November 26, 2026

ယုံကြည်သူနှင့်အလုပ်

 

ကျွန်​တော်တို့ယုံကြည်သူ​တွေဟာလည်း အလုပ်ကိုယ်စီရှိကြပါတယ်။ (​ကျောင်းသားလဲ​ကျောင်းသား​အ​​လျှောက်၊အလုပ်သမား၊ပိုင်ရှင်၊CEO လဲသူ့အ​လျှောက်) မိမိတို့ရဲ့သက်ဆိုင်ရာနယ်ပယ်အသီးသီးမှအလုပ်​တွေကိုလုပ်ကြတဲ့အခါမှာ လူ​​ပေါင်းစုံ၊အခက်အခဲ​ပေါင်းစုံလဲကြုံ​တွေ့ရတတ်ပါတယ်။
ဘယ်လို​ကျော်ဖြတ်သလဲ၊ဘယ်လိုရင်ဆိုင်​ဖြေရှင်းသလဲ၊အလုပ်ကိုဘယ်လိုလုပ်သလဲဆိုတာ​တွေက​တော့ ယုံကြည်သူကိုကွဲပြားခြားနားသွား​စေတဲ့ အချက်​တွေထဲကတစ်ခုအပါအဝင်ပဲဖြစ်တယ်ဆိုတာ ငြင်းဆန်လို့မရပါဘူး။မိမိရဲ့အသက်တာအားဖြင့်လည်း ​တပါးသူ​​တွေယေရှုခရစ်​တော်ကိုမြင်​တွေ့ဖို့ဖြစ်တယ်ဆိုတာကိုနားလည်ဖို့ဖြစ်ပါတယ်။

 

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၆:၁၄
သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်း မေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။ 

 

အခက်အခဲအတားအဆီးဟာ ကျွန်​တော်တို့ယုံကြည်သူ​တွေကို Next Level ရောက်​စေတဲ့ စာ​မေးပွဲတစ်ခုလို့ဆိုရရင်လဲမမှားပါဘူး။ ယုံကြည်သူဟာဘယ်အရာကိုလုပ်​နေပါ​စေ မလုပ်ချင်လုပ်ချင်နဲ့ ​ဆောင့်​ဆောင့်​ဆောင့်​ဆောင့် နဲ့ လုပ်​ပေးတာမျိုးမဟုတ်ပဲ ၁​ကော ၁၆:၁၄ မှာသတိ​ပေးထားသလို ​ချစ်ခြင်း​မေတ္တာနဲ့သာလုပ်​ပေးတာဖြစ်ပါတယ်။ ​မိမိကိုယ်ကိုနှိမ့်ချလျှက်​နေတတ်သလို၊မာန​​ထောင်လွှားခြင်း၊ဂုဏ်ပြိုင်တာ​တွေ အစရှိသဖြင့်မရှိပဲ၊ဘယ်လိုအခက်အခဲ​တွေကြုံ​နေရပါ​စေ
​အရာရာ၌ကျေးဇူး​တော်ကိုချီးမွမ်းရင်းနဲ့ ရင်ဆိုင်တတ်ကြတယ်ဆိုရင်လဲမမှားပါဘူး။ ဒါ​ကြောင့်လဲ ​
လောကသား​တွေနဲ့ မတူခြား​နား​နေခြင်းတစ်ခုပဲမဟုတ်ပါလား။ 

 

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၀:၃၁
သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။

 

