November 26, 2026

သက်​ရောက်မှု (Impact)

ငြိမ်သက်​နေတဲ့ ကန်​ရေပြင်ထဲကို ခဲတစ်လုံးကို ပစ်ချလိုက်တဲ့အခါမှာ ကျတဲ့​နေရာတင်မကပဲ ​ဘေးဘက်ကန်​ရေပြင် အတိုင်းအတာတစ်ခုအထိ ဂယက်ရိုက်သွားနိုင်သလို၊ ကျတဲ့​နေရာသာ ​ဖြစ်တာပါလို့ဆိုလို့မရဘူးလို့ နားလည်ရတယ်။ မယုံရင် စမ်းပစ်ကြည့်ကြပါလို့ ​ပြောချင်ပါတယ်။ ဘေးပတ်ပတ်လည်မှ ​ရေပြင်လည်း သက်​ရောက်မှုရှိတယ်၊ လှုပ်ခပ်သွားတယ်၊ ထိတဲ့​နေရာတင် မဟုတ်ဘူး၊ သက်​ရောက်မှုတစ်ခု ဆိုတာရှိတယ်ဆိုတာကို မြင်​တွေ့ရလိမ့်မယ်။ သက်​ရောက်မှုတစ်ခု (Impact) သည် မည်သို့ပင် ​ဝေး​နေပါ​စေ အနည်းနှင့်အများရှိ​နေသည်။

ဒီလိုဘဲ နိုင်ငံ​ရေးဆိုင်ရာကြည့်ရရင် အရင်​ခေတ် အဆက်ဆက်​တွေက ဘယ်လိုသက်​ရောက်မှုဖြစ်​စေခဲ့ကာမူ လူတိုင်းကို သက်​ရောက်​စေတယ်။ ဆိုကြပါစို့ အဘိုးအဘွား ကြုံခဲ့ရမယ်၊ သင်ကိုယ်တိုင် မကြုံရရင်​​တောင် သူတို့ရဲ့ ခံစားခဲ့ရတဲ့ သက်​ရောက်မှု တစ်ခု​တော့ရှိတယ်၊ တီဗွီမှာလာတဲ့ ကိုရီးယား ရုပ်ရှင်တစ်ခုကို ဥပမာကြည့်ရရင် နိုင်ငံ​ရေးလုပ်တဲ့ သူ​တွေရဲ့ ​ဆွေစဥ်မျိုးဆက် ဒုက္ခ​ရောက်​အောင် လုပ်ပြစ်တာမျိုး၊ က​လေး​တွေ မလုပ်ဘူးဆို​ပေမယ့် သူတို့​တွေမကြုံရ​ပေမယ့် ​နောက်ဆက်တွဲ သက်​ရောက်မှုတစ်ခုလို့ ဆိုကြပါစို့။ ဒီလိုပါဘဲ နိုင်ငံတိုင်းမှာဖြစ်တတ်တယ်၊ နာဇီ​တွေဆိုရင်လဲ အင်မတန်ဆိုးခဲ့တယ်၊ နပိုလီယံ၊ စသဖြင့် ဥပမာ​တွေရှိခဲ့တယ်။ လက်လွတ်စလွယ် သင်မခံစားရဘူးဆိုတာမျိုး မ​တွေးဘဲနဲ့ ပြန်လည် ချိတ်ဆက်ကြည့်ရရင် ​​ရှေ့မှ မည်သည့် သက်​ရောက်မှုမဆို ​နောက်မျိုးဆက်ကို သက်​ရောက်​စေတယ်။ ဒီသက်​ရောက်မှူ (Impact) သည် အ​ခြေအ​နေမည်သို့ဖြစ်​နေပါ​စေ၊ ကာလ​တွေမည်မျှကြာခဲ့ပါ​စေ၊ ​​ဆွေမျိုးသားခြင်း အသိမိတ်​ဆွေ မည်သို့ပင်ဝေး​နေပါ​စေ၊ ​ဖျက်ဆီးလို့မရ​အောင် သက်​ရောက်မှုသည် ရှိခဲ့တယ်ဆိုတာက​တော့ ​ဖျောက်ဖျက်လို့မရ​သော သမိုင်းတစ်ခုပင်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံသားတိုင်းနှင့် နိုင်ငံ​ရေးသည် သက်ဆိုင်​နေသည်။ ဒါက​တော့ ​လောက​ရေးရာ အ​ခြေခံနိုင်ငံ​ရေး သ​ဘောတစ်ခုပင်။

ရောမဩဝါဒစာ ၅:၁၅
သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်သဘောမတူ၊ အကြောင်းမူကား၊ လူတယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏ အကျိုးသည်လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။

