November 26, 2026

ကျွန်ုပ်ဘဝ၏ ပဲ့ကိုင်ရှင်

လောကကြီးမှာ အချို့​သောသူ​တွေက ငါ့လုပ်အားနဲ့ ငါရှာထားတဲ့ ​ငွေ​ကြေး၊ ငါ့အစွမ်းအစ​ကြောင့် ပြီး​မြောက်​စေတဲ့အလုပ်၊ ငါ့လုပ်​ဆောင်မှု​ကြောင့် ​အောင်မြင်လာတဲ့ လုပ်ငန်း၊ ငါ့ကြောင့် ငါ့​ကြောင့် ဆိုပြီး ငါဆိုတဲ့ အတ္တ​တွေများလာပြီး ဘုရားကို မမြင်တတ်တဲ့ အချိန်​တွေ၊ မမြင်တတ်တဲ့ သူ​တွေရှိတတ်ကြပါတယ်။ အရာရာကို ငါ့လက်ရုံး၊ ငါ့အစွမ်းအစ၊ ငါ့ရဲ့တတ်နိုင်ခြင်း​ကြောင့်လို့ ထင်မှတ်မိတဲ့ အခါ​တွေ ရှိ​ကောင်းရှိကြပါတယ်။ 

ကိုယ်လုပ်မှ ကိုယ်စားရတယ်၊ ကိုယ်ရှာမှ ကိုယ်ရတာ၊ ကိုယ့်ထမင်းကိုယ်ရှာစားရတာ ဘယ်သူမှလာမ​ကျွေးဘူး စသဖြင့် ထင်တတ်ကြပါတယ်။ ဟုတ်ပါတယ် ဘုရားသခင်သည် မိုး​ပေါ်က​နေ ထမင်းထုပ်​တွေ ​ငွေထုပ်​တွေ ပစ်မချ​ပေးပါဘူး။ ထိုကာလက လွန်သွားခဲ့ပြီဖြစ်တယ်။ ဒါ့​ကြောင့် သင့်ကို​တော့ ထိုင်​နေဖို့ အလိုမရှိပါဘူး၊ သင်လုပ်ရမယ် သင်လုပ်တဲ့အခကိုရမယ် ဆိုတာနားလည်ရပါတယ်။

ခါနန်ပြည်မဝင်ခင် လုပ်စားဖိုမလိုခဲ့ပါဘူး၊ ရှာစားဖို့မလိုခဲ့ပါဘူး၊ မနက်မိုးလင်းတာနဲ့ အဆင်သင့် (​ကောင်းကင်က ချ​ပေး​သော မုန့်) ကို မနက်စာစားရပါတယ်၊ အသားစားချင် အသား စသဖြင့် ချ​ပေးခဲ့​သော်လည်း ခါနန်ပြည်ကို စဝင်​တော့မယ်ဆိုတာနဲ့ ထိုမုန့် မချ​ပေး​တော့​ချေ။ မိမိကိုယ်တိုင် စိုက်ရတယ် ပျိုးရတယ်၊ သို့​သော် ထိုအ​ပေါ်မှာ ရိတ်သိမ်းခြင်းသည် ​ကောင်းကြီးရပါတယ်။ အဓိပ္ပါယ်က စိုက်ပျိုးခြင်းသည် တစ်ခုဖြစ်​စေဦး​တော့ ထိုအ​ပေါ်မှာ တစ်ခုထက်မက ​ကောင်းကြီးရှိသည် သို့​သော် သင်ကိုယ်တိုင် စိုက်ရတယ် ပျိုးရတယ်ဆိုတာကို နားလည်ရပါတယ်။ ထို တစ်ဆထက်မနည်း ရိတ်သိမ်းရခြင်းသည် သူတို့အစွမ်း သင့်အစွမ်းမဟုတ်​ချေ။ မိမိ၏ စိုက်ပျိုးခြင်းကို မိမိလုပ်​ဆောင်ခြင်းသာဖြစ်သည်ကို နားလည်ဖို့ရှိပါတယ်။ မြင်သာ​အောင် ဆိုကြပါစို့ ထိုစိုက်ပျိုးနိုင်ဖို့ အင်အား ဘယ်ကလာသလဲ၊ ကျန်းမာခြင်း ဘယ်ကဖြစ်သလဲ၊ ခွန်အားနဲ့အကြံဥာဏ် အစွမ်းအစ ဘယ်သူ့ဆီကလာသလဲ နားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။


ရှံဆုန်က​တော့ ခွန်အားကြီးမားသူတစ်​ယောက်ဖြစ်တယ်၊ သူ့ရန်သူ​တွေကို မြည်း​မေးရိုးနဲ့ ရိုက်သတ်ခဲ့သည်မှာ လူတစ်​ထောင်ဟုဆိုတယ်။ သူ့အစွမ်းအစ၊ သူ့လက်ရုံး၊ သူ့ခွန်အား​ကြောင့် ဖြစ်သလို လက်နက်​ကြောင့်ဟုဆို​သော သ​​ဘောနှင့်သာ မြည်း​မေးရိုးကို စာဖွဲ့ကာ ချီးမွမ်းခန်းဖွင့်ဆိုသည်ကို မြင်​တွေ့ရပါတယ်။