ဘယ်အရာမဆိုဘုရားဘုန်းကို​ထောက်ပြီးအသက်ရှင်လုပ်ကိုင်ကြလို့၊ ( သမ္မာတရားနဲ့မညီရင်မလုပ်လို့၊အထက်လူကြီး​သောက်လဲလိုက်မ​သောက်လို့ အစရှိသဖြင့်)သူတပါးအမြင်မှာ တခါတ​လေတစ်မျိုးမြင်​ကောင်းမြင်နိုင်​ပေမယ့်၊ အချိန်တစ်ခု​ရောက်လာတဲ့အခါမှာ​​တော့ ယုံကြည်သူရဲ့စကား၊အ​ပြောအဆို၊လုပ်ရပ်​တွေဟာ မတူခြားနားတယ်ဆိုတာကိုသိလာပြီး ဘုရားကိုမြင်တတ်လာပါလိမ့်မယ်။
ဒါကမိမိရဲ့အသက်တာအားဖြင့် လူ​တွေဘုရားကိုမြင်ဖို့ဖြစ်သလို၊ယုံကြည်သူရဲ့​အ​ပြောအဆို အပြုအမူတိုငိးဟာ သူတပါးထိမိ၍လဲစရာမဖြစ်​စေပဲ တည်​ဆောက်စရာသာဖြစ်​စေဖို့ဆိုတာနားလည်ဖို့ဖြစ်ပါတယ်။ ဒါ့​ကြောင့်အမြဲသမ္မာသတိနဲ့ဆင်ခြင်ရမှာဖြစ်တယ်။ အမြဲတမ်း ဘုရားကိုနံပါတ်တစ်ထားဖို့ရာလဲ မ​မေ့ကြစို့နဲ့ရယ်။

 

ယုံကြည်သူဟာ ယစ်ပ​ရောဟိတ်ဖြစ်တယ်။မိမိရဲ့သက်ဆိုင်ရာလုပ်ငန်းခွင်၊စာသင်ခန်းအစရှိတဲ့​နေရာ​တွေကို ဧဝံ​ဂေလိ​ပြောဖို့ဆိုတာ ဆရာသမား​တွေမလုပ်နိုင်ဘူး၊တချို့​နေရာ​တွေဆိုရင် အပြင်လူမဝင်ရတာ​တွေလဲရှိတယ် ဒါ့​ကြောင့်မို့လို့ ဆရာသမား​တွေသွားလို့မဖြစ်နိုင်တာ​တွေလဲရှိပါတယ်။ ​ကိုယ်ကကျောင်းသားဆိုရင် ယစ်ပ​ရောဟိတ်ကြီး​ကျောင်းသွား​နေတာ၊အလုပ်သမားဆိုရင် ယစ်ပ​ရောဟိတ်ကြီးလုပ်ငန်းခွင်ဝင်​နေတာဖြစ်တယ်။ မိမိရဲ့သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ခွဲခန့်မှတ်သားခြင်းခံထားရတာဖြစ်ပါတယ်။ အခွင့်အ​ရေး​ပေးတဲ့အခါ ​ယေရှုခရစ်​တော်ရဲ့​ကောင်းမြတ်ခြင်း​တွေ၊ဧဝံ​ဂေလိသတင်းစကားကို​​ဝေငှသက်​သေခံရမှာဖြစ်ပါတယ်။

 

အချုပ်အားဖြင့်ဆို​သော် ကျွန်​တော်တို့ယုံကြည်သူ​တွေဟာအလုပ်လုပ်တယ်၊​ကျောင်းတက်တယ်အစရှိသဖြင့် လုပ်​ဆောင်​နေကြတာ​တွေဟာ ​ငွေ​ကြေး၊ပညာ၊စည်းစိမ်ချမ်းသာ၊ဂုဏ်အသ​ရေ​တွေဆိုတာထက် ဘုရားဘုန်း​တော်ထင်ရှားဖို့နဲ့ဧဝံ​ဂေလိသတင်းစကားပါးဖို့ရာတစ်​ထောင့်တစ်​နေရာမှလုပ်​ဆောင်​နေခြင်းဖြစ်တယ်ဆိုတာကိုခွန်အား​ပေးတိုက်တွန်းလိုက်ပါ​တော့တယ်။
အ​ယောက်စီတိုင်းနားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။

အတတ်နိုင်ဆုံးအကျဥ်းချုံး၍​ဖော်ပြခြင်းဖြစ်ပါတယ်။


ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next