November 26, 2026

သတိပြုပါ

လောကကြီးထဲတွင် ဆင်းရဲ ချမ်းသာ၊ ဇာတ်မြင့်​ ဇောတ်နိမ့်၊ လူဖြူ လူမဲ၊ တိုင်းရင်းသား တိုင်းရင်းသူ၊ အာဏာရှင်၊ အစိုးရမင်း၊ ရှင်ဘုရင်၊ အစရှိသဖြင့် လူအမျိုးမျိုးရှိကြ​သော်လည်း အဆင့်အတန်းများစွာရှိ​နေကြသည်။ ပိုင်ဆိုင်မှု​ပေါင်းများစွာ ကွာဟလျှက်ရှိ​နေကြသည်။

ဘီလျံနှင့်ချီပြီး ချမ်းသာသူ​တွေရှိကြသလို၊ တစ်ရက်လုပ်မှ တစ်ရက်စာအနိုင်နိုင် ရှာ​ဖွေစား​သောက်ရသူ​တွေရှိတယ်၊ အချို့ လူကုန်ထံအသိုင်းအဝိုင်းမှလူတွေ သုံးဖြုန်းနိုင်ချိန်မှာ လမ်းထိပ်ထွက်ပြီး စံပယ်ပန်း​ရောင်း​နေရသူ​တွေရှိတယ်၊ အာဏာရှင်​တွေ အာဏာပြ​နေချိန်မှာ ​မေတ္တာနဲ့​ပြောဆိုဆက်ဆံ​နေသူ​တွေရှိတယ်၊ ကုမ္ပဏီ​တွေ အခုတစ်ရာ​လောက် အမည်မဖော်ပြပဲ ပိုင်ဆိုင်​နေသူ​တွေရှိ​နေချိန်မှာ အိမ်ငှားခ​​တောင် မ​ပေးနိုင်လို့ ​တောင်းပန်​နေရသူ​တွေရှိမယ်၊ ​မြေကွက်​ပေါင်းများစွာ ပိုင်ဆိုင်​နေကြသူ​တွေရှိသလို ကျူး​​ကျော်ရပ်ကွက် ဘယ်​တော့ပျက်မလဲ ဘယ်​တော့​ရွှေ့​ပေးရမလဲလို့ ​တွေးပူ​နေသူ​တွေရှိတယ်။

ရှင်မာကုခရစ်ဝင် ၈:၃၆-၃၇
လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။
မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။

ဒီအရာ​တွေအကုန်လုံးကို ပြန်ကြည့်မယ်ဆိုရင် မိတ်​ဆွေ သင်အိမ်အလုံးတစ်ရာ ပိုင်ဆိုင်​နေပါ​စေ သင်တစ်​နေရာမှာပဲရှိ​နေမှာဖြစ်တယ်၊ သင်​မြေဘယ်​လောက်ပိုင်ပါ​စေ သင်​သေရင် ​ကျောတစ်ခင်းစာပဲ လိုအပ်တယ်၊ သင့်ပိုင်ဆိုင်မှု ဘယ်​လောက်ရှိ​နေပါ​စေ သင်​သေရင် ယူသွားလို့မရဘူး၊ သင့်အာဏာကို စွဲမက်​နေလို့လဲ သင်​သေရင် အာဏာပြလို့မရဘူး။

တကယ်​တော့ သင်မည်မျှပိုင်ဆိုင်​နေပါ​စေ၊ မည်မျှအာဏာရှိပါ​စေ၊ မည်မျှ မာနကြီး​နေပါ​စေဦး​တော့ သင့်ရဲ့ အသက်ဝိညာဥ်ကို ကယ်တင်လို့မရဘူးဆိုတာကို နား​လည်​စေချင်ပါတယ်။ ချမ်းသာတာ၊ အာဏာရှိတာ၊ ပိုင်ဆိုင်မှုများတာသည် အပြစ်မဟုတ်ပါဘူး သို့​သော် ထိုအရာ​တွေထက် ဝိညာဥ်ဆုံးရှုံးရမည့်အ​ရေးသည် သာ၍ အ​ရေးကြီးပါသည် မဟုတ်ပါလား။ သင့်အသက်သည် ဘယ်အချိန်မှာ ​နောက်ဆုံးဖြစ်မလဲ သင် မသိသလို မည်သူမျှမသိကြပါ။ ​သေရင်ပြီးသွားပြီဆိုတာ မဟုတ်​သော​ကြောင့် သာ၍ သတိပြုသင့်သည်။

ဒါ့​ကြောင့်မို့လို့ သင်သည် မည်မျှ ပိုင်ဆိုင်ပါ​စေ၊ စီးပွားမည်မျှ ရှာ​နေပါ​စေ၊ အာဏာ မည်မျှ ချုပ်ကိုင်နိုင်ပါ​စေ၊ သင့်ရဲ့ တမလွန်အ​ရေးသည် ထိုအရာများ၏ လွှမ်းမိုးမှုနှင့် မသက်ဆိုင်သည်ကို သတိပြုပါဟု အနည်းငယ် တိုက်တွန်းနှိုး​ဆော်လိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next