တစ်​ယောက်​သောသူ၏ ပြစ်မှားခြင်း၊ မနာခံခြင်းမှသည် ​သေခြင်းတရားဝင်​ရောက်ခဲ့သလို၊ တစ်​ယောက်​သောသူ၏ နာခံခြင်းအားဖြင့် ထာဝရအသက်ကို ရရှိသည်။ ဒါသည်လဲ တစ်​ယောက်​သောသူ၏ သက်​ရောက်​စေ​သောအရာတစ်ခုပင်ဖြစ်​နေ​ပေသည်။ နိုင်ငံ​ရေးအလားမြင်ရမည်ဆိုလျှင် တိုင်းပြည်တစ်ခုမှာ ​ခေါင်း​ဆောင်တစ်​ယောက်၊ အဖွဲ့အစည်းတစ်ခု၏ မှားယွင်းမှုနှင့်​ကောင်းမွန်ခြင်းတစ်ခုစီတိုင်း၏ သက်​ရောက်မှုတစ်ခုစီတိုင်းသည် လူတိုင်းအ​ပေါ်သက်​ရောက်သလို ​ယေရှုခရစ်​တော်၏ ကယ်တင်ခြင်းသည် လူတိုင်းအ​ပေါ် သက်​ရောက်​စေသည်ဟု နားလည်​စေသည်။ 

နိုင်ငံ​ရေးသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သလို၊ ယုံကြည်သူတိုင်းနှင့် ​ဘုရားသခင်၏နိုင်ငံ​တော်အ​ရေးသည် သက်ဆိုင်သည်။ ယုံကြည်သူတိုင်းသည် နိုင်ငံ​တော်အတွက် တစ်​ထောင့်တစ်​နေရာမှ ပါဝင်လုပ်​ဆောင်ရမည်၊ ဧဝံ​ဂေလိသတင်းစကား ​​ဝေငှခြင်းအားဖြင့်​သော်၎င်း၊ အမျိုးမျိုး​သော အဖိုးအခများအားဖြင့်လည်း ပါဝင်သင့်​သည်ကို နားလည်ရပါတယ်။ 

အချုပ်အားဖြင့်ဆိုရလျှင် တစ်ဦး​တစ်​ယောက်၊ ပါတီ၊ အဖွဲ့အစည်း၊ အစိုးရ၊ ဘုရင် စသဖြင့်​တွေ၏ ဆိုးခြင်း​ကောင်းခြင်း တစ်ခုစီတိုင်းသည် လူတိုင်းအ​ပေါ်သို့သက်​ရောက်သည် (ထိုသူငယ်သည်ဖြစ်​စေ၊ မ​မွေး​သေးသည်ဖြစ်​စေ)၊ သမိုင်းကို​ဖျောက်လို့မရသလို၊ ဒီလိုဘဲ ​ယေရှုခရစ်​တော်၏ ကယ်တင်ခြင်း​ကျေးဇူး​တော်သည် ကမ္ဘာ​လောကသား တစ်ဦးတစ်​ယောက်စီတိုင်းအ​ပေါ်သို့ သက်​ရောက်​စေတယ်၊ တကယ်ကို ဟုတ်သလားဆို​သော အ​ထောက်အထားသမိုင်းများစွာဟာ ​တည်ရှိ​နေရုံမက​သေးဘဲ၊ လက်ရှိကျွန်ုပ်တို့ အသုံးပြု​နေ​သော ခုနှစ်(AD) ကိုကြည့်ခြင်းအားဖြင့် ထိုသမိုင်း​ကြောင်းကို ပြန်လည်မြင်​ယောင်​နေမိပါတယ်လို့မေတ္တာဖြင့်​ဖော်ပြလိုက်ပါတယ်။
AD (Anno Domini) လို့​ခေါ်​သော (In The Year Of The LORD) သခင်ဘုရား၏နှစ်များဟု အနီးစပ်ဆုံး ပြန်ဆိုရ​ပေမည်။ ဒီနှစ်တွင် လူတိုင်း၊ ဘယ်မှာ​နေ​နေ၊ သက်​ရောက်​နေသည်၊ သက်ဆိုင်​နေသည်။ ဒါ့​ကြောင့် လူသားတိုင်းသည် သခင်​ယေရှုခရစ်​​​တော်၏ ​ကယ်တင်ခြင်းကျေးဇူး​တော် ပြု​ပေးခဲ့ခြင်းသည် ​လောကီသားများ အားလုံး​အ​ပေါ်သို့ သက်​ရောက်​မှုရှိ​နေ​ပေ​​သော​ကြောင့် (Impact) သက်​ရောက်မှုဟု ရှု​ထောင့်တစ်မျိုးဖြင့် အဓိပ္ပါယ်တစ်ခုဖွင့်ဆိုလိုက်ပါ​တော့တယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next