သင်နှင့်ကျွန်ုပ်သည်လည်း မိမိ၏​အောင်မြင်ခြင်း၊ အစွမ်းအစ၊ ရာထူး၊ စည်းစိမ်၊ အာဏာ စသဖြင့်သည် မိမိအစွမ်းအစ၊ မိမိ​တော်လွန်းလို့ တတ်လွန်းလို့ မဟုတ်ပဲ ​ကျေးဇူး​တော်ကိုမြင်တတ်ကာ ဘုရားသခင်ကိုသာ ချီးမွမ်းတတ်ဖို့ရာ သတိပြုကြစို့ရယ်။ မိမိဘုန်းအသ​ရေထင်ရှားဖို့ရန် မဟုတ်ပဲ ဘုရားသခင်ဘုန်း​တော်ထင်ရှား​စေခြင်းသာ ဖြစ်ပါ​စေ။

သုတ္တံကျမ်း ၂၁:၃၀-၃၁
ထာဝရဘုရားတစ်ဖက်၌ ဉာဏ်မတည်၊ ပညာမတည်၊ အကြံတစ်စုံတစ်ခုမျှ မတည်နိုင်။
စစ်တိုက်ရာကာလအဖို့ မြင်းများကို ပြင်ဆင်သော်လည်း၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။

ဘုရားသခင်၏ တစ်ဖက်တွင် ဥာဏ်ပညာ၊ အကြံအစည်၊ လူ့အစွမ်းအစ အစရှိသဖြင့် မည်သူတစ်ဦးတစ်​ယောက်မျှ မရပ်တည်နိုင်​ပေ။ ထိုအရာမှန်သမျှ ပြိုလဲပျက်စီးဖို့ရန်သာရှိသည်။ ဒီလိုပါပဲ စစ်တိုက်ခြင်းအတွက်ကို မြင်း၊ စစ်သူရဲ​တွေ စသဖြင့် အင်အား​တွေ၊ လက်နက် ပစ္စည်း​တွေကို ပြင်ဆင်ကြရပါတယ်၊ သို့​သော်လည်း ​စစ်ပွဲတစ်ပွဲ၏ ​အောင်နိုင်ခြင်း ရှုံးနိမ့်ခြင်းသည် ဘုရားသခင်၌သာတည်သည်။ ထိုအ​ဖြေသည် ဘုရားသခင်သာ ​ပေးစွမ်းနိုင်သည်။ ဒါ့​ကြောင့် မိမိသည် ထိုစစ်ပွဲအတွက်​တော့ လူအင်အား၊ လက်နက်အင်အား၊ စသဖြင့်​တော့ ပြင်ဆင်ရမည် ဖြစ်​သော်လည်း ဘုရားသခင်၌သာ အလုံးစုံမူတည်သည်ဟု နားလည်ရပါတယ်။

ဒါ့​ကြောင့် ကျွန်​တော်တို့ ယုံကြည်သူသည် ​လောကကြီးထဲမှာ အသက်ရှင်​နေခြင်းသည် ပြင်ဆင်ရမည်ဖြစ်​သော်လည်း အရာရာက​တော့ ဘုရားသခင်မပါလျှင် အဘယ်အရာမှ မတတ်နိုင်ပါ။ အချုပ်အားဖြင့်ဆိုရ​သော် ကျွန်​တော်က​တော့ ဒီလို ဝန်ခံလိုက်ချင်ပါတယ် ... ( ဘုရားသခင်မပါလျှင် လက်တစ်ဘက်​မြှောက်ဖို့ရန်​၊ ထိုင်ရာမှ ထဖို့ရန်​တောင်မှ အကျွန်ုပ်အလိုမရှိသလို အသက်တစ်ချက်မျှပင် မရှူချင်ပါ။ ) မိမိတို့၏ ပြင်ဆင်ခြင်း၊ ပြုလုပ်​နေခြင်း၊ ကြံစည်ခြင်း၊ တစ်ခုစီတိုင်းရှိ​နေ​သော်လည်း ​ကျေးဇူး​တော်​ကြောင့်သာ ချမ်းသာရပါ၏လို့ ဝန်ခံလျှက်၊ အကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်​တော်ထဲ၌ ငြိမ်ဝပ်လျှက်ရှိပါသည်ဟု အကြွင်းမဲ့လက်ခံ ယုံကြည်ကြပါတယ်လို့ ထပ်မံဝန်ခံလိုက်ပါ​တော့တယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next