ်တပျက်မှာတင်ဖြစ်နိုင်​သောအရာမဟုတ်ပါလား။ ​ရှေးစကားလည်းရှိ​နေပြန်တယ် ​ကွေး​သောလက်မဆန့်မှီဆန့်​သောလက်မ​ကွေးမှီလို့ဆိုပြန်သတဲ့။ နှုတ်ကပါတ်​တော်က​တော့ ​ယေရှုခရစ်​တော်အားဖြင့်ထာဝရအသက်ကိုရမယ်လို့တိကျစွာ​ပြောထားပါတယ်။တနည်းအားဖြင့်ပြန်စရာအိမ်​လို့ဆိုကြပါစို့။

 

ရောမဩဝါဒစာ ၆:၂၃
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။

 

ကျွန်​တော်တို့အ​ယောက်စီတိုင်းက ဒီ​လောကမှာခဏတာလာ​ရောက်အသက်ရှင်​နေထိုင်ကြတဲ့ ခရီးသွားများပင်ဖြစ်ပါတယ်။ဆိုကြပါစို့ တ​လှေတည်းစီး​ပေါ့။ ဒီ​လောကကိုစွန့်ခွာတဲ့အချိန်မှာ တိကျစွာပြန်ဖို့အိမ်အဆင်သင့်ရှိပြီလားဆိုတာဆင်ခြင်မိဖို့အား​ပေးချင်တယ်မိတ်​​ဆွေ။
ဒီ​နေရာမှာအိမ်လို့သုံးပါရ​စေ ဘာဖြစ်လို့လဲဆို​တော့ ခဏတာလာ​နေကြ​သော​နေရာမှာဧည့်သည်ဖြစ်လို့ပါ။ 
ဥပမာ ... ကျွန်​တော်တို့အလုပ်၊​ကျောင်း၊အပြင်တ​နေရာသွားတယ်၊ အချိန်တန်လို့ပြန်ရင် အိမ်ကိုပြန်ကြတယ်မလား။ မိမိအိမ်ရှိ​နေ​သော​ကြောင့်စိတ်ပူစရာမလိုပဲ​အေး​ဆေးသက်သာစွာပြန်ခဲ့ကြတယ်။ အကယ်၍ကိုယ်ပြန်ရမဲ့အိမ်ကိုမသိရင်၊အိမ်မရှိရင် စိတ်ပူစရာပင်။

 

ဒါ့​ကြောင့် ​လောကဧည့်သည်အဖြစ်လာ​ရောက်ကြ​သောကျွန်​တော်တို့​တွေသည်အချိန်တန်လို့ပြန်ထွက်သွားကြတဲ့အခါ ​နေစရာအိမ်ရှိ​နေဖို့နဲ့ပြန်စရာအိမ်တိတိကျကျရှိဖို့အ​ရေးကြီးတယ်ဆိုတာကိုအနည်းငယ်​ဝေမျှ​ပေးချင်ပါတယ်။ တကယ်​တော့​ကြောက်စရာအ​ကောင်းဆုံးက​တော့ ထိုအိမ်ကိုမသိခြင်း၊ပြန်မ​ရောက်ခြင်းသာဖြစ်တယ်ဆိုတာကိုနားလည်​စေချင်ပါတယ်။ တမလွန်အတွက်စိတ်ချရ​သောအာမခံက​တော့ ​ယေရှုခရစ်​တော်သာဖြစ်ပါတယ်ဆိုတာကိုထပ်​လောင်းခွန်အား​ပေးချင်ပါတယ်။ အ​ယောက်စီတိုင်းအ​ပေါ်ဘုရားရှင်​ကောင်းကြီး​​ပေးပါ​စေ။

မိတ်​ဆွေအကယ်၍သာ ​ယေရှုခရစ်​တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် ​ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်​တော့ ...

 

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

 

ကယ်တင်ရာ​နေ့ရက်သည်ယ​​နေ့ပင်ဖြစ်ပါတယ်။

 

ရှင်ယောဟန်ခရစ်ဝင် ၃:၁၆
